တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ 24 ရက်မှ စ၍ ထုတ်ယူနိုင်

Wednesday, July 25, 20120 မှတ်ချက်


2012 ခုနှစ် ပညာသင်နှစ်တွင် ဖြေဆိုအောင်မြင်ကြသော ကျောင်းသူကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့် ဆိုင်ရာ စာရွက်စာတမ်းများ၊ အမှတ်စာရင်း၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွန်နှင့် ပုံစံများကို ဇူလိုင်လ 24 ရက်နေ့မှစ၍ မိမိဖြေဆိုခဲ့သောစာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။


၎င်းအပြင် တက္ကသိုလ်ဝင်ခွင့်လျောက်လွာများကို အဆင့်မြင့်ပညာဦးစီးဌါန (အောက်မြန်မာပြည်) တွင် ဇူလိုင်လ 24 ရက်မှ သြဂုတ်လ 15 ရက်နေ့အထိ ပိတ်ရက်မရှိလျောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါဌါနမှ ၀န်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက ဖုန်း 537677 ၊ 525612 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

စနေမောင်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger