လူထုအခြေပြုအဖွဲ့စည်းအကြောင်းကို
တစေ့တစောင်းဖောက်သည်ချလိုသည်။ ၂၀ရာစုအတွင်း လူ့အဖွဲ့အစည်းကို နိုင်ငံရေး
လူ့အဖွဲ့အစည်း(Political Society)နှင့် လူထုအခြေပြုအဖွဲ့စည်း(Civil Society)ဟူ၍ နှစ်မျိုး ဆက်စပ် ပေါ်ထွန်းလာသည်။
ရူးသွပ်သူများနှင့် ပြင်းထန်သည့် နူနာရောဂါ စွဲသူ များမှအပ
ကျန်နိုင်ငံသားတိုင်း သည် လူ့အဖွဲ့အစည်း
တခုခုတွင် ပါဝင်ပါတ်သက် ကြပေသည်။
နိုင်ငံရေးလူ့အဖွဲ့အစည်း
(နိုင်ငံရေးပါတီ၊လွတ်တော်၊အစိုးရ)ကို ယျေဘုယအားဖြင့်
အသွင်နှစ်မျိုးတွေ့ရှိသည်။
ပထမအချက်အနေဖြင့် ကွန်မြူနစ်နိုင်ငံများ၊ ဆိုရှယ်လစ် နိုင်ငံများနှင့်
အာဏာရှင်နိုင်ငံ များတွင် နိုင်ငံရေးပါ တီ တခုတည်းသာ ဖွဲ့စည်းကြသည်။ နိုင်ငံတော်
အစိုးရ၏အာဏာအား ချိန်းခြောက်သည်ဟု အမြင်ရှိကြသည့် အတွက် နဂိုရ်မူလက ရှင်သန်ပြီး
ဖြစ်သော လူထုအခြေပြုအဖွဲ့အစည်းများကိုပင် ဖျက်သိမ်းပြီး ၄င်းတို့၏ တစ်ပါ တီစနစ်ကို ထောက်ခံ အားပေးသော လက်ဝေခံ လူထုအခြေပြုအဖွဲ့အစည်းများ ကိုသာ ရပ်တည်ခွင့်
ပြုကြ သည်။
ဥပမာ-၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းသည့် အချိန်တွင်
နိုင်ငံရေးပါတီများ နှင့်အတူ လူထု အခြေပြုအဖွဲ့စည်းများ ကိုပါဖျက်သိမ်းလိုက်ပြီး
မဆလ တစ်ပါတီစနစ်ကို ထောက်ခံသော လူထုအခြေပြု အဖွဲ့အ စည်း အနည်းငယ်ကိုသာ တပြည်လုံး
အတိုင်းတာဖြင့် အစားထိုးဖွဲ့စည်းသည်။ ဗဟိုထိန်းချုပ်မှု အားကောင်း သော အာဏာရှင်အုပ် ချုပ်ရေး စနစ်အောက်တွင် လွတ်လပ်သော လူထုအခြေပြု
အဖွဲ့အစည်း ရှင်သန်ရန် အခွင့်အလမ်းမ ရှိပေ။
ဒုတိယအချက်အနေဖြင့်
ဒီမိုကရေစီနိုင်ငံများတွင်မူ တိုင်းပြည်အတွင်းမှီတင်း နေထိုင်ကြသော ပြည်သူလူထု
အများအကျိုးအလို့ငှာ လူထုကိုယ်စားလှယ်များက ရေးဆွဲပြဌါန်းထားသော
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း နိုင်ငံရေးပါတီများ၊ လွတ်တော်များနှင့် အစိုးရများကို
ဖွဲ့စည်းကြသည်။ အစိုးရအဆင့်ဆင့်တွင်
စံနစ်တကျ အာဏာခွဲဝေမှုရှိသည့်အတွက် လွတ်လပ်သော လူထုအခြေပြုအဖွဲ့စည်း ထွန်းကားရန်
အခွင့်အလမ်းပို များသည်။
ကွန်မြူနစ်နှင့်
ဆိုရှယ်လစ်တိုင်းပြည်များသည် ၄င်းတို့ကမျှော်လင့်သော "လိုတရ"
နိုင်ငံတော်အစီုးရ မတည် ဆောက်နိုင်ခြင်း၊ နောက်ဆုံးတွင် အာဏာရှင် စနစ်များဆီသို့
ပြောင်းလဲလာခြင်း ကတကြောင်း နှင့် လက်ယာ ဝါဒီများ အနေဖြင့် လစ်ဘရယ်ဝါဒက
အထူးအားပေးသော တသီးပုဂ္ဂလဝါဒ ကျင့်သုံးခြင်းသည်
ဒီမိုကရေစီ အုပ်ချုပ်ရေး၏ အနှစ်သာရဖြစ်သည့် တန်းတူညီမျှရေးသို့ ဦးတည်မသွားခြင်း
နှင့် အရေးကိစ္စအားလုံးကို ဈေး ကွက်အား ပုံအပ်ထားလိုက်လျှင် လူတိုင်း၏
အကျိုးစီးပွားဖြစ်ပေါ်မည်ဟု ယူဆချက် များအပေါ် အယုံကြည် ကင်းမဲ့လာသည်က တကြောင်း၊
တို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် တတိယနည်းလမ်း(third way) ဖေါ်ဆောင်ရန် ကြံရွယ်နေချိန်တွင် ပြည်သူအများကလည်း တတိယအင်အား(third
force) ဟုခေါ်ဆို လေ့ရှိ သော လူထုအခြေပြုအဖွဲ့စည်း
ဖက်ဆီသို့ရွေ့လျားနေသည်၊၊ ဤသည်မှာ လူထုအခြေပြုအဖွဲ့စည်း ပေါ်ပေါက်ခြင်း၏အ ကြောင်းရင်းခံဖြစ်သည်။
လူထုအခြေပြုအဖွဲ့စည်းဆိုသည်မှာ
နိုင်ငံတော်အစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်၌ မရှိသော မိမိတို့၏ ဆန္ဒအရနှင့်
ရည်မှန်းချက်အရ လာရောက်စုစည်းကြသည့် လွတ်လပ်သော အဖွဲ့အစည်းများ၊ အစုအရုံးများ၊
အစုအဖွဲ့များ၊ လှုပ်ရှားဆောင်ရွက်မှုများ မျိုးစုံကို ဆိုလိုပြီး၊ ထိုအဖွဲ့အစည်းများသည်
မိမိတို့၏ ကောင်းကျိုးနှင့် ရည်မှန်းချက် အတွက်ဖြစ်စေ၊
အများ၏ကောင်းကျိုးအတွက်ဖြစ်စေ အတူတကွ တိုင်ပင်ဆွေးနွေး၍ လုပ်ဆောင် ကြသည်။
ထိုအဖွဲ့အစည်းများ၊ ကွန်ယက်များအနေဖြင့် အားကောင်းလာပါက နိုင်ငံတော်အစိုးရအာဏာ အား
ကန့်သတ် ထိန်းညှိထားမည့် (သို့မဟုတ်) တရားမျှတမှုမရှိသော အစိုးရများကို
ဖြုတ်ချနိုင်သည်အထိ စွမ်း ဆောင် လာနိုင်မည့် အလားအလာများ ရှိလေသည်။
လူထုအခြေပြုအဖွဲ့စည်းကို
ပညာရှင်များက အမြင်အမျိုးမျိုးဖြင့် ချဉ်းကပ်ကြသည်။၎င်းတို့အနက်မှ အယ်လီဆင်
ဗန်ရွိုင်း စုစည်းတင်ပြထား သော အမြင်(၆)မျိုးကို အကျဉ်းရုံး၍ ဖေါ်ပြလျှင်-
(၁)
လူမှုတန်ဖိုးနှင့်
စံနှုန်းအဖြစ်မြင်သောအမြင်(Civil Society as values and norms)
အချို့သောသူများက
ယဉ်ကျေးသော(civil)ဟူသော စကားလုံးကို အလေးအနက် ထားလာကြပြီး အလယ်အ လပ် ပုဂ္ဂလိကဝါဒ၊
အပြန်အလှန်ကူညီမှု၊ အပေးအယူရှိမှု၊ အခြားသူများအပေါ် လေးစားတတ်မှု နှင့် အများ၏
ကောင်းကျိုးအပေါ် အလေးထားမှု စသည့်ပြည်သူ့နီတိတရားများအပေါ် အသားပေးဆွေးနွေးလာ ကြသည်။
ဤစံပြလူ့အဖွဲ့စည်းတွင် လူများသည် တဦးအပေါ်တဦး ယုံကြည်မှု အပြည့်ဝရှိသော၊
နာလည်သည်းခံ နိုင်စွမ်း ရှိသော လူ့ဘောင်လူ့လောက အကျိုးနှင့်သာ သမစိတ္တရည်မှန်းချက်
မျိုးရှိသော တလောကလုံး၏ ကောင်း ကျီုးကိုလည်းဆောင်ကျဉ်းပေးနိုင်သော
ပုံစံမျိုးရှိသည်။ Adward Shil ၏ ကောင်းမြတ်သော လူ့အဖွဲ့စည်းဆို သည် နှင့်အဓိပ္ပါယ် တူသည်။
(၂)
အစုပြနာမ်၊ သမဟနာမ်ပေါင်းအဖြစ်မြင်သော
အမြင်(Civil Society as a collective noun)
သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏
ကောင်းကျိုးကို ဆောင်ကျဉ်းပေးနိုင်သော အဖွဲ့အစည်းများအားလုံးကို သိမ်း
ကျုံးခြုံငုံ၍ ခေါ်ဆိုသော အစုပြနာမ်အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ် ကြသည်။ မိမိသဘောဆန္ဒ အလျောက် လာရောက်
ဖွဲ့စည်းကြသည့်ကဏ္ဍ(Voluntary sector) တနည်းအားဖြင့် တတိယကဏ္ဍ(third sector)၊
အထူးသဖြင့် စည်းဝေးလှုံ့ဆော်မှု အဖွဲ့အစည်းများ(advocacy groups)၊ အစီုးရမဟုတ်သည့်
အဖွဲ့စည်းများ (NGOs)၊ လူမှုလှုပ်ရှားမှု ရှေ့ဆောင်ရှေ့ရွက်ပြုသူများ၊ လူ့အခွင့်အရေး
ဆိုင်ရာအဖွဲ့စည်းများ၊ လူမှုပြုပြင် ပြောင်းလဲရေးများ ဖြစ်ပေါ်လာစေရန် တက်ကြွစွာ
ပါဝင်လှုပ်ရှားနေကြသော အခြားလူများအားလုံးနှင့် အ ဓိပ္ပါယ်တူ
အဖြစ်ဖေါ်ပြကြသည်။ နိုင်ငံရေးပါတီ၊ အစိုးရ၊ စီးပွားရေး ဈေးကွက်အင်အားစုများ နှင့်
မတူပဲ သီးခြား တည်ရှိသည်။ ဖွင့်ဖြိုးရေးတိုးတက်ရေးကို လုပ်ကိုင်သော အသိုင်းအဝိုင်း
အတွင်း၌ လူထုအခြေပြုအဖွဲ့စည်း(civil
society) ကို NGOs အဖြစ် သဘောပေါက် ကြသည်။
(၃)
လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်ရန်
နယ်ပယ်တခုအဖြစ်မြင်သော အမြင်(Civil Society as a space for action)
UNDP
၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ လူထုအခြေပြုအဖွဲ့စည်းသည်
နိုင်ငံတော်၊ ဈေးကွက်တို့နှင့်အတူ ဒီမိုက ရက်တစ်လူ့ဘောင်အဖွဲ့စည်း ဖွဲ့စည်းရာတွင်
ပါဝင်သော ကဏ္ဍကြီးသုံးခု အနက်တခုဖြစ်သည်ဟု ဆို၏။ ၄င်းကို အဖွဲ့စည်း၊ အသင်းအဖွဲ့များက
နေရာယူထားသည့် နယ်ပယ်အခု အဖြစ် နှိုင်းယှဉ်ဖေါ်ပြကြသည်။ လူမှုဝန်းကျင်အခြေခံ၊
အကျိုးဆောင်ပေးသည့် လူထုပရိသတ်များအဓိကထား လှုပ်ရှားသည့်အကြောင်းရာ ကိစ္စ ရပ်များ၊ ဥပမာ-(သဘာဝပတ်ဝန်းကျင် ရေးရာများ၊ လိင်ကွဲပြားမှုဆိုင်ရာ
လူ့အခွင့်ရေးဆိုင်ရာ)နှင့် လုပ်ငန်းသ ဘာဝတို့ အပေါ် အခြေခံ၍ ဖွဲ့စည်းကြရာ ဘာသာရေးနှင့်
ဆက်နွယ်သော အသင်းအဖွဲ့များ၊ အလုပ်သမား သမဂ္ဂများ၊ သမဝါယမအဖွဲ့စည်းများ၊ ဝန်ဆောင်မှု အဖွဲ့စည်းများ၊
ရပ်ရွာလူမှုအဖွဲ့အစည်းများ၊ လူငယ်အသင်း အပင်းများ၊ ပညာရှင်အသင်းအပင်းများ နှင့်
အခြားအသင်းပင်း များလည်း အပါအဝင် ဖြစ်သည်။
(၄)
သမိုင်းကြောင်းကို သီးသန့်ကာလတရပ်အဖြစ်
မြင်သော အမြင်(Civil Society as a historical movement)
Mr.
Gellner က သမိုင်းကြောင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များအရ
သီးခြားရပ်တည်သည့် လွတ် လပ်သော တသီးပုဂ္ဂလ(atomized liberal individuals)များတည်ရှိ
ဖွဲ့စည်းရန် အထူးလိုအပ်သည်ဟု ဆို သည်။ ကက်စတီလီယွန် ကလည်း ဗဟိုမှတိုက်ရိုက် ထိမ်းချုပ်မှု
မရှိသော တသီးပုဂ္ဂလ(လူတဦးချင်းစီ)များနှင့်
အစုအဖွဲ့များအကြား လွတ်လပ်စွာဆက်ဆံ မှုရှိသည့် ဒြပ်မဲ့နယ်ပယ်တခု ဖြစ်ယုံမျှသာမဟုတ်၊
လူမှုရေး၊ နိုင်ငံ ရေးဆိုင်ရာ ရိုးရာအစဉ်အလာများနှင့် အလေ့ထများကြောင့်
ဖြစ်ထွန်းခဲ့သည့် သမိုင်းကြောင်း အနေအထားနှင့် ယဉ်ကျေးမှု အနေထားများ၏
ထုတ်ကုန်များဖြစ်သည်ဟုဆိုသည်။
(၅)
လွှမ်းမိုးချုပ်ကိုင်မှုများကို
ဆန့်ကျင်ရေးအဖြစ်မြင်သော အမြင်(Civil Society as an anti-hegemony)
လွမ်းမီုးချုပ်ကိုင်မှုများအား
ဆန့်ကျင်ရေးလုပ်ငန်းစဉ် တရပ်အဖြစ် မြင်ကြသည်။အဆိုပါ လွမ်းမိုးချုပ်ကိုင်မှုများ
မှာလည်း အများအားဖြင့် ခေတ်သစ် လစ်ဘရယ်ဝါဒ၊ အနောက်တိုင်းလွမ်းမီုးမှုဝါဒ၊
မဟာဖိုဝါဒ၊ လိင်ကွဲချင်း ဆက်ဆံသည်သာ အမှန်ဟူသောဝါဒ စသည်တို့၏ လွမ်းမီုးမှုနှင့်
ဆက်နွယ်နေသည်။ အရေတို နှင့် ကိုဟန်တို့ က
သီးသန့် လူမှုရေးလက္ခဏာ
အခြေခံရှိသော လှုပ်ရှားမှု၊ တမူထူးခြားသည့် လူမှုရေး-နိုင်ငံရေး သဘောသ ဘာဝရှိသော
လှုပ်ရှားမှုများ၊ ဒီမိုကရေစီလှုပ်ရှားမှု အခြားနည်းလမ်းသစ်ဖြစ်ပြီး သစ်ဆန်းသော
တောင်းဆိုမှုများ ရှိသည့် လှုပ်ရှားမှုများ ဟူ၍ ဖေါ်ပြသည်။
အိုက် ဆောင်မဒိန်း
အပိုင်း -၂ ဆက်ရန်
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။