U Nang Sai |
ပလက်ဝ၊
စက်တင်ဘာ ၂၆----ယနေ့ နံနက် ၉ နာရီကျော်ခန့်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးနန်းဆိုက်သည် ဗိုက်အလွန်အကျွံနာကျင်မှုဝေဒနာခံစားရ၍ ပလက်ဝမြို့
ပြည်သူ့ဆေးရုံတွင် တက်ခဲ့ရကြောင်း သိသတင်းရရှိသည်။
ဆေးရုံတွင်
ဆရာဝန်များ၏ စစ်ဆေးမှုပြုလုပ်ပြီးနောက်တွင် အူအသက်ပေါက်နေကြောင်းသိရှိရ၍ ယနေ့ မွန်းလွဲ ၁ နာရီကျော် အချိန်တွင် အရေးပေါ်ခွဲစိပ်ကုသမှုခံရမည်ဖြစ်သည်။
ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးနန်းဆိုက်သည်
ချင်းတိုးတက်ရေးပါတီမှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်
တစ်ဦးဖြစ်ပြီး မိသားစုနှင့်အတူ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာတွင် နေထိုင်သူဖြစ်သည်။
ဆက်လက်ဖော်ပြသွားမည်။
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။