မြို့နယ်အသီးသီးမှ ပြည်သူများ၏ စားနပ်ရိက္ခာ အခက်ခဲဆွေးနွေးရန် ဖိတ်ခေါ်ခြင်းအပေါ် သံသယဖြစ်ဖွယ်ရှိ

Friday, January 11, 20130 မှတ်ချက်

ပလက်ဝ၊ ဇန္န၀ါရီ ၁၁ — နိုင်ငံရပ်ခြားတွင် နေထိုင်၍ အမျိုးသားရေးလှုပ်ရှားသော ဦးအေဘီနှင့် ဒေါက်တာ ဆာဆာတို့မှ ချင်းပြည်နယ်အတွင်းရှိ မတူပီ၊ ပလက်ဝ၊ ထန်တလန်၊ ဆမီး၊ ရေဇွာမြို့နယ်ရှိ ပြည်သူများ၏စားနပ်ရိက္ခာအခက်ခဲအတွက် ၂၀၁၃ခုနှစ် ဇန္န၀ါရီလ ၁၅ ရက်နေ့ Health and Hope Society ခန်းမဆောင်၊ လိုင်လင်းပီတွင် ဆွေးနွေးပွဲတစ်ရပ်ကျင်းပမည်ဖြစ်၍ အဆိုပါမြို့နယ်အသီးသီးမှ ကိုယ်စားတော်များအား တက်ရောက်ကြရန် ၂၆.၁၂.၂၀၁၂နေ့စွဲဖြင့် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
ဖိတ်ကြားစာတွင်ဖော်ပြချက်အpt 1ရ အထက်ပါကိစ္စနှင့်ပါတ်သတ်၍လိုင်လင်းပီ Health and Hope လေ့လာရန် လန်ဒန်မြို့မှ Health and Hope ဥက္ကဋ္ဌအတွင်းရေးမှူးအဖွဲ့ဝင်(၃)ဦးတို့သည် ၂၀၁၂ခုနှစ်နိုဝင်ဘာလ(၂၄)ရက်တွင် လိုင်လင်းပီရွာသို့ရောက်ရှိလာပါသည်။ အထက်ဖော်ပြပါ မြို့နယ်(၃)ခုရှိပြည်သူများ၏စားနပ်ရိက္ခာခက်ခဲမှုများကို ရောက်ရှိလာသောပုဂ္ဂိုလ်များထံတင်ပြခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များမှစားနပ်ရိက္ခာခက်ခဲမှုစာရင်းအမှန်ကို ၂၀၁၃ခုနှစ်၊ ဇန်န္န၀ါရီလမကုန်မီတွင် အင်္ဂလန်နိုင်ငံသို့အရောက်ပို့ပေးရန်အကြောင်းကြားလာပါသည်။
သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ(၃)မြို့နယ်အတွင်းရှိကျေးရွာဥက္ကဋ္ဌတစ်ဦးနှင့်ဘာသာရေးခေါင်း
ဆောင်တစ်ဦးစီအစည်းအဝေးသို့မပျက်မကွက်တက်ရောက်ပါရန်မေတ္တာရပ်ခံပါကြောင်း ပါရှိသည်။
“အခုလိုဖိတ်ကြားတယ်ဆိုတော့ သွားသင့်မသွားသင့်ကိုတွေဝေနေတာပါ။ အရင်တုန်းကလည်း ကုလားတန်အထက်ပိုင်းတစ်ချို့ရွာက ရွာသားတွေတွေကို WFP ကစားနပ်ရိက္ခာပေးဝေမှာဖြစ်တဲ့အတွက် ဆိုပြီး လက်မှတ်ထိုးခိုင်းပါတယ်။ ရွာသားတွေကလည်း အဲဒီတုန်းက ကြွက်ဘေးဒါဏ်ကြောင့် စားဝတ်နေရေးမပြေလည်နိုင်တဲ့ ကပ်ဆိုက်ခဲ့တဲ့အတွက် လက်မှတ်တွေ ကြည်ကြည်ဖြူဖြူထိုးခဲ့ကြတယ်။ တကယ်လည်း ဆန်တွေပေးဝေပါတယ်။ ဒါပေမဲ့ အဲဒီလက်မှတ်တွေကို မတူတဲ့တခြားရည်ရွယ်ချက်အတွက်လည်း အသုံးပြုခဲ့တယ်ဆိုတာကို အတိအလင်း သိခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင် စာရွက်စာတမ်းတွေကို တွေ့မြင်ခဲ့တာပါ။ အချင်းချင်းစိတ်ဝမ်းကွဲစေမှာမလိုလားလို့ ဖွင့်မပြောတာ” ဟု ဆင်အိုးဝကျေးရွာသားတစ်ဦးမှ ခူမီးမီဒီယာသို့ ဖွင့်ဟပြောဆိုခဲ့သည်။
ယခုလည်း အလားတူစားနပ်ရိက္ခာအရေးနှင့်ပတ်သက်၍ ခေါ်ဖိတ်ခြင်းဖြစ်၍ ၎င်းအစီအစဉ်ကို သံသယ၀င်မိပါကြောင်း၊ ယခုကဲ့သို့ကူညီပေးခြင်းအပေါ် အထူးကျေးဇူးတင်ပါကြောင်း၊ သို့သော် မိမိတို့၏ယုံကြည်မှုအား အလွဲသုံးစားလုပ်မည်ကိုလည်း စိုးရိမ်ပါကြောင်း စသည်ဖြင့် ၎င်းကဆက်ပြောသည်။
အဆိုပါဖိတ်စာပါ မှတ်ချက်တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့မြင်ရသည်။
၁။ ဥက္ကဋ္ဌနှင့်ဘာသာရေးခေါင်းဆောင်မတတ်ရောက်နိုင်ပါက စိတ်ချရသောပညာတတ်တစ်ဦးစေလွှတ်ရန်။
၂။ ကျေးရွာအိမ်ခြေအိမ်ထောင်စုတစ်ခုစီ၏လူဦးရေစာရင်း၊အိမ်ထောင်စုတစ်ခုစီ၏ဆန်၊ပြောင်းဖူးရရှိမူမလုံ
လောက်မူအတွက်လိုအပ်မည့်စားနပ်ရိက္ခာစာရင်းတစ်ပါတည်းယူဆောင်လာရန်။ဖြည့်စွက်ရန်Formကိုပူးတွဲ
ထားပါသည်။
၃။ အစည်းအဝေးတတ်ရောက်ရန်ခရီးစရိတ်ကို မိမိအုပ်စုစီစဉ်မူဖြင့်တတ်ရောက်ရန်။
၎။ အထက်ဖော်ပြပါဘာသာရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂိုလ်များက ဖိတ်စာအချိန်မှီရောက်ရှိရေးဆောင်ရွက်
ပေးရန်။
၅။ ဖိတ်စာမလုံလောက်ခဲ့ပါက အထက်ဖော်ပြပါ ပုဂ္ဂိုလ်များက ဖိတ်စာလုံလောက်ရေးအတွက်ဆောင်ရွက်ပေး
ရန်။
၆။ ဖိတ်စာကို ဦးလှလာ၊ ဦးတင်လှ(လယ်ပြ၊ပလက်ဝမြို့)၊ဦးဘီးထောက်(ဆမီးမြို့)၊ဦးဇိုးဆွာ(ဘဏ်ရုံး၊မတူပီမြို့)၊
Rev.ပဲန်ဆွီး(ရေဇွာမြို့)၊LABC အတွင်းရေးမှူး(နှာရိန်)၊ZPBA အတွင်းရေးမှူး(ကြောင်တီးယား)လိပ်မူထားသော
ဘာသာရေးခေါင်းဆောင်များနှင့်အစည်းအဝေးခေါ်ယူပြီးဖိတ်စာဖြန့်ပါရန် အနူးအညွှတ်တောင်းပန်ပါသည်။
၇။ LABC နယ်မြေ၊ ZPBA နယ်မြေ၊ရှင်းလက်ဝအထက်ပိုင်းနယ်မြေ၊အောက်ပလိုင်ကျေးရွာ၊အထက်ပလိုင်ကျေး
ရွာ၊ကုလားတန်ကမ်းနားကျေးရွာများနှင့်ကုလားချောင်းထဲရှိကျေးရွာများ၊ဆမီးမြို့ခွဲအားလုံးကို အစည်းအဝေး
ခေါ်ဆောင်ရန်မလိုဘဲ ဦးဟောင်တူး၊ ဦးဘီးထောက်၊ ဦးအောင်သန်းစင်တို့မှ ယခုပေးပို့လိုက်သောစာများကို
တာဝန်ယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါသည်။
၈။ ပလက်ဝ၊ထန်တလန်၊မတူပီ(၃)မြို့နယ်အတွင်းရှိ မရာကျေးရွာအားလုံးကို Health and Hope Society
လိုင်လင်းပီမှ ဖိတ်စာဖြန့်ပြီးဖြစ်ပါသည်။
အဆိုပါအစီအစဉ်သို့ တက်ရောက်ရန် ဖိတ်ကြားထားသူများမှာ ကျေးရွာအုပ်စုဥက္ကဌနှင့် ကျေးရွာဘာသာရေးကောင်းဆောင်များဖြစ်ပြီး ၎င်းတို့အား အောက်ပါပုဂ္ဂိလ်များမှတဆင့် ဖိတ်ကြားထားခြင်းဖြစ်သည်။ LABC(နှာရိန်)၊ZPBA(ကြောင်တီးယား)၊MABC,MBA,CRC မတူပီမြို့၊ZBA မက်သဒစ်အသင်းတော်(ရေဇွာမြို့)နှစ်ခြင်းအသင်းတော်၊ မရာဧ၀ံဂေလိအသင်းတော်၊ EKKအသင်းတော်၊ ယုံကြည်သူများအသင်းတော်၊ပလက်ဝမြို့။ဦး လှလာ(သင်းထောက်လူကြီး)၊ ဦးတင်လှ(လယ်ပြ)ပလက်ဝမြို့၊ဦး အာမ်ဆိုင်း(ကျောင်းဆရာအငြိမ်းစား)၊ ဦး လျန်ထန်း(မြို့မိမြို့ဖ ဥက္ကဋ္ဌ)၊ ဦးဇိုးဆွာ(လက်ထောက်ဘဏ်မန်နေဂျာ)၊ ဦးနေလောင်း(ENDPဥက္ကဋ္ဌ)၊မတူပီမြို့၊Rev.ပဲန်ဆွီး(ရေဇွာဧရိယာပါစတာ)၊Rev.ရေဘွေး(မက်သဒစ်ပါစတာ)၊ရေဇွာမြို့၊ ဦး ဘီးထောက်(MEC သင်းထောက်လူကြီး)၊ဆမီးမြို့။ဦး အောင်သန်းစင်(အုပ်ချုပ်ရေးမှူး၊ထရွန်အိုင်)၊ဆရာ
ဟောင်တူး(လယ်ပြရှင်းလက်ဝ)။
ဖိတ်စာ၏အောက်တွင် လေးစားစွာဖြင့်ဟု ရေးသား၍ ဖိတ်ကြားသူ မရာချင်းမျိုးနွယ်စုဝင် ဦးအေဘီ နှင့် ဒေါက်တာ ဆာဆာများမှ လက်မှတ်အသီးသီးထိုးထားသည်ကိုလည်းတွေ့ရသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger