မလေးရှားရောက်ခူမီးလူမျိုးသုံးယောက်ယမန်နေ့မနက် တွင်အဖမ်းခံခဲ့ရ၊

Wednesday, August 08, 20123မှတ်ချက်


မလေးရှားနိုင်ငံ၊ပီနန်းမြို့၊ သြဂုတ် ၈--- ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ကျောက်ဖျာကျေး
ရွာသားများဖြစ်ကြသော အသက် ၂၅ အရွယ်သူငယ်ချင်းများဖြစ်ကြသော Ai Mung Phyu Hla, Ai Aung Lin Tun နှင့် Ai San Aung တို့သည်
Langkawiတွင်အလုပ်သွားလုပ်ရန် သေ
ဘာင်္လက်မှတ်ဝယ်ယူပြီး အလုပ်လုပ်ဖော်သူငယ်ချင်းတစ်ယောက်ကိုစောင့်နေချိန်တွင် ရဲများကလာရောက်ဖမ်းဆီးကာ ရဲစခန်းခေါ်သွားခဲ့သည်။ ရဲစခန်းတွင်တစ်နာရီကျော်ကြာပြီးနောက် Kuala Perlis ရဲစခန်း။လန်ကာဝိတ်မြို့။မလေးရှားနိုင်ငံ လ.၀.က ထိန်းသိမ်းရေးစခန်းသို့ပို့လိုက်ပါသည်။ ၄င်းတို့သုံးဦးအနက် Ai Aung Lin Tun နှင့် Ai San Aung သည်မလေးရှားနိုင်ငံရှိ ACR Community ကဒ်ကိုင်ဆောင်ထားပြီး Ai Mung Phyu Hla မှာ မနေ့ညနေကမှ
မလေးရှားနိုင်ငံသို့ရောက်ရှိလာ
သူဖြစ်သောကြောင့် မည်သည့်အထောက်အထားမှ ကိုင်ဆောင်ထားခြင်းမရှိသေးပေ။
၎င်းတို့သုံးယောက်သည် မလေးရှားနိုင်ငံ လ.၀.က ထိမ်းသိမ်းေ
ရးစခန်းတွင် (၁၄) ရက်ခန့်နေရမည်ဖြစ်ပြီး
၁၄ ရက်လွန်လျှင် တရားရုံးတွင် အမှုဆုံးဖြတ်ချ
က်ရန်ပို့ဆောင်ရမည်ဖြစ်သည်။ တရားရုံး၏ဆုံးဖြတ်အတိုင်း အပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်သည်။
၎င်းသတင်းနှင့်ပတ်သတ်၍ ပလက်ဝခူမီးလူမှုရေးအသင်း(မလေးရှား)၏ Coordinator ဖြစ်သူ ကိုလွင်လွင်မှ ဤသို့ပြောပြခဲ့သည်။ “ဒီနေ့ညနေအထိကျွန်တော်နဲ့အဆက်အသွ
ယ်ရပြီး သူတို့ကိုအားပေးစကားပြောပေးပါတယ်။ ဘာမှစိုးရိမ်စရာမလိုတဲ့အကြောင်းနှင့်အမှုဆုံးဖြတ်ချက်ချပြီးတဲ့နောက် ထောင်ကျခဲ့ရင်တောင် ထောင်ထဲကနေအဆက်အသွယ်ပြန်ပြီးပြုလုပ်ပေးပါ..လို့မှာထားပါတယ်။ ပြီးတော့တခြားလိုအပ်တာတွေလည်း အားပေးမှာကြားပေးခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ခူမီးလူမူရေးအဖွဲ့အစည်းအနေနဲ့လည်း အတတ်နိုင်ဆုံးအဖမ်းခံရသူခူမီးလူမျိုးသုံးယော
က်ပြန်လည်လွတ်မြောက်နိုင်အောင် ကြိုးစားပေးနေဆဲပါ။ ပြည်တွင်း၊ပြည်ပနေရာအသီးသီးမှာရှိကြတဲ့ ခူမီးညီအစ်ကိုများကလည်းဆုတောင်းပေးကြပါလို့တောင်းခံချင်ပါတယ်” ဟုပြောပြသွားခဲ့သည်။

ပလက်ဝခူမီးကွန်မြူနီတီ (Paletwa Khumi Community) အဖွဲ့သည် မလေးရှားနိုင်တွင်ရှိသော ပလက်ဝမှလူမျိုးများအတွက် ရပ်တည်ကာကွယ်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တချို့အဆက်အသွယ်မရသေးသော ပလက်ဝခူမီးလူမျိုးများအား လိုက်လံရှာဖွေ ကူညီဖေးမမှုများလည်းပြုလုပ်လျှက်ရှိသည်။

Share this article :

+ မှတ်ချက် + 3 မှတ်ချက်

8 August 2012 at 22:57

မလေးရှားရောက် ခူမီးလူမျိုးများ နဲ့ မြန်မာပြည်သားများတို့သည် မလေးရှား အစိုးရ ထုတ်ပြန်ထားသော ဥပဒေများကို လိုက်နာခြင်းရန်မှာ နိုင်ငံခြားသားများ တာဝန်ပင်ဖြစ်သည်... ခူမီးများ မှာ မလေးရှား လူနေမှုနဲ့ လိုက်လျောက်ညီထွေအောင် နေတတ်ဖို့လိုတယ် ... အခုအဖမ်းခံရသည်မှာလည်း အပြင်တွင် မတ်သပ်ရပ်နေလို့ ၇ဲများ မြေးမြန်းရာ မှ ပါမစ်မရှိသူများဖြစ်နေတာကြောင့် ဖမ်းဆီးခြင်းဖြစ်သည်.. မကြာခင် လွတ်လာမည်လို့မျှော်လင့်ပါတယ်

Anonymous
9 August 2012 at 02:24

ပိုက်ဆံ ကူရင်တော့လွတ်မှာပေါ့ .. အဲ ပိုက်ဆံမတတ်နိုင်လို့ ကတော့ ထောင် ၆ လ နဲ့  ကြိမ်ဒဏ် ကျခံရတော့မှာပေါ့ဗျာ .. စိတ်မကောင်းပေမဲ့ဘယ်တတ်နိုင်ပါ့မလဲ ...

Anonymous
8 September 2012 at 19:01

ဆရာရေ....အဖမ်းခံ ထားရတဲ့ သူတွေရဲ့  မိဘ ဆွေမျိုးတွေက ၎င်းတို့ အတွက် ပူပင် သောက ရောက်နေ ပါတယ်။ ဒါကြောင့် ဆရာ့ အနေနဲ့ ၎င်းတို့ရဲ့  လက်ရှိ အခြေအနေကို အမြန်ဆုံး စုံစမ်းပြီး တင်ပြ စေလို ပါတယ်။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger