အစည်းအဝေးတက်ရောက်သူများ |
ရန်ကုန်၊
စက်တင်ဘာ ၁၈-----ခူမီးစာပေကော်မတီ(ရန်ကုန်)၏ အစည်းအဝေးတွင် ပလက်ဝမြို့နယ် အစိုးရကျောင်းများတွင်
သင်ကြားမည့် ခူမီးစာမူလတန်းသင်ရိုးအကြောင်းကို ဆွေးနွေးသည်ဟု သတင်းရသည်။
စက်တင်ဘာလ
( ၁၅ ) ရက်နံနက်၁၁း၀၀ တွင် ခူမီးစာပေကော်မတီ (ရန်ကုန်)၏ ပုံမှန်အစည်းအဝေးကို ဆလိုင်း
အိုက်ဇက်ခင်၏နေအိမ်တွင် ကျင်းပပြူလုပ်ခဲ့ပြီး အဖွဲ့ဝင် ၁၀ ဦးတက်ရောက်ခဲ့သည်။
၎င်းအစည်းအဝေးတွင်
ကော်မတီ ဥက္ကဌ Rev. Dr. Sang Khaw မှ အဖွင့်အမှာစကားပြောကြားရာတွင်
ကော်မတီကို၁၆.၆.၂၀၀၁ ခုနှုစ်တွင် ခူမီးစာပေတိုးတက်မြင့်မားစေရန် ရည်ရွယ်လျက် ဖြစ်ကြောင်း၊
ခူမီးလူမျိုးများမိမိတို့စာပေကို တတ်မြောက်ကြရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း
ပြောသွားသည်။
ထို့နောက် အတွင်းရေးမူးဦးကံတန်းမှ ကော်မတီလုပ်ဆောင်ချက်မျုားကို
Khumi
Grammar Book / Dictionary ထွက်ပ်ါလာရေးတို့ကိုလည်း ဆက်လက်ဆွေးနွေးကြရာ
ခူမီးစာပေတရားဝင်သင်ကြားခွင့်ရပြီးမှသာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက်
ဆရာပီတာလွယ်လူးမှ Khumi Media Group အကြောင်းမိတ်ဆက်ပေးပြီး အစည်းအဝေးကို
ညနေ၄း၃၀ တွင်ရုတ်သိမ်းခဲ့သည်။
ရောဘတ်တွီလင်း
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။