U Nang Sai |
ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ကိုနန်းဆိုက်အား ၁၉.၂.၂၀၁၂ နေ့ညနေပိုင်းတွင်
ပလက်ဝမြို့နယ်လူမှုရေးအသင်းတိုက် တွင်တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။
မေး။ ။ ကိုနန်းဆိုက် အခုလွတ်တော်မှာ ဘယ်ကဏ္ဍကနေပါဝင်တာဝန်ထမ်းဆောင်နေပါသလဲ။
ဖြေ။ ။ ကျွန်တော်ချင်းပြည်နယ်လွတ်တော်မှာ တိုင်းရင်းသား
လူမျိုးများအရေးဆိုင်ရာကော်မတီရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်
မေး။ ။ အစ်ကိုရဲ့ဇာတိနှင့် မိဘတွေကိုပြောပေးပါလား။
ဖြေ။ ။ ရိက္ခာရပ်ကွက်၊ ပလက်ဝမြို့ပါ။ အဖေကတော့ ဦးပိုက်လင်း၊ ယခုပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အမေကတော့ ဒေါ်ကိုးလုံး (ကုန်သည်) ဖြစ်ပါတယ်။
မေး။ ။ အရင်က လုပ်ခဲ့ဖူးတဲ့တာဝန်နှင့် အလုပ်အကိုင်ကိုပြောပေးပါအုံး။
ဖြေ။ ။ အ.လ.က၊အ.ထ.က ကျောင်းသားတုန်းက အင်္ဂလီကန်လူငယ်များအသင်း(၀က္ကူးသောင်) မှာအတွင်းရေးမှူး၊ တက္ကသိုလ်တုန်းကကျောင်းမှာ EC၊ ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူးကော်မတီ(တက္ကသိုလ်များ-ရန်ကုန်)ရဲ့ အထွေတွေအတွင်းရေးမှူး၊ ဗဟိုခစယ တည်ထောင်သူများတွင် တစ်ဦးအပါအ၀င်၊ ပလက်ဝမြို့နယ်လူမှုရေးအသင်း(ရန်ကုန်) ရဲ့ယဉ်ကျေးမှုကော်မတီတွင် အတွင်းရေးမှူး အဖြစ်ပါဝင်လှုပ်ရှားခဲ့ဖူးပါတယ်။
မေး။ ။ ချင်းပြည်နယ်တစ်ခုလုံးမှာ ပလက်ဝမြို့နယ်ဟာအဆင်းရဲဆုံးဖြစ်တယ်ဆိုတာ တကယ်ပဲလား။
ဖြေ။ ။ တကယ်ပါပဲ။မေး။ ။ မကြာသေးခင်ကပဲ ပြည်နယ်ဝန်ကြီးတွေ ပလက်ဝနယ်ကိုကွင်းဆင်းလေ့လာတယ်လို့ ကြားတယ်။ ဘာစီမံကိန်းတွေနှင့် ခူမီးဒေသအတွက် ဘာတွေချပေးမယ်လို့ သိရပါသလဲ။
ဖြေ။ ။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီး (၃)ဦးပါ။ စီမံကိန်းတွေချပေးတာတော့ မရှိသေးဘူး။ ဒေသဖွံဖြိုးရေးအနေနဲ့တော့ အသေးစားရေအားလျှပ်စစ်၊ကျောင်း၊ဆေးပေးခန်းအဆောက်အဦး တည်ဆောက်ဖို့ရန်အတွက် ကျပ်သိန်းပေါင်း (၈၀၀၀) P-ခန့် ချပေးတယ်လို့သိရတယ်။
မေး။ ။ခူမီးဒေသတိုးတက်ရေးအတွက် ဘယ်သူတွေမှာ တာဝန်အရှိဆုံးလို့ခံယူပါသလဲ။
ဖြေ။ ။ခူမီးဒေသတိုးတက်ရေးအတွက်ဆိုတာထက် ပလက်ဝမြို့နယ်တိုးတက်ရေးအတွက်ဆိုတာ ပြောချင်ပါတယ်။ ဒေသခံပြည်သူတွေမှာ တာဝန်အရှိဆုံးလို့ခံယူပါတယ်။
မေး။ ။ဘာလို့လဲ
ဖြေ။ ။ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ခေတ် ရောက်နေပြီလေ၊ ဒီမိုကရေစီစနစ်မှာပြည်သူတွေမပါဘဲ ဘာမှလုပ်လို့မရပါဘူး။ အဲဒါကြောင့်ပါ။
မေး။ ။ လူမျိုးတိုးတက်ရေးအတွက် ဘာတွေလုပ်သင့်သလဲ။
ဖြေ။ ။ လူမျိုးတိုးတက်ရေးအတွက် စာပေ၊ယဉ်ကျေးမှုမြှင့်မားဖို့လိုပါတယ်။ စာပေ၊ယဉ်ကျေးမှုမြှင့်မားရန်အတွက် တိုင်းရင်းသားလူမျိုးများရဲ့စာပေနှင့်ယဉ်ကျေးမှုအခန်းကဏ္ဍကို လွတ်တော်မှာ ဥပဒေပြုနိုင်ဖို့ အရေးကြီးပါတယ်။
မေး။ ။အကို့အနေနဲ့ ကိုယ့်လူမျိုးနှင့်ဒေသအတွက်ဘယ်လို့ အကောင်းဆုံးဆောင်ရွက်သွားဖို့ ရည်ရွယ်ပါသလဲ။
ဖြေ။ ။ အကောင်းဆုံးဆောင်ရွက်သွားဖို့ဆိုတဲ့နေရာမှာ လုပ်စရာတွေများလွန်းလို့ ပြောဖို့အချိန်မတန်သေးပါဘူး ပြောချင်တယ်။
မေး။ ။ ခူမီးလူမျိုးအတွက် ပြောစရာ စကားရှိခဲ့ရင်
ဖြေ။ ။ မျိုးချစ်စိတ်ရှိကြပါလို့ မှာချင်ပါတယ်။
မေး။ ။ Khumi Media Group အပေါ် အကို့ရဲ့အမြင်လည်းပြောပြပါအုံး။
ဖြေ။ ။ ကျွန်တော်တို့ခူမီး(ချင်း) လူမျိုးများရဲ့ Media တစ်ခုရှိပြီဆိုတော့ ၀မ်းသာပါတယ်။ ရှိသင့်တာလည်းကြာပါပြီ။ Media ရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။
မေး။ ။ လိပ်စာလေးတစ်ချက်လောက်ပြောပြပါအုံး။
ဖြေ။ ။ ကျွန်တော့ကိုဆက်သွယ်ချင်ရင် ဦးနန်းဆိုက် ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၊ ဒလက်မေရွာ၊ ပလက်ဝမြို့နယ်။
မေး။ ။အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ။ ။ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။မေးမြန်းတွေ့ဆုံသူ – အိုက်ပီတာလွယ်လူး
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။