ညနေခင်လေးက မိုးသည်းသည်းထန်နေသည်။ လေအေးနုနုလေးတွေက တစ်ချက်တစ်ချက်
မျက်နှာကိုပြင်ကို လာလာပြီး အနမ်းပေးနေကြသည်။ရန်ကုန်မိုးတွင်းကာလမို့ ရန်ကုန်မိုးပီပီသသ
သူ့တာဝန်ထမ်းဆောင်နေသလား ထင်ရသည်။ရန်ကုန်နဲ့စိမ်းနေသူတွေကို ရန်ကုန်မိုးက
မကြာခဏ ဆိုသလို ကျီဆယ်လျောင်ပြောင် နေတတ်သည်။
အခုလဲ ကောင်မလေးတွေ အုပ်စုလိုက် ရန်ကုန်မိုးရဲ့ လျောင်ပြောင်မှုကြောင့် ရွံရွံစိုနေတာကို
ကျွန်တော်စိးသည့် Taxi ကားပေါ်ကြ ပတ်ပြတ်သားသားလှမ်းမြင်နေရသည်...။
" ဟင်း..ချင်းတောင်က မကြာခင်ကမှ ဆင်းလာတဲ့ တို့အမျိုးတွေလား " လို့ တစ်ယောက်ထဲ စပ်စပ်စုစု
ရင်ထဲ ရေရွတ်နေမိသည်။ ပုံစံကို ကြည့်လိုက်တာတော့ ထီးမရှိလို့ ယူမသွားတာမဟုတ်ဘဲ ရန်ကုန်မိုးရဲ့
အထာ ကို နားမလည်လို့ ရန်ကုန်မိုးက စိတ်မာန်ပါပါ လျောင်ပြောင်နေတဲ့ပုံစံမျိုး..။
ကျွန်တော်စိးခြင်းကို ခံနေရရှာတဲ့ Taxi ကားလေးလဲ ဖြည့်ညုပ်ကြပ်တီးနေသည့် အင်းစိန်လမ်းမကြီးအတိုင်း
လိပ်ပမာ တစ်လိမ့်ချင်းလိမ့်နေသည်။ မပြောင်းတစ်ပြောင်း ဒီမိုကရေစိ စနစ်ကြီးနဲ့အတူ ၂၀၁၀ နောက်ပိုင်း
နိုင်ငံတော်က ကားဟောင်းအပ်နှံနိုင်သည့် ပြည်သူတွေကို ကားတင်သွင်းခွင့်ပေးတာကတစ်ကြောင်း ၊
ရန်ကုန်မြို့ရဲ့ လမ်းထိန်းသိမ်းရေးစနစ်တွေ ပြုပြင်ဖို့လိုနေသေးတာကတစ်ကြောင်း ရန်ကုန်မြို့မှာ ယဉ်
ကျော်ပိတ်စို့မှုတွေ မကြာမကြာ ဖြစ်တတ်တယ် မဟုတ်ပါလား..။
အခုလဲ ကျွန်တော်နေတဲ့ မြေနီကုန်းကနေ အင်းစိန်လမ်းမကြီးပေါ်က သုခမှတ်တိုင်ကို သွားမှာမို့ ရန်ကုန်မှာ
ယဉ်ကြောပိတ်စို့မှုမှာ ထိပ်ကနေရာယူနေသည့် လှည်းတန်းမီးပွုင့် ကြီးကို ဖြတ်ဖို့ ကြိုးစားနေရရှာသည်။
သုခမှတ်တိုင်ကို သွားနေရတဲ့အ ကြောင်းကလဲ ပေါ့ပေါ့သေးသေးတော့မဟုတ်.။ သုခအိမ်ရာထဲမှာ ဖွင့်ထားတဲ့
ဆာဗှုသီးဆိုင်မှာ တွေ့ ဖို့ ခရစ်ယာန် စာရေးဆရာတစ်ယောက်နှင့် ချိန်းထားတာကြောင့် ဖြစ်သည်။
ရန်ကုန်မြို့မှာ အေးအေးဆေးဆေး တွေ့လို့ရတဲ့ ဆိုင် ဒီလောက်မှိုလိုပေါက်နေသည့် ကြား
က ဆာဗှုသိးဆိုင်ကို ရွှေးလိုက်တာဟာ သူငယ်ချင်း(သူ့) အတွက် ကပ်သီးကပ်သတ် ဖြစ်နေမလား စဉ်းစားရင်း
နှုတ်ခမ်းဖျားက အလိုလိုပြုံးနေမိသည်။ နေရာတကာမှာ မထင်ရင်မထင်သလို မျိုးချစ်စိတ်က ကပ်ကပ်ပါလာတတ်သည့်
ကျွန်တော်ကိုမှ ဆိုင်ရွှေးခိုင်းရသလား လို့ သူ့ကိုတောင် အပြစ်တင်နေမိသည်။
အခုလဲ ဆာဘူသီးဆိုင်ကို တကူးတက ရွှေးလိုက်တာကလဲ အဲဒီကပ်ကပ်ပါလာတတ်တဲ့ မျိုးချစ်စိတ်ကြောင့်များလား.."
လို့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ပြန်ထုတ်နေမိသည်။
ကလေးမြို့နယ်မှာ ၁၉၈၀ ကျော်လောက်က လူဖြစ်လာတဲ့ ကျွန်တော်၊ ကိုယ့်ကိုယ်ကို
ဆာဘူသီး စွဲစွဲလမ်းလမ်း ဖြစ်နေစရာအကြောင်းကို ရှာတော့လဲ မတွေ့ပါကလား..။ " သေချာပါတယ် နေရာတကာ
ကပ်ကပ်ပါလာတတ်တဲ့ အဲဒီမျိုးချစ်စိတ်ကြောင့်...." လို့ ကိုယ့်ကိုယ်နားမလည်စွာ တတွတ်တွတ် ပြောနေမိသည်။
ရန်ကုန်မြို့ကြီးမှာ ကိုယ့်ချင်းရိုးရာ စားသောက်ဖွယ် ဆိုင် ဆိုကတည်းက ကောင်းကောင်းမကောင်းကောင်း
ဂုဏ်ယူနေခဲ့ပြီးသား..။ နောက်တစ်ခုက အခုလို ခက်ခက်ခဲခဲနဲ့ ရန်ကုန်မြို့ကြီးမှာ စွန့်ဦးတီထွင်ပြီး စွန့်စွန့်စားစား
ရင်းနှီးမြုပ်နှံတဲ့ သူတွေကို ကျွန်တော်ရင်ထဲက အလိုလို ဂုဏ်ယူသည်။ ဆိုင်ကလေးကိုလည်း ရေရှည် ရပ်တည်နိုင်စေချင်သည်..။ ကျွန်တော်လို ရန်ကုန်မြို့မှာနေတဲ့ ချင်းတစ်ယောက်က အဲဒီဆိုင်ကို မသွား၊ အားမပေးမှတော့
ဆိုင်က လိုလို ပြုတ်သွားမှာ...။ ခုလို ချင်းရိုးရာဆိုင်လေးတွေကို ရန်ကုန်မြို့မှာ ရေရှည်မြင်ချင်သည်...။ ဆိုင်ရှေ့မှာ စာတမ်းကြီးကြီးတွေ ဂုဏ်ယူဝင့်ကြွားစွာ မြင်ချင်သည်။ဘာမှန်းမသိတဲ့ စိတ်တွေကို ရှမ်းတွေ၊ကချင်တွေ ကိုအားကျနေတာကြာခဲ့ ပြီလေ...။အဲဒီလိုဘာမှန်းမသိ၊မရေရာ မသေချာတဲ့ စိတ်တွေက မောင်းနှင်းခြင်းကိုကျေကျေနပ်နပ် ခံယူနေမိခြင်းက ကျန်တော်အမှားများလား..လို့ ကိုယ့်ကိုယ်ကို ပြန်တွေးနေမိသည်။
ဆက်လက်ဖောပြပါမည်။
ဆာဘူသီး ဆိုင်ရောက်ပြီး ခရစ်ယာန်စာရေးဆရာနဲ့ ဘာကြောင်းတွေ
ဆွေးနွေးဖြစ်လဲ ဆိုတာကို ဆက်လက်ဖတ်ရှုစေချင်ပါသည်။
အားလုံးကို လေးစားလျှက်..
Chin Pa Cang Tha ( ချင်းလူကြီးလူကောင်း )
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။