ဟားခါးမှ ပြန်လာသော ဦးလှဝင်း နှင့် ချင်းပြည်နယ်လူမှုရေးအသင်းတို့ ယမန်နေ့က တွေ့ဆုံ

Monday, August 06, 20120 မှတ်ချက်

တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ်။
သြဂုတ် 5
ရန်ကုန်မြို့

ပလက်ဝမြို့နယ်မှ ဦးလှဝင်းနှင့် ပလက်ဝမြို့နယ်လူမှုရေးအသင်း အီးစီအဖွဲ့များ တွေ့ဆုံဆွေးနွေးခြင်း တရပ်ကို ယမန်နေ့၊ မွန်းလွဲ 2 နာရီ တွင် ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ပလက်ဝမြို့နယ်လူမှုရေးအသင်း ရုံးတွင် ပြုလုပ်ခဲ့ပါသည်။ ၄င်းစည်းဝေးပွဲတွင် ဦးလှဝင်း၊ ပလက်ဝမြို့လူမှုရေးအသင်းမှ အီးစီများနှင့် ကေအမ်ဂျီမှ အမှုဆောင်တစ်ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ယခု ဟားခါးခရီးစဉ်နှင့်ပတ်သက်၍ အတွေ့အကြုံများ ကို သော်လည်းကောင်း၊ ပလက်ဝမြို့နယ်ရှိ ခူမီးလူမျိုးများ၏ ဓလေ့ထုံးတမ်းအစဉ်အလာ များကို သော်လည်းကောင်း၊ ရှေးခေတ်ခူမီးရိုးရာတရားစီရင်ခြင်းအကြောင်းများကိုသော်လည်း
ကောင်း ဦးလှဝင်းမှ ဗဟုသုတရဖွယ်ရာ ရှင်းလင်း ပြောကြားပေးသွားခဲ့ပါသည်။

ထိုသို့ပြောကြားပေးနေစဉ်အတွင်း သိလိုသမျှသော အချက်များကို အပြန်အလှန်မေးမြန်း
ဆွေးနွေး ပြီး စည်းဝေးပွဲကို ညနေ 4 နာရီခွဲခန့်တွင် ရုတ်သိမ်းသွားခဲ့ပါသည်။

အိုက်ကျော်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger