ပလက်ဝမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် မိခင်နှင့် အမွှာကလေး အသက်ရှုံးဆုံး

Tuesday, January 08, 20130 မှတ်ချက်



ပလက်ဝ၊ ဇန္န၀ါရီ ၉ --- ပြီးခဲ့သော ဇန်န၀ါရီ ၇ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ကလေးအမွာပူးမွေးဖွါးသူ မိခင်တစ်ဦးသေဆုံးပြီး (၃)နာရီအကွာတွင် ကလေးနှစ်ဦးပါ သေဆုံးခဲ့သော အခင်းတစ်ရပ်ဖြစ်ပွားခဲ့သည်။့

ဖြစ်ပျက်ပုံမှာ အဆိုပါ ရခိုင်သူလေး ကလေးမိခင်သည် ရှင်းလက်ဝကျေးရွာဇာတိဖြစ်သည်။  သူမသည်မကြာသေးမီ တစ်လခန့်က ကျောက်ဖြူပညာရေးကောလိပ်မှကျောင်းဆင်းထားသူဖြစ်ပြီး
ကျောက်ဖြူကအပြန် တစ်လခန့်အကြာတွင် ယခုကဲ့သို့ဗိုက်နာမှုဖြစ်ပွားကာ အရေးပေါ်
ပလက်ဝသို့ဆင်းလာခဲ့ခြင်းဖြစ်သည်။

“ပလက်ဝမရောက်ခင် စေတီပြင်ကျေးရွာ အရောက်မှာ
ကလေးတစ်ယောက်မွေးဖွါးခဲ့တယ်။ ဒါပေမဲ့ အဆင်းမကျနိုင်ခဲ့ဘူး။ ထရွန်အိုင်ကျေးရွာက သားဖွါးဆရာမကို အကူအညီတောင်းပြီး နောက်ထပ်ကလေးတစ်ယောက်ကိုမွေးဖွါးပေးခဲ့ပါတယ်။ အဲဒီအချိန်ထိလည်း အဆင်းလုံးဝ
မကျနိုင်ဘဲရှိနေခဲ့တာကြောင့် ဆရာမက ပလက်ဝပြည်သူ့ဆေးရုံကို ဆင်းဖို့ လမ်းညွန်ခဲ့ပါတယ်။ ဒါကြောင့် ရှင်းလက်ဝကနေ နံနက်(၇)နာရီမှာ ထွက်လာခဲ့တယ် ဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ပင်ခက်ခဲမှုကြောင့် ညနေ (၆)နာ၇ီမှာမှ ပလက်ဝပြည်သူ့ဆေးရုံးကို ရောက်နိုင်ခဲ့တယ်”ဟု လိုက်ပို့သူ ဦးသူရဌေးမှ
ပြောသည်။

ရောက်လျှင်ရောက်ချင်း မြို့နယ်ဆရာဝန်မှ အစွမ်းကုန် ကြိုးကြိုးစားစားကုသ
ပါသော်လည်း အဆိုပါ လူနာအား ကယ်ဆယ်ရန် အချိန်နောက်ကျခဲ့လိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။ ဆရာဝန်၏ဆေးမှတ်ချက်အရ လူနာ၏ သားအိမ် ကွဲပြဲသွားခြင်းပင် ဖြစ်သည်။

အမှန်ဆိုရလျှင် ၎င်းမိခင်သည်လုံးဝမသေသင့်ပါ။ ပလက်ဝမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးခက်ခဲမှုကြောင့် မသေသင့်သော သက်ရှိလူပုဂ္ဂိုလ်တစ်ယောက်အား ရှုံးဆုံး ရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့်အတူ အားလုံးဝမ်းနည်းကြေကွဲ ခဲ့ရကြောင်း ရပ်မိရပ်ဖများက ဆိုသည်။

ကလေးမိခင်များအနေဖြင့်လည်း မိမိမွေးဖွါးရက်ကို သတိမူ၍ နီးစပ်ရာ မြို့နယ်ဆေးရုံသို့ အမြန်သွားရောက်ကုသသင့်ပါကြောင်း အသိပေးလိုက်သလိုပင်။ သို့သော် ဤသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမလာသေးတရွေး ဒေသခံပြည်သူများ၏ ဘ၀စိတ်ချလုံခြုံမှုကို မည်သို့တည်ဆောက်နိုင်မလဲဟု တွေးပူနေလျှက်ရှိနေကြသည်။

မွေးဖွါးစ ကလေးနှစ်ဦးကို ဇန္န၀ါရီ ၇ ရက်နေ့ညနေ ၁၀နာရီတွင်သဂြိုလ်ပြီး သေဆုံးသူ မိခင်ကိုလည်း ယမန်နေ့ နေလည်ပိုင်းတွင်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

အိုက်တင်း

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger