မိမိ၏နှမအရင်းကိုသတ်ပြီး ရဲစခန်းတွင် ကိုယ်တိုင်အဖမ်းခံသူ တွီလုံးရွာသားတစ်ဦး

Thursday, August 09, 20120 မှတ်ချက်


ပလက်ဝ၊ သြဂုတ် ၉----ပလက်ဝမြို့နယ်၊ ပီချောင်းထဲရှိ ရပ်ချောင်းအုပ်စု၊ တွီလုံးရွာနေ အဘ ဦးဝင်းထိုက်၏ သား ဦးသိန်းကျော် အသက် ၂၈နှစ် ခန့်ရှိသူသည် ညီမအရင်း ဒေါ်ကင်းမဒီး အသက် ၂၂ နှစ်(လင်ကွာရှင်းပြီးသူ) အား ၂၀၁၂-ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ည (၁၀း၀၀) နာရီခန့်တွင် ဦးအင်္ဂါအောင်နေအိမ်တွင် အိပ်ပျော်နေစဉ် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်ကင်းမဒီး ၏ ရုပ်ကလပ်အား ၅-၈-၂၀၁၂ (တနင်္ဂနွေနေ့)တွင် သဂြိင်္ုလ်ခဲ့သည်။ အသတ်ခံရသူ ဒေါ်ကင်းမဒီးသည် လင်ယောင်္ကျားနှင့် ကွာရှင်းပြီးနောက်တွင် မိမိ၏မောင်ဖြစ်သူ လူသတ်တရားခံ ဦးသိန်းကျော်အိမ်တွင် နေထိုင်ခဲ့လေသည်။

အခင်းဖြစ်ပွားခဲ့သောရွာမှ သင်းအုပ်ဆရာတစ်ပါး၏ပြောပြချက်အရ “ဘာဖြစ်လို့သတ်ရတာလဲဆိုတော့
အခင်းဖြစ်ပုံက ဦးသိန်းကျော်ဟာ သူ့ညီမကို အရမ်းစိတ်ဆိုးဒေါသ ဖြစ်လို့တဲ့။ အရက်လည်း သောက်မထားဘူး။ မမူးပဲနဲ့ ည ၁၀း၀၀ ၀န်းကျင်မှာဖြစ်ခဲ့တာ။”

ညီမကိုထိုးသတ်ခဲ့သူ ဦးသိန်းကျော်သည် မိမိအမှားကို သိနားလည်ပြီး ပလက်ဝ၊ ရဲစခန်းသို့ မိမိကိုယ်တိုင် သတင်းပေး အဖမ်းခံခဲ့ကြောင်းသတင်းရရှိသည်။
၎င်းအမှုကို တရားလိုများက တိုင်တန်းရာ အမှုဖွင့် စစ်ဆေး-ခွဲစိပ်ရန် ၂၀၁၂-ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့တွင် ပလက်ဝပြည့်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း(၂) ဦးနှင့်အတူ ပလက်ဝရဲစခန်းမှူး၊ ဦးဘစော၊ ဗိုလ်လေးအောင်နန်းပ(ရေချမ်းသာရွ
ာ)၊ တပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦး တို့သည်  ပလက်ဝ-တောင်ပြို လိုင်းစက်လှေဖြင့် အခင်းဖြစ်ပွားရာရွာသို့ သွားရောက်ခဲ့သည်။ မိသို့မည်ပုံအရေးယူဆောင်ရွက်သွားမည်ကိုမူ ဆက်လက် စောင့်မျှော်ရအုံးမည်ဖြစ်သည်။

ဤမျှ စိတ်ဆိုးရလောက်သောအကြောင်းအရင်းကိုမူ အိမ်နီးများပင်သိရှိမထားကြပေ။ တွီလုံးရွာသားတစ်ဦးက “တမင်သက်သက် မုန်းတာပဲထင်တယ်။ အရက်လည်း မမူးပဲ ကိုယ့်ညီမအရင်းကိုဒီလိုလုပ်တာဆိုတော့လည်း တော်တော်ကို စဉ်းစားမရပဲဖြစ်နေတာပါ။”

မည်သို့ပင်ဆိုစေကာမူ သေသူက သေသွားလေပြီ။ အခုကျမှ မိမိအမှားနောင်တရနေသော်လည်း အကျိုးနဲရပြီပေါ့။ ဒါကြောင့် ဒေါသရှေ့ထား မှားတတ်၏ ဆိုသောစကားမှန်ပေသည်မဟုတ်လား။

Khu Teicha

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger