ENC ဥက္ကဌ Dr. Lian Hmung Sakhong အားချင်းလူထုမှ လေဆိပ်တွင်ကြိုဆို

Wednesday, October 10, 20120 မှတ်ချက်

 ရန်ကုန်၊ အောက်တိုဘာ ၁၁--ရှစ်လေးလုံးအရေးအခင်းအပြီး  နှစ်ပေါင်းနှစ်ဆယ်ကျော် မြန်မာပြည်သို့   ပြန်ခွင့်မရသော တိုင်းရင်းသားလူမျိုးများကောင်စီနှင့် ချင်းအမျိုးသားများကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းအား ယမန်နေ့က ရန်ကုန်လေဆိပ်တွင် ချင်းအမျိုးသားလူထုများနှင့်အတူ ခူမီးချင်းလူငယ်များမှလည်း ကြိုဆိုခဲ့သည်။

ဒေါက်တာလျန်မှုန်း ဆာခေါင်းသည် မကြာသေးခင်ကာလကမှ ဦးသိန်းစိန်အစိုးရ၏ Black List မှ ပယ်ဖျက်ခြင်းခံရသောသူဖြစ်ပြီး ယခုခရီးစဉ်တွင် “ Peace Research Institute of Oslo” ၏ပြုလုပ်သော  Political Reforming Peace in Burma နှီးနှောဖလှယ်ပွဲအား တက်ရောက်ရန်နှင့် ဖက်ဒရယ်ရေးရာ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး နှင့် ဒီမိုကရေစီသင်တန်းများကိုလည်း
တိုင်းရင်းသား ဒေသများတွင်ပို့ချရန်ကိုလည်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသောကြောင့် တိုင်းရင်းသားများ လက်နက်ကိုင်တိုက်ပွဲဝင်ရခြင်း၏အကြောင်းကို လေ့လာပြီး တိုင်းရင်းသားခေါင်းဆောင်များ သမိုင်းကို ရေးသားမည်ဖြစ်ကြောင်း 7 days News ၏ Facebookစာမျက်နှာတွင် ဖော်ပြထားသည်။

၎င်းမှာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ်အတွင်း စစ်အစိုးရ၏ သုံးကြိမ်တိုင်တိုင် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် မာတင်လူသာကင်းငြိမ်းချမ်းရေးဆုကိုရရှိခဲ့သည်။

ပြည်ပသို့ မထွက်ခွာခင် ၁၉၈၂ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ၀ိဇ္ဖာဘွဲ့ဂုဏ်ထူးဘွဲ့ရရှိပြီး ၁၉၈၅ ခုနှစ် မဟာဝိဇ္ဖာဘွဲ့၊ မြန်မာဓမ္မတက္ကသိုလ်ပညာဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် ရရှိခဲ့သည်။ ပြည်ပသို့ ထွက်ခွာပြီး ၂၀၀၀ ပြည့်နှစ်တွင် ဆွီဒင်နိုင်ငံ Uppasa တက္ကသိုလ်တွင် ပါရဂူဘွဲ့ကိုရရှိခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ချင်းလူမျိုးများနှင့် တွေ့ဆုံပွဲတရပ် အား အောက်တိုဘာလ (၁၃) ရက်၊ ညနေ (၃) နာရီမှ (၆) နာရီအထိ UMFCCI ခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း ဤခရီးစဉ်အတွင်းတွင် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရသည်။ 

ဒေါက်တာလျန်မှုန်းဆာခေါင်းသည် တက္ကသိုလ်ကျောင်းသားဘ၀တွင် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ အတွင်းရေးမှူးဖြစ်ခဲ့ပြီး၊ ၁၉၈၈ အရေးတော်ပုံတွင် ဖွဲ့စည်းခဲ့သော ချင်းအမျိုး သားသမဂ္ဂ (CNU) တွင် အတွင်းရေးမှူး၊ ထို့နောက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ချင်းအမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (CNLD) ၏ အထွေထွေအတွင်းရေးမှူးနှင့် တိုင်းရင်းသားတပ်ပေါင်းစုဖြစ်သော United Nationalities League for Democracy (UNLD) တွင် အတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့ သူဖြစ်သည်။ 

လက်ရှိတွင် တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ၏ ဥက္ကဌ နှင့် ချင်းအမျိုးသားတပ်ဦး၏ အဓိပတိ ကောင်စီတွင် ပညာရှင်တဦးအနေဖြင့် ပါဝင်လျက်ရှိသည်။ 

Dr. Lian Hmung Sakhong အားလေဆိပ်တွင် လာရောက်ကြိုဆိုသူ ချင်းလူထုအယောက် ၁၅၀ ကျော်ခန့်ရှိသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger