တောင်တန်းပြာတွေနဲ့အတူ
မြူခိုးတွေ အုံ့မှိုင်းမှိုင်းနဲ့
အစွမ်းကုန် လှပနေတဲ့
ငါတို့ခူမီးနန်းတော်ကြီးကို
အလည်တစ်ခေါက် လှမ်းလို့လာစေချင်ရဲ့။
ပျူပျူငှာ ပျိုမေတွေရဲ့
အပြုံးစစ်တွေ ခူမီးနယ်မှာ
တွေ့မြင်ခံစားစေချင်ရဲ့။
ယဉ်ကျေးမှုရဲ့ သန်ဓေတည်ရာ
တို့ချင်းမြေဟာ ခူမီးပါလား
သိစေချင်ရဲ့။
တို့ချင်းမြေမှာ
ချင်းမျိုးသားတို့
လက်တွဲညီစွာ ကာရံတွေကို
ထုဆစ်ကာ မပြိုမပျက်တဲ့
သွေးစည်းမှုတွေ မြန်ပြည်တလွား
တောင်ပံဖြန့်စို့လား….။
နေမင်းအိမ်
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။