ပလက်ဝ၊
ဒီဇင်ဘာ ၂၀ ----ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ရခိုင်ပြည်နယ်
ကျောက်တော်မြို့တို့ကို အဓိကဆက်သွယ်သော ကျောက်တော်-ပလက်ဝ အဝေးပြေးကားလမ်းကို
ယခုအခါပြန်လည် စတင်အကောင်ထည်ဖော်နေ
ပြီဖြစ်သည်။
ပြီဖြစ်သည်။
ယခု
အဓိကဆောင်ရွက်သောအပိုင်းမှာ နှာမဒါကျေးရွာအနီး
လွန်ခဲ့သောနှစ်များကဆောက်လုပ်ထားသော
ပျက်စီးနေပြီးသစ်သားတံတားအိုများအစား ကွန်ကရစ်တိုင်ဖြင့်တံတားဆောက်လုပ်ခြင်းဖြစ်သည်။
ဤသို့ဆောက်လုပ်ခြင်းကြောင့်လည်း မကြာခင်
လမ်းပန်းဆက်သွယ်ပိုမိုကောင်းမွန်လာမည့်အပြင် ဒေသခံများအတွက်လည်း ၀င်ငွေရရှိခဲ့ရကြောင်းပြောသည်။
“တစ်ရက်
လုပ်အားခ ၂၀၀၀ ကျပ်ရတယ်” ဟု ဒေသခံတစ်ဦးဖြစ် သူ ဦးစောချစ်လွင်မှ ခူမီးမီဒီယာသို့
ပြောပြသည်။
၎င်းလမ်းမကြီးအား
ယခင် နအဖ ခေတ်ကတည်းကပင် လမ်းကြမ်း ဖောက်လုပ်ထားသော်လည်း ယနေ့အချိန်အထိ
ကားများမသွားမလာသည့်အပြင် မိုးရာသီတောင်မြေပြိုကျမှုများကြောင့် ပြန်လည်ပြုပြင်ရမည့်အနေအထားတွင်ရှိနေသေးသည်။
၃၅
မိုင်ခန့် ရှည်လျားသော ပလက်ဝ-ကျောက်တော် ကားလမ်းကို ၂၀၁၃ ခုနှစ်အပြီးဆောက်ရွက်မည်ဖြစ်ကြောင်း
ကားလမ်းဆောက်လုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးမှ ပြောကြားပါသည်။ ကားလမ်းပြီးစီးသွားပါက
ကျောက်တော်-ပလက်ဝကားလမးကြားရှိ ဒေသခံများအနေဖြင့်လည်းပလက်ဝမြို့ သို့စက်ဘီး၊ဆိုက်ကယ်များဖြင့်
မကြာခင် သွားရနိုင်တော့မည်ဖြစ်၍ ၀မ်းသာပီတိဖြစ်နေကြောင်းလည်း သိရှိရသည်။
ကားလမ်းဆောက်လုပ်ရေးအဖွဲ့တာ
ပလက်ဝမြို့သည်
ချင်းပြည်နယ်ရှိအခြားမြို့များနှင့် ကားလမ်းမပေါက်သောကြောင့် အနီးဆုံးမြို့ဖြစ်သော
မတူပီမြို့သို့ပင် ခြေလျှင်ဖြင့် လေးရက်ခရီးနှင်ရသည်။ သို့သော်
ရခိုင်ပြည်နယ်သို့မူ ကုလားတန်ဖြစ်ကြောင်းမှ ရေယာဉ်များဖြင့် နေ့စဉ်သွားလာနိုင်ပြီး
ယခုဆောက်လုပ်နေသော ကားလမ်းနှင့် ပလက်ဝ-မတူပီကားလမ်းပြီးစီးသွားပါက အရင်ကထက်ဖွံ့ဖြိုးတိုးတက်သော
ချင်းပြည်နယ်၏မြို့တစ်မြို့ဖြစ်လာရေးကို ဒေသခံများမျှော်လင့်လျက်ရှိနေသည်။
အိုက်တင်း
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။