World of Life Bible Collage ၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယခုလအကုန်တွင် ပြုလုပ်မည်

Wednesday, January 16, 20130 မှတ်ချက်

January 16th, 2013 isaackth

ရန်ကုန်
ဇန္န၀ါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်သော World of Life Bible Collage ၏ ၂၀၁၂ – ၁၃ ပညာသင်နှစ်၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန္န၀ါရီလ (၂၉) ရက်နေ့တွင် မိမိတို့၏ကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပလက်ဝမြို့နယ်မှ ကျမ်းစာကျောင်းသူ/သား (၆) ဦးလည်း ပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ ထိုသူတို့မှာ မောင်ထွန်းဦး (ဆိုက်ချိုင်ကျေးရွာ)၊ မောင်ဆန်းထွန်း (တန်းဆိပ်ရွာ)၊ မောင်မိုးဇက် (ငန်းချောင်း)၊ မောင်ယောသပ် (ဆမီးမြို့)၊ မအယ်လီဇဘတ် (၀ါးရုံ) နှင့် မဇင်ဟိုက် (ဆမီးမြို့) တို့ ဖြစ်ကြကြောင်း သိရှိရပါသည်။
၎င်းအား မောင်ထွန်းဦးအား မေးမြန်းရာ “ကျွန်တော်တို့ ကျောင်းက ဒီနှစ် ဘွဲ့နှင်းသဘင်မှာ ပလက်ဝမြို့နယ်က ခူမီးလူမျိုး (၆) ယောက်ပါဝင်ပါတယ်။ အဲဒါကြောင့် ရန်ကုန်မှာ ရှိတဲ့ ညီကိုမောင်နှမများအလုံးကို ကျွန်တော်တို့ ဘွဲ့နှင်းသဘင်မှာ လာရောက်အားပေးကြဖို့ရန် ဖိတ်ကြားချင်ပါတယ်။ အဲဒီကို လာမယ်ဆိုရင်တော့ လိပ်စာက တော့ အမှတ် ( 4A/15၊ နတ်စင်လမ်း၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်) ဖြစ်ပါတယ်။ ဘိုကုန်းကားမှတ်တိုင် မှာ ဆင်းရပါမည်။” ဟု ပြောကြားသွားခဲ့ပါသည်။
အသေးစိတ်အချက်အလက်များကို သိချင်ပါက ဖုန်းနံပါတ် ၀၁ – ၆၄၄၁၄၁ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger