မှာသတိရမိရုံသာ ရှိပြီး လက်တွေ့ကျင့်ကြံအားထုတ်မှု မရှိသည့်အတွက် စာရေးရန်လွန်စွာအားနည်းချက်ရှိ
သည့်အတွက် စာရေးရန်စိတ်ကူးမှုမရှိပါကြောင်း ၀န်ခံလိုပါ၏။ သို့သော်မဂ္ဂဇင်းဖြစ်မြောက်ဖို့အတွက် တာဝန်
တစ်ခုကြောင့် မရဲမ၀ံ့ရေးခြစ်လိုက်ခြင်းဖြစ်သည်။
ခူမီးစာပေကို ၁၉၂၃ခုနှစ် ၊ ဧပြီလတွင်ရောမအက္ခရာဖြင့်စတင်ပြုစုခဲ့ပါသည်။ တဖန် ၁၉၃၉ခုနှစ် ၊ မတ်လတွင်
ပြန်လည်ဖြည့်ဆည်းပြုပြင်ခဲ့ရာ ယနေ့အထိ အသုံးပြုလျှက်ရှိပါသည်။ ခူမီးစာပေသည် နှစ်ကာလသက်တမ်းအား
ဖြင့် ( ၆၄ ) နှစ်ကျော်ရှိပြီးဖြစ်ပါသည်။ နှစ်ကာလအားဖြင့်သာကြာမြင့်ခဲ့သော်လည်း ဖွံ့ဖြိုးရှင်သန်မှု မခိုင့်တခိုင်
သာရှိသေးသည်။ နှစ်ကာလဆန်းသစ်လာသည်နှင့်အမျှ စာပေဖွံ့ဖြိုးတိုးတက်မည့်အစာ ၊ မပီဝိုးတ၀ါးဖြစ်ခဲ့သည်။
ခူမီးစာပေကို လူနည်းစုအချို့ ခူမီး (ချင်း) များကိုယ်တိုင် ခရစ်ယာန်စာပေသာဖြစ်သည်ဟူသော ကျဉ်းမြောင်း
သောအမြင်များဖြင့် ရှုမြင်သုံးသပ်သူများလည်း ရှိကောင်းရှိနိုင်ပေသည်။ ထို့ကြောင့် ခူမီးစာပေနှင့်ပတ်သက်၍
ရှင်းလင်းရေးသားရန် လိုအပ်လာပါသည်။ ပြည့်စုံလုံလောက်စွာ မတင်ပြနိုင်သော်လည်း အကောင်းမြင် ၊ အပြု
သဘောဖြင့် ရှုမြင်ပေးဖို့အရေးကြီးပေသည်။
ပလက်ဝမြို့နယ်တွင် ရပ်ကွက် ၊ ကျေးရွာအုပ်စု (၁၀၀) ရှိပြီး ကျေးရွာပေါင်း (၄၀၀) ကျော်ရှိပါသည်။ ကျေးရွာ
ပေါင်း (၄၀၀)ကျော်မှာ ခူမီးလူမျိုးတို့၏အမျိုးအစိုင် (Tribe) များအသီးသီးရာပြွမ်းစွာနေထိုင်လျှက်ရှိပါသည်။
အမျိုးအစိုင်များရောပြွမ်းစွာနေထိုင်သည့်အလျောက်
ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ နတ်ဘာသာများစသည်ဖြင့် မိမိတို့သက်ဝင်ရာကိုးကွယ် ယုံကြည်မှုနှင့်နေထိုင်ခဲ့ကြပေသည်။ အလားတူအခြားတိုင်းရင်းသားများလည်း
ရှေးယခင်ကတည်းက ရောပြွမ်းနေထိုင်ခဲ့ကြပြီး တိုင်းရင်းသား ညီရင်းအစ်ကိုစိတ်ဓာတ် ၊
ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ချစ်ခင်ရင်းနှီးစွာ အတူလက်တွဲနေထိုင်ခဲ့ပေသည်။ ဒေသစွဲ ၊ လူမျိုးစွဲစိတ်ဓါတ်မရှိဘဲ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းတူဆိုးဖက် ၊ တစ်မိတည်း ၊ တစ်ဖတည်း ဆွေမျိုးရင်ချာ တစ်စိတ်တစ်ဝမ်းတည်းသာရှိနေကြပေသည်။
ခူမီးတိုင်းရင်းသားများ၏ အမျိုးအစိုင်များသည်လည်း ကျေးရွာများတွင် ရောပြွမ်းနေထိုင်ကြသကဲ့သို့ဘာသာ
ရေးဖက်တွင် အမျိုးအစိုင်အသီးသီးက နှစ်သက်ယုံကြည်ရာဖြင့် ရောပြွမ်းယုံကြည်ကိုးကွယ်ခဲ့ကြပေသည်။
အမျိုးအစိုင် (Tribe) ဆိုသည်မှာ တစ်မိတည်းဖွားဆင်သက်သော ဆွေမျိုးရင်းချာများဖြစ်ပေသည်။ ထို့ကြောင့် စာပေကိုဖော်ထုတ်ရေးသားသူများသည် အမျိုးအစိုင်ထဲမှ လူများသာဖြစ်သည့်အတွက် ကျွန်တော်တို့၏ညီအစ်ကို ၊ ဘိုးဘွားများသာလျှင်ဖြစ်ပေသည်။ ထို့ကြောင့် ကျေးရွာများ ၊ ဘာသာရေးဂိုဏ်းဂဏများကို အမျိုးအစိုင်အလိုက်ဘာသာရေးအလိုက်ခွဲခြား၍မရနိုင်ပေ။
အမျိုးခြား ၊ ဘာသာခြားဟူ၍ ခွဲခြားရှုမြင်၍ မရနိုင်ပေ။ ဆွေမျိုးဆိုသည်မှာ မခေါ်ချင်၍ရသော်လည်းမတော်
ချင်၍ မရနိုင်ကြောင်း လေ့လာမှတ်သားဖူးပါသည်။ ထို့ကြောင့် ခူမီးစာပေကို မသင်ကြား၍ရသော်လည်းအမျိုးခြား ၊ အစိုင်ခြာ ၊ ဘာသာရေးစာပေသာဖြစ်ကြောင်း ၊ ကျွန်တော်တို့နှင့်မသက်ဆိုင်ကြောင်း ခံယူ၍မရနိုင်ပေ။ မိမိတို့၏စာပေ မားမားမတ်မတ်ရှိနေပြီဖြစ်သည့်အတွက် စာပေဖွံ့ဖြိုးရှင်သန်ရန်သာ ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ အချို့စာပေသည်လည်း လူတစ်ဦး ၊ လူတစ်စုက တီထွင်ရေးသားဖော်ထုတ်ခြင်း
သာဖြစ်ကြောင်းကို ဖတ်မှတ်လေ့လာခဲ့ဖူးပါ၏။ မည်သို့ပင်ဖြင်စေ ပုဂ္ဂိုလ်ရေးစာပေ ၊ အသင်းအဖွဲ့၏စာပေ
ဟူ၍ သေးသိမ်သော စဉ်းစားစိတ်ကူးမှုများရှိခဲ့မည်မထင်ပေ ။ ညံ့ဖျင်းသောအယူအဆ ၊ အတွေးအမြင်
မရှိသည့်အတွက်စာပေမြင့်မား၍ လူမျိုးတင့်တယ်နေကြသည်မဟုတ်လား။
ယနေ့မြန်မာစာပေသည်လည်း ပါဋ္ဌိ ၊ သက္ကဌမှဆင်းသက်လာခြင်းဖြစ်ပါသည်။ ၎င်းပါဋ္ဌိ ၊ သက္ကဌဘာသာ
ရပ်မှာ အိန္ဒိယမှဆင်းသက်လာခြင်းဖြစ်ပေသည်။ ပါဋ္ဌိ ၊ သက္ကဌ ၊ ဘာသာကို မြန်မာမူဖြင့်ဆီလျော်အောင်
အသုံးပြုခြင်းဖြစ်ပေသည်။ ထိုနည်းတူ ရောမအက္ခရာဖြင့် ခူမီးဘာသာစကားနှင့်ဆီလျော်အောင် စာပေ
ပြုစုနေကြသကဲ့သို့ အချို့နိုင်ငံများတွင်လည်း အလားတူစာပေပြုစုခဲ့ခြင်းဖြစ်ကြောင်း သိမြင်လေ့လာနိုင်ပေ
သည်။
စာဆိုသည်မှာ စကား၏သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စနစ်တကျစီစဉ်ရေးသား
ထားသောအမှတ်သားဖြစ်ပေသည်။ တဖန် စာပေဟူသည် ကောင်းစွာအသုံးပြုထားသော ဘာသာစကားဖြစ်သည်ဟုသိရှိလေ့လာမိပါသည်။ ယခု (ခူမီး) ချင်းတို့၏စာပေသည် မိမိတို့၏ဘာသာစကားကို အထိအရောက်ဆုံး ဖော်ညွှန်းပေးနိုင်သည့် တစ်ခုတည်းသော စာပေပင်ဖြစ်ပေသည်။ အသစ်တဖန် တီထွင်ရေးသားပြုစုရန်ကားလွယ်အံ့မထင်ပေ။ ရှိရင်းစွဲစာပေကို ဖွံ့ဖြိုးရှင်သန်စေရေးသည် ကျွန်တော်တို့အားလုံး၏ အဓိကကျသောအမျိုး
သားရေးတာဝန်ပင်ဖြစ်ပေသည်။ အဘယ်ကြောင့်နည်းဟူမူကား ၊ စာပေသည်လူမျိုး၏အသက်ဖြစ်၏။ စာပေပျောက်လျှင် လူမျိုးလည်းပျောက်ကွယ်တတ်၏။ ရေမြင့်ကြာတင့်ဆိုသလို စာပေမြင့်မှလူမျိုးတင့်၏။ ထို့အပြင်စာပေသည် နိုင်ငံနှင့်လူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကိုဖော်ညွှန်းပြဆိုသော စံပြအညွှန်းလည်းဖြစ်၏။လူမျိုးနွယ်များ၏ အမျိုး ၊ ဘာသာ ၊ သာသနာယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးတမ်းစဉ်လာများကို မိမိတို့အားဖြင့်မှတ်ကျောက်တင် ရေးသားပြုစုနိုင်မှသာလျှင် အခြားသာစာပေတို့ဖြင့် ဖော်ထုတ်တင်ပြနိုင်မည်သာဖြစ်ပေသည်။
မြန်မာ့စွယ်စုံကျမ်းအတွဲ(၃) စာမျက်နှာ (၃၉၈)တွင် အချို့ဘာသာစကားများတွင် ရှေးရှေးအခါက စာဟူ၍
မပေါ်ပေါက်သေးသော်လည်း သီချင်းများ ၊ ကဗျာ လကာင်္များကိုဖွဲ့နွဲ့သီကုံးကာ စပ်ဆိုမှုပြုကြသည်။ ယင်းသီချင်းကဗျာများကို ကြားနာရသူများက စိတ်တွင်မှတ်သား၍ ပြန်လည်ရွတ်ဆိုခြင်းဖြင့်တစ်ဆင့်ကတစ်ဆင့်လက်ကမ်း
သကဲ့သို့ကာလရှည်မြင့်စွာမှတ်မိကာ မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြသည်။ သို့သော် မှတ်ဥာဏ်နှင့်စကားသံတွင်သာ အခြေတည်ထားသော အဖွဲ့နွဲ့များမှ သုခမအဂါင်္ပြည့်စုံစေကာမူ စာပေဟုခေါ်နိုင်မည်မဟုတ်ပဟူ၍ဖော်ပြထားသည်။ ကဗျာလကာင်္တီထွင်မှတ်ရာတွင် လက်ဆင့်ကမ်းနိုင်မည်ဆိုသော်လည်း ယခုခေတ်ကြီးတွင်စာပေမရှိလျှင်ကား လွယ်အံ့မထင်ပေ။
စာပေမရှိသောလူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင်မရှိတော့ချေ။ သာဓကကြည့်
လျှင် ကျွန်တော်တို့နိုင်ငံတွင် မြန်မာသမိုင်း၏ စောစောပိုင်းတွင်ပူုလူမျိုး ၊ ပျူယဉ်ကျေးမှုမြင့်မားခဲ့ပေ၏။
သို့သော် ယနေ့ခေတ်တွင် ပျူလူမျိုးပျောက်ကွယ်ရခြင်းမှာ ပျူစာပေပျောက်ခဲ့၍ဖြစ်သလို ပျူစာပေပျောက်ကွယ်ရခြင်းမှာလည်း ပျူစာပေကိုထိန်းသိမ်းစောင့်ရှောက်မှု ၊ လက်ဆင့်ကမ်းဖြန့်ဝေမှု အားနည်းခဲ့ခြင်းကြောင့်ဖြစ်ချေသည်။ ထို့ကြောင့်ခူမီး (ချင်း) စာပေကိုသင်ကြားမှုအားနည်းခြင်း ၊ ပေါ့ပေါ့နေ ၊ ပေါ့ပေါ့တွေး၍မရနိုင်တော့ပေ။ကြိုးပမ်းအားထုတ်ရတော့မည်။
စာပေသည် လူမျိုး၏အသက်ပင်ဖြစ်သည့်အတွက် စာပေပျောက်ကွယ်လျှင် လူမျိုးလည်းပျောက်ကွယ်သွား
ပေမည်။ ထို့ကြောင့်ခူမီး (ချင်း)စာပေမပျောက်ကွယ်ရလေအောင် ခူမီး(ချင်း) တိုင်းရင်းသားတို့၏ မာန်မာနနှင့် အားကိုတည်ဆောက်ရမည်။ မာန်ဆိုသည်မှာ မာနကိုကိုယ်စားပြုသုံးစွဲလေ့ရှိပါသည်။ စာပေရှင်သန်ဖွံ့ဖြိုးရန်အတွက် ရှက်စိတ် ၊ ကြောက်စိတ်ရှိနေသေးမည့်အား ခူမီး (ချင်း) စာပေဟုကြုံးဝါးရဲသည့်စာပေမာနကိုဖော်ပြရပါမည်။
မာန်ကိုရအောင် အားကိုတည်ဆောက်ရပေမည်။ တစ်ယောက်ချင်းအားမှသည် တစ်မျိုးသားလုံးကိုတည်
ဆောက်ရမည်။ သို့မှသာ စာပေအားကိုရရှိပေမည်။ ထို့ကြောင့် မိမိတို့စာပေဖွံ့ဖြိုးရှင်သန်ရန်အတွက် ပြုစုပျိုး
ထောင်မှုကိုမည်သူ၏တိုက်တွန်းမှုကိုမှ စောင့်မနေအပ်ပေ။ အမျိုးသားစာပေမာန်အတွက် အမျိုးသားရေး
စာပေအားကို တစ်နေ့တည်း ၊ တစ်လတည်း ၊ တစ်နှစ်တည်းသာ တည်ဆောက်ခြင်းမျိုး မဟုတ်ဘဲဆွေစဉ်
ဆက် အစဉ်တည်ဆောက်ရမည်ဖြစ်ပါသည်။
+ မှတ်ချက် + 2 မှတ်ချက်
ဒီစာကို ဖတ်ရတာတကယ်ကို အားရမိတယ်
ဟုတ်တယ်ကျနော်တို့ခူမီးတွေက ဘာသာရေးခွဲခြားတတ်တဲ့ စိတ်ဓါတ်တွေကို ပြုပြင်သင့်ပြီ
အစိုင်တွေ ဘာသာရေးတွေကိုဘေးဖယ်ပြီး ခူမီးမြေအတွက် အားလုံြးိကိုးပန်းဆောင်ရွက်ရင်
တချိန်မှာ ကျနော်တို့ခူမီးမြို့တော်ကြီး ထွန်းတောက်လာမည်မှာ အမှန်ပင်...
ဒီစာကို ဖတ်ရတာတကယ်ကို အားရမိတယ်
အစိုင် ဘာသာကိုမခွဲခြားပဲ ခူမီးမြို့တော်အတွက်
အားလုံးတလုံးတဝတည်း တက်ညီလက်ညီ ဆောင်ရွက်ရင် မကြာခင်မျှော်လင့်တဲ့ ပန်းတိုင်ကို
ရောက်မည်မှာ အသေချာပင်..
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။