အမေ့အိမ်ကလေး

Tuesday, July 10, 20120 မှတ်ချက်


အမေပြောဖူးတယ် ကျတော့်ကိုမွေးတုန်းက အမေသေလုမတက်ဖြစ်ခဲ့ရတယ်တဲ့။ မွေးပြီးအချင်းမကျနိုင်လို့ ၃/၄ရက်လောက် အမေဝေဒနာခံစားခဲ့ရတယ်။ မြို့နဲအတော်ဝေးလံတဲ့ ဘင်္ဂလားဒေ့ နယ်စပ်က ရွာတစ်ရွာမှာ ဆရာဝန်ဆိုတာမပြောနဲ့ ဆေးဆိုလို့သစ်မြှစ်တွေကလွဲရင် ပါရာတို့၊ ဘာမီတွန်တို့တောင်မသိတဲ့ သူတွေအများကြီးပဲ။ အဲဒီအချိန်က မိဘတွေဟာ နတ်ကို ကိုးကွယ်ပသ ကြပါတယ်။ အမေအသည်းအသန်ဖြစ်နေတဲ့ကြားထဲက အဖေဟာ အမေ့အနားမှာ နေဖော်မရခဲ့ပါဘူး။ နတ်ဆရာပြောတဲ့ ကြက်ဖဖြူကြီးကိုရှာရင်း ရွာလည်နေတာပေါ့။

လူတွေကသေပြီ လို့ထင်ကြေးပေးတဲ့ကြားထဲက မိခင်မဲ့ဘ၀ကိုမရောက်စေချင်တဲ့အမေဟာ သားအတွက်အားတင်းထားရင်း အသက်ဆက်လက် ရှင်သန်ဖို့အစွမ်းကုန်ကြိုးစားခဲ့တယ်။ အမေခက်ခဲစွာအောင်မြင်ခဲ့ပါတယ်။ အမေ့ရဲ့ဒုက္ခကိုကျတော် မမြင်ခဲ့ရတော့.. ဒီအကြောင်းကိုခဏခဏပြောတတ်တဲ့အမေကို “အော်..အမေကလည်း ဒီအကြောင်းပဲပြောစရာရှိတာကျနေတာပဲ.. ဗဟုသုတရစရာတစ်ခုမှမရှိပဲနဲ့…”။လို့ပြန်ပြောခဲ့တယ်။ ကျတော်မွေးပြီးနို့ရည်ကောင်းကောင်း မထွက်လို့အမေ
ဒုက္ခလှလှရောက်သေးတယ်တဲ့။ ကျောင်းနေအရွယ်ရောက်တော့ မရှိမဲ့ရှိမဲ့ထဲကလူ့ဘောင်ဝင်ဆံ့အောင် ကျောင်းထားတယ်။ အဖေမရှိတော့တဲ့နောက်..အမေကထမင်းနပ်မှန်အောင် ရှာကျွေးပါတယ်။ ကျောင်းတက်တော့ လူတွေက တဲစုတ်အိမ်က မုဆိုးမရဲ့သား..မခင်ချင် မပေါင်းချင်..။ ကြာလာတော့..အမေ့ကြောင့်ကျတော် မျက်နှာငယ်ရတာ.. သူများလိုအိမ်ကောင်းယာကောင်းနဲ့ နေချင်တယ်.. ဒီလိုတဲစုတ်စုတ်အိမ်မှာမနေချင်တော့ဘူး..။ လို့အမေ့ကိုဖွင့်ပြောခဲ့တယ်..။ အဲဒီနောက်အမေဟာ နှစ်ဆကြိုးစားပြီး အလုပ်လုပ်ခဲ့တာကို အခုမှသတိရမိပါတယ်..။ အမေရဲ့ကျေးဇူးကြောင့် ကျတော်လူ့ဘောင်ဝင်ဆံ့ရပြီ။ ကျတော်နပ်မှန်ရေးအတွက် အမေထမင်းအငတ်ခံခဲ့ရတာလည်း ကျတော်အသိပဲ။ အမေ့ကိုယ်ပေါ်က အသားမာတွေ၊ အမာရွက်တွေက ကျတော့ဘ၀အတွက် ပေးဆပ်ရုန်းကန်ရင်းရခဲ့တဲ့ အရာတွေ။ အခုတော့ ဟိုအဝေးရန်ကုန်မြို့ပေါ်က company တစ်ခုမှာ ကျတော်အလုပ်ရပြီး အမေ့ကိုပံ့ပို့နိုင်ခဲ့တယ်။ ရန်ကုန်မြို့မှာသင်စရာ၊ လေ့လာစရာတွေပေါသီနေပေမဲ့ သူမနဲ့မတွေ့ခင်တုန်းကတော့ အမေနဲ့ဝေးတဲ့ရန်ကုန်မြို့ဟာ ကျတော့အတွက် အထီးကျန်ဆန်တဲ့ ကမ္ဘာကလေးရယ်ပါ။ အမေ့ကိုလွမ်းရင်းအိပ်မရတဲ့ညတွေများခဲ့တယ်။ ရန်ကုန်မှာအမေနဲ့အတူနေခွင့်ရဖို့ ဆုတောင်းခဲ့တယ်။ အမေနဲ့ဝေးတဲ့နေရာရောက်မှ အမေ့ရင်ခွင်ဟာ အနွေးထွေးဆုံးဆိုတာ သိလာရတယ်။ အမေ့ကိုလွမ်းတဲ့ကဗျာတွေ ရေးခဲ့တယ်။ ထူးအိမ်သင်ရဲ့အမေသီချင်းခွေကို ညတိုင်း နားထောင်ရင်း အမေ့ကိုလွမ်းတဲ့ အလွမ်းသမုဒ္ဒရာထဲ နစ်မျှောမိခဲ့တယ်။။

အချိန်တွေ၊ လတွေကြာလာတဲ့နောက် ချစ်သူရခဲ့တယ်။ သိပ်ချစ်လှပါတယ် ဆိုတဲ့ကျတော့ချစ်သူက မင်္ဂလာဆောင်ပြီးရင်လည်း ကျတော့်အမေနဲ့ ကျတော့်ပိုင်ဆိုင်မှု တဲစုတ်ကလေးရှိတဲ့နေရာမှာ မနေချင်ဘူး.. ချစ်သူနှစ်ယောက် ရန်ကုန်မှာပဲ အခြေချမယ်..ဘာလေးပြောလာတယ်။ ရည်းစားကပြောတဲ့ ဒီလိုအိမ်စုတ်စုတ်နှင့်အမေအိုမုဆိုးမနဲ့ အတူမနေချင်ဘူးဆိုတဲ့ စကားလုံးကြောင့် စဉ်းစားစရာတွေရလာပါတယ်..။ အချစ်နဲ့အမေဘယ်သူ့ကိုရွေးမလဲ?? အမေကိုပဲရွေးမှာပေါ့..။ အမေက အစားထိုးလို့မရတဲ့အရာ ရည်းစားဆိုတာ သဘောထားချင်းမတိုက်ဆိုင်ရင် ဝေးသွားနိုင်တာပဲ။ ဒါပေမဲ့ ကျတော့်ရည်းစားက လုံးဝအလျှောမပေး..။ မကြာခင်မှာပဲ သူမရဲ့အဖေလေဖြတ်ခံလိုက်ရတယ်..။သူမအမေ နှလုံးရောဂါကြောင့် ဆေးရုံခဏခဏပြေးနေရတဲ့ အခြေအနေကိုမထင်မှတ်ပဲ ရောက်လာခဲ့တယ်။ ကျတော့်ကို အရင်ကထက် ပိုအားကိုးလာရပါပြီ..။ သူမရဲ့အချစ်၊ ယုယမှုတွေကို ပိုရလာမိတယ်။ ဒီတော့ အချစ်ရည်လူးသွားတဲ့ ကျတော့်နှလုံးသားဟာ တဖြည်းဖြည်းနဲ့အမေ့ဆီကနေ ဝေးလာပါတော့တယ်..။

ဇနီးချောလေးရဲ့ အကြင်နာတွေပေးတဲ့အရိပ်အောက်မှာ မကြာသေးခင်က ယောက္ခမတွေ ချန်ပေးခဲ့တဲ့ အမွှေတွေဖြစ်တဲ့ တိုက်ခန်းရယ်၊ ဟမ်းဖုန်းရယ်၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုရယ်နဲ့ အလုပ်ကိုရှုပ်နေတော့တာပဲ..။ တစ်နေ့တခြားအောင်မြင်မှုတွေရလာခဲ့တယ်..။ လုပ်ငန်းအသစ်တွေ တိုးချဲလုပ်ကိုင်ရင်း ဥပုပ်နေ့ တနင်္ဂနွေနေ့မှာတောင် ဘုရားကျောင်းမတက်ဖြစ်တာကြာပါပြီ..။ ညဘက်အိပ်ရာဝင်လည်း ဆုတောင်းလေ့မရှိတော့ပါဘူး..။ ထမင်းစားခါနီးဆုတောင်းရမှာတောင် လူတွေရဲ့ရှေ့မှာ ရှက်လာမိတယ်..။

ဒီလိုနဲ ထူးခြားတဲ့တနင်္ဂနွေနေ့မနက် တစ်ခုမှာ အလုပ်ကိစ္စနဲ့ ကားမောင်းနေရင်း ဘုရားကျေင်းတစ်ကျောင်းရှေ့ကိုဖြတ်လာမိတယ်..။ meeting ပွဲနောက်ကျမည့်စိတ် အလောတကြီးဖြစ်နေတာကြောင့် မမျှော်လင့်ပဲ လမ်းဖြတ်သွားတဲ့အဒေါ်ကြီးတစ်ယောက်ကို ၀င်တိုက်မိပါတော့တယ်..။ ဟင်းအင်း.. ဟင်းအင်း.. ဟင်းအင်း..အော်နေတဲ့ အဒေါ်ကြီးဆီလှမ်းသွားရင်း.. သူမလက်ထဲက ကိုင်ထားတဲ့ လက်ဆောင် ပါကင်ထုပ်ကို စိတ်ဝင်စားစားကြည့်မိပါတယ်..။ “Happy Mothers’ Day”..ဆိုတဲ့စာသားလေးကိုဖတ်မိချိန်မှာတော့ ..ကျတော့ရင်ထဲအမည်ဖော်မရနိုင်တဲ့ ခံစားချက်တွေဟာ နှလုံးသားကတစ်ဆင့် ဦးနှောက်ထဲအထိကို စကားပြောလာခဲ့တယ်..။ မျက်အိမ်ထဲက မဆယ်နိုင်တော့တဲ့မျက်ရည်စက်တွေဟာ ကျတော့်ပါးပြင်ထက် တလိမ့်လိမ့်စီးဆင်းလို့နေပါတော့တယ်..။ ဘေးဘီဝဲယာက လူတွေရဲ့တီးတိုးပြောသံတွေကတော့..ဟိုအဒေါ်ကြီး ဘာမှမဖြစ်ပဲနဲ ဒီလူကြီးငိုနေတာတော့ အရူးကြီးပဲ..။တဲ့..။…..။

ဒီလိုနဲ့ ချက်ချင်းဖုန်းဆက်ပြီး စစ်တွေဘက်မနက်ဖြန်ထွက်မဲ့ကားပေါ် လက်မှတ်တစ်စောင်ဝယ်ထားလိုက်တယ်..။ အဲဒီကတစ်ဆင့် ပလက်ဝကိုဆက်သွားရမှာလေ..။ ပလက်ဝကနေ အမေရှိတဲ့ ရွာလေးကိုရောက်လာခဲ့တယ်..။ ရွာကလေးရဲ့ ချောင်ကျကျနေရာကအမေ့တဲအိမ်ကလေးဆီ အပြေးကလေး လာခဲ့တယ်..။ ဆံပင်ဖြူဖြူ၊ကွေ့ကွေ့ကောက်ကောက်၊ ခါးကုန်းကုန်း၊ ပိန်ပိန်လိန်လိန်၊ သွားတစ်ချောင်းမှမရှိတော့တဲ့အမေ ပြောင်းဖူးပြုတ်ကိုတစ်လုံးချင်းချွေပြီး ၀ါးစားနေတာကိုမြင်ရတော့.. ကျတော်မခံစားနိုင်တော့လို့ မျက်ရည်တွေတလိမ့်လိမ့်ကျခဲ့တယ်..။ အမေလည်းကျတော့်လိုပါပဲ.. နှစ်ယောက်သားဖက်ပြီးငိုလိုတာ.. တော်တော်ကြာမှ သတိတွေဝင်လာတော့တယ်။ အမေ့အိမ်ကလေးက တဲစုတ်ကလေးပါ..ညဘက်ဆိုရင် ဟော..ကောင်းကင်က ကြယ်တွေကို အိပ်ယာထဲက မြင်နိုင်တယ်..။ မီးမရှိ၊ ရေခဲသေတ္တာမရှိ၊ တီဗွီမရှိ၊ အဲယားကွန်းမရှိ၊ မွေ့ယာမရှိလည်း အမေ့တဲအိမ်ကလေးဟာ နွေးထွေးမှု၊ သာယာမှု အရှိဆုံးနေရာလေးပါလား..။ ဘုရားကလွဲရင် အမေ့ကို ကျတော်အချစ်ဆုံးပါ.. အမေနဲ့တစ်သက်လုံးအတူနေတော့မယ်လို့ စိတ်ကူးထားချိန်မှာ ကျတော်ကိုထားရစ်ခဲ့တဲ့ မေမေ့ကို လာမဲ့ Mothers’ Day ကျရင် အမေ့အတွက်အောက်မေ့ဘွယ် ကျေးဇူးတော်ချီးမွမ်းပွဲလုပ်ပေးပါမယ်..။ အမေ ထာဝရပျော်ရွင် နိုင်ပါစေ…။

2011 မိခင်များနေ့အတွက် အမှတ်တရ စိတ်ကူး ရေးသားထားခြင်းဖြစ်သည်။ စာဖတ်သူအားလုံးအား ကျေးဇူးအထူးတင်ရှိလျှက်…..။

ပီတာလွယ်လူး (ခ၀ဲ)

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger