ပလက်ဝမြို့နယ်တွင်းရှိ ကျေးရွာများတွင် ရေအားလျှပ်စစ်မီးနှင့် ရေရရှိရေးအတွက် ချင်းပြည်နယ်အစိုးရမှ ကူညီထောက်ပံ့မည်

Monday, August 06, 20121မှတ်ချက်


သြဂုတ် 7

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်သည် ကျေးရွာပေါင်း (400) ကျော် ခန့်ရှိပြီး၊ အုပ်စုပေါင်း (97) ရှိသော မြို့နယ် တစ်ခု
 ဖြစ်ပါသည်။ အဆိုပါမြို့နယ်တွင် လျှပ်စစ်မီးသည် ပလက်ဝမြို့ပေါ်တစ်ခုတွင်သာရှိပြီး ကျန်သော
 ကျေးရွာများတွင် လျှပ်စစ်မီးမရရှိနိုင်ဘဲ ဖယောင်းတိုင်းမီးကိုသာ အဓိကအားထားလျက်နေ ထိုင် ကြရလျက်ရှိပါသည်။

ထို့ကြောင့် ဒေသခံများ၏လိုအပ်ချက်အရ ကျေးရွာများ လျှပ်စစ်မီးရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေ များ ရရှိရေးအတွက် ချင်းပြည်နယ်အစိုးရမှ ရေအားလျှပ်စစ်ရရှိရေးအတွက် ကျေးရွာပေါင်း (11) အတွက်
သော်လည်းကောင်း၊ ရေရရှိရေးအတွက်နောက်ထပ် အခြားကျေးရွာများအတွက်သော်လည်းကောင်း
 ငွေကျပ်သိန်းပေါင်း (၉၀၀) ခန့် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယခင်က ကောင်စီဥကဌဟောင်း ဦးလှဝင်း၏ပြောကြားချက်အရ  သိရှိရပါသည်။

တရွာစီအတွက် ထောက်ပံ့ငွေအရေအတွက်မှာ ရွာတစ်ရွာ၏ရေအားလျှပ်စစ်တပ်ဆင်ရန် အဆင်ပြေသော နေရာ၏အကွာအဝေးအပေါ်တွင် မူတည်ကွာခြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် အဆိုပါ ရေအား လျှပ်စစ်တပ်ဆင်ရေးအတွက် လိုအပ်သော နည်းပညာရှင်များကိုမူ သက်ဆိုင်ရာကျေးရွာဒေသခံများမှ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေကာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ၄င်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သောကျွမ်းကျင် ပညာရှင်များမှာ ပလက်ဝမြို့နယ်အတွင်း ယခု အသင့်ရှိနေပြီဖြစ် ကြောင်း လေ့လာသိရှိရပါသည်။ 

၎င်းနှင့်ပတ်သက်၍ အခြေအနေအား ဆက်လက်မေးမြန်းရာ၊ ဦးလှဝင်းက “ ဒီစီမံကိန်းအကောင် အထည်ဖော် လုပ်ဆောင်တဲ့အခါမှာ သူတို့ချပေးငွေပမာဏက တရွာနှင့်တရွာမတူဘူး။ သူ့ရဲ့ဆောက်လုပ် သွားမယ့် နေရာအပေါ်မူတည်ပြီး ကွာခြားသွားပါမယ်။ အချို့ရွာက သိန်း (၂၀)၊ သိန်း (၃၀ - ၄၀) လောက် အထိ ချပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အစည်းအ ဝေးတော့ ထိုင်ပြီးသွားပြီ။ ပိုက်ဆံလည်း အခု ပြည်နယ်မှာ အသင့်ရောက်နေပြီ။ ကျေးရွာ အဆင့်ထိက ဘယ်တော့ ချပေးမလဲဆိုတာမသိသေးပါဘူး။ ဒါပေမယ့် စက်တင်ဘာလလောက်မှာ  ချပေးနိုင် မယ်လို့ မျော်လင့်ပါတယ်။ “ ဟု ဖြေကြားပေးသွားခဲ့ပါသည်။

၎င်းစီမံကိန်းသည် ပလက်ဝမြို့၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့်ချိတ်ဆက်လုပ်ဆောင်သောစီမံကိန်း မဟုတ်ဘဲ၊ ချင်းပြည်နယ်အစိုးရ၏အထောက်အပံ့ဖြင့် လုပ်ဆောင်သောစီမံကိန်းဖြစ်သည်။ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့သည် ရပ်ရွာအတွင်း အသုံးပြုရန်လိုအပ်သော လျှပ်စစ်မီးကို တစ်နှစ်လျှင် ရေအားရရှိမှုအပေါ်တွင်မူတည်တစ်နှစ်လျှင် ၉ လမှ ၁၁ လ (သို့) တစ်နှစ်ပတ်လုံး လျှပ်စစ်မီးရရှိနိုင်ချေရှိကြောင်း သိရှိရပါသည်။

အိုက်ဇက်
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

8 August 2012 at 21:53

ပလက်ဝ မြို့ ကိုပုံမှန် လျှပ်စစ်မီးလာအောင် လုပ်ပေးနိုင်ရင်ဖြင့်ကျေးဇူးတင်လှပါပြီ ။ ခုတော့ဘယ်နှယ့် အီးဘီစီ မီး က နောက်ကျမှလာပြီး စောစော ပိတ်သွားတယ် နောက်ပြီး အီးဘီစီ မီးကစက်ကလဲ ကောင်းတဲ့ရက်ထက် စက်ပျက်တဲ့နေ့ ကပိုများနေတယ် .
ဆီကုန်သွားလို့ ပြောတာကလဲခဏခဏပဲ .. စက်မောင်းသမားနဲ့ လျှပ်စစ် အင်ဂျင်နီယာ ကိုကြည့်လိုက်တော့ဗိုက်ကိုဆွဲနေတာပဲ ... ။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger