ပလက်ဝမြို့နယ်လူမှုရေးအသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ်အခမ်းအနားကို မတ်လတွင် ကျင်းပမည်

Wednesday, January 16, 20131မှတ်ချက်

January 16th, 2013 isaackth

ရန်ကုန်
ဇန္န၀ါရီလ ၁၆
ပလက်ဝမြို့နယ် လူမှုရေးအသင်း၏ (၂၀)ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အခမ်းအနားကို မတ်လ (၂) ရက်နေ့၊ စနေနေ့၊ နံနက် (၉း၃၀) အချိန်တွင် ဒေါပုံမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားတွင် ယခုနှစ် တက္ကသိုလ်ဝင်ခွင့်အောင်မြင်သူများအား ဂုဏ်ပြုဆုများ ချီးမြင့်ခြင်း၊ အသက် (၇၅) နှစ်ပြည် သက်ကြီးများအား လက်ဆောင်များပေးခြင်း စသောအစီအစဉ်များကို ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ပလက်ဝမြို့နယ် လူမှုရေးအသင်းသည် ၁၉၉၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် စတင် တည်ထောင်ခြင်း ဖြစ်ပြီး ယခုအချိန်တွင် နှစ်ပေါင်း (၂၀) တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
၎င်းအခမ်းအနားကို အမှတ် (၁၆၄)၊ ဇေယျသိန္ဒိလမ်း၊ ကြည်စုရပ်ကွက်၊ ဒေါပုံမြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားသို့ မည်သူမဆို တက်ရောက်ရန်ဖိတ်ခေါ်ပါကြောင်း ပလက်ဝမြို့နယ်လူမှုရေးအသင်းမှ ဆရာဦးစိုးသိမ်းက ပြောကြားသွားခဲ့ပါသည်။
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
17 May 2013 at 00:16

I think he got metal illness.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger