အလငသ ကီမိုတောင်ခရီးစဉ် နိုဝင်ဘာ တတိယပတ်တွင်စီစဉ်

Wednesday, November 07, 20120 မှတ်ချက်

ပလက်ဝ၊နိုဝင်ဘာ ၈--- မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်
စစ်တွေသာသနာပိုင်နယ်၊ အင်္ဂလီကန်လူငယ်များအသင်းအနေဖြင့် ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ(၁၆-၁၈) ရက်ထိ၊ လူငယ်များမိတ်သဟာယအစီအစဉ်ကို ကီမိုတောင် (ကျောက်ပန်းတောင်) ပေါ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကီမိုခရီးစဉ်၏ ပဏာမရေးဆွဲထားသောအစီအစဉ်အရ ပလက်ဝမှ မီးချောင်း၊ ဘားဝကျေးရွာ (ဆမီးမြို့အနီး) သို့ နိုဝင်ဘာလ(၁၅)ရက်နေ့ စတင်ထွက်ခွါရန်၊ မီးချောင်းဘားဝကျေးရွာမှ ကီမိုတောင်သို့ နိုဝင်ဘာလ(၁၆)ရက်နေ့ တောင်တက်ရန်၊ ကီမိုတောင် မှ ဆမီးမြို့ခွဲသို့ နိုဝင်ဘာလ(၁၉)ရက်နေ့ ပြန်ဆင်းလာကာ၊
ဆမီးမြို့တွင် ညအိပ်မည်ဟု သိရသည်။

“ညီမက ဒီအရွယ်အထိ ကီမိုတောင်တစ်ခါမှတောင်မရောက်ဖူးသေးဘူး။ အခုလိုအခွင့်ကြုံတုန်း သူငယ်ချင်းတွေအများကြီးနဲ့သွားရမှာဆိုတော့ အရမ်းပျော်တယ်။ ကီမိုတောင်က ခူမီးတို့အမြတ်တနိုးထားတဲ့ သမိုင်းမြေနေရာလေးမဟုတ်လား။ ခူမီးဖြစ်ပြီး ကီမိုတောင် မရောက်ဖူးရင် ခေတ်နောက်ကျတယ်လို့ပဲ ပြောရမှာတောင်ဖြစ်နေတာလေ” ဟု ခူမီးပျိုငယ်လေးတစ်ဦးမှ ခူမီးမီဒီယာသို့ပြောသည်။

အဆိုပါအစီအစဉ်တွင် ပြုလုပ်မည့် ကဏ္ဍများကို ခရီးစဉ်ဖြစ်မြောက်ရေးအဖွဲ့ ရေးဆွဲထားချက်အရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်ခန်းစာ (ဆရာအောင်ဇော်ထိုက်)၊ အားကစားပြိုင်ပွဲ(ချင်းလုံး၊ ဘော်လီဘော)၊ သီချင်းပြိုင်ပွဲ (ညနေ) စသောအစီအစဉ်များပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်မှ လူငယ်များလည်းလာရောက်ပါဝင်မည်ဟု သိရှိရပြီး ၎င်းတို့အနေဖြင့် ကျောက်တော်မြို့သို့ နိုဝင်ဘာလ(၁၂)ရက် အရောက်သွားရန်နှင့် ကျောက်တော်အထိ ပလက်ဝမှ လူငယ်များ လာကြိုမည်ဖြစ်သည်။

ခူတေဇ

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger