ပလက်ဝ၊ နိုဝင်ဘာ ၂၇--- ပလက်ဝခူမီးလူငယ်များအသင်းကို ၂၀၁၂ခုနှစ်
ဇူလိုင်လ(၂၉)ရက်နေ့တွင် မျိုးချစ်
စိတ်ပြင်းထန်သော ခူမီးလူငယ်မောင်မယ်များတစ်သိုက်မှ
စတင်ဖွဲ့စည်းခဲ့သည်။
မိမိတို့ခူမီးလူငယ်များ၏အနာဂါတ်တွင်
စွမ်းဆောင်ရည်ပြည့်ဝသော
ခေါင်းဆောင်ဖြစ်လာစေရေးကို ဦးတည်၍
အမှုဆောင်ကော်မတီ(၁၁)ဦးဖြင့်ဖွဲ့စည်းပြီး
အမှုဆောင်ကော်မတီမှ အခြားဆပ်ကော်
မတီများ အသီးသီးထပ်မံဖွဲ့စည်းပေးကာ
ရည်ရွယ်ချက်(၇)ချက်ဖြင့် ဦးတည်ဆောက်ရွက်နေလျက်
ရှိသည်။
ခူမီးလူငယ်များအသင်း၏လိုဂိုအဖြစ်
အသုံးပြုသော အမှတ်အသားများမှာ လုံးဝန်းသော သဏ္ဍာန်သည် ကျစ်လစ်ခိုင်မာမှုဖြင့်
စည်းလုံးသောလူငယ်မောင်မယ်များအားရည်ညွန်းပြီး တောင်တန်းဒေသတွင်နေပျော်စရာ
စိမ်းစမ်းရေကြည်များပေါကြွယ်ဝသောသဘာဝအလှနှင့် စိမ်းလန်းသောပတ်ဝန်းကျင် တို့ကိုလည်း
ရည်ညွန်းပုံဖော်ထားသည်။
မိမိတို့ခူမီးတို့ဌာနီ၊ဘိုးဘွားပိုင်မြေ၊မိမိတို့စာပေနှင့်ယဉ်ကျေးမှုကိုထိန်းသိမ်းပြီး
ကမ္ဘာကသိအောင် ဖေါ်ဆောင်ကြိုးစားဆောင်ရွက်သွားဖို့
ခူမီးတို့လူထုအားလုံးတွင်
တာဝန်ရှိပေသည်။ ခူမီးလူငယ်များအသင်း(KYA)ထာဝစဉ်ရေရှည်တည်တံ့ခိုင်မာစေ
သားဟု
ဆုမွန်ကောင်းတောင်းပါသည်။
အိုက်တင်း
ခူမီးလူငယ်များအသင်း
အတွင်းရေးမှူး
ပလက်ဝမြို့
အိုက်တင်း
ခူမီးလူငယ်များအသင်း
အတွင်းရေးမှူး
ပလက်ဝမြို့
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။