ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၂---အိုက်အောင်လှချေနှင့် အွေ့လုံးလုံး
တို့၏ မွေးကင်းစသမီး အွေ့ကေစီထွန်းသည် ကျန်းမာရေး မကောင်းသဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာ
၁၇ ရက်နေ့တွင် မလေးရှားနိုင်ငံ Hospital Serdang တွင်အောင်မြင်စွာ ခွဲစိတ်ပြီးစီးကြောင်း
သတင်းရရှိသည်။
အွေ့ကေစီထွန်းအတွက်
ကုန်ကျစရိတ်ငွေပေါင်း မလေးရှားရစ်ဂစ် ၂၀၀၀၀ ကိုယူအမ်မှ ကူညီပေးထားသော်လည်း
ခွဲစိတ်မူကုန်ကျစရိတ်ဘယ်လောက်ကု န်ကျမည်ကိုမူ ယနေ့အထိ အတိအကျမသိရသေးပေ။
Paletwa
Khumi Community (Malaysia) ၏ Coordinator ကိုလွင်လွင်မှပြောပြချက်အရ
ထပ်မံကုန်ကျမည့်စရိတ်များကိုလည်း ယူအမ်မှပေးသွားမည်ဖြစ်ကြောင်း၊ ကလေး၏အခြေအနေမှာ
သက်သာပြီဖြစ်သော်လည်း အရေးပေါ်ခန်းတွင်သာ ဆက်လက်ထားရှိကြောင်း သိရသည်။
“နောက်ထပ်ကုန်ကျမဲ့
စရိတ်တွေကိုလည်း ယူအမ်ကဘဲတာဝန်ယူပေးပါမယ်။ ဒီမနက်ပိုင်း အိုက်အောင်လှချေဆီ ဖုန်းခေါ်မေြး ကည့်ပါတယ်။
ကလေးကတော့ အရေးပေါ်ခန်းမှာပဲ ထားေ သးပါတယ်။
ဒါပေမယ့်အရင်ကထက် သက်သာပြီး သတိရေ နပြီလို့ပြောပါတယ်။ ဆေးရုံဆင်းမယ့်ရက်တော့မသိသေးဘူး ”
ဟုပြောသည်။
ဆက်လက်၍
ကိုလွင်လွင်မှ မလေးရှားရှိ ခူမီးညီအစ်ကိုမောင်နှမများကို သတိပေးစကား ပြောခဲ့သည်။
“မလေးရှားမှာရှိတဲ့ခူမီးတွေကို အထူးမှာချင်ပါတယ်
အခုတလောအဖမ်းအဆီးများတဲ့အတွက် ပတ်ဝန်းကျင်နေထိုင်မူကိုဂရုစို က်ပေးဖို့်၊
အသွားအလာသတိထားဖို့နှင့် မလိုအပ်ဘဲ ကေအယ်လ်မြို့ ကိုတာရာယာကို
စနေ၊တနင်္ဂနွေလုံးဝမသွားဖို့ ပြောချ င်ပါတယ်” ဟုကိုလွင်လွင်မှပြောသည်။
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။