သင်းအုပ်ဆရာ ဦးဟွေ့ဘဲ၏ ချစ်လှစွာသော တူကလေး အိုက်စိုင်လင်း ရေနှစ်သေဆုံး

Tuesday, January 08, 20131မှတ်ချက်



ရန်ကုန်
ဇန၀ါရီလ 8
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်နေထိုင်လျက်ရှိသော MLC အသင်းတော်မှ သင်းအုပ်ဆရာ ဆရာဦးဟွေ့ဘဲ၏ နေအိမ်တွင်ခေတ္တနေထိုင်သော အိုက်စိန်ပီး နှင့် အွေ့ဇင်မာအောင်တို့၏ သားဦးလေး အိုက်စိုင်လင်းသည် ယနေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် မိမိတို့နေအိမ်ရှိ ရေစည်ပိုင်းတွင်ရေနှစ်က ဆုံးပါးသွားကြောင်း သတင်းရရှိသည်။

အဆိုပါကလေးသည် တစ်နှစ်ခန့်သာ ရှိသေးသောကလေးဖြစ်ပြီး စကားကိုမပြောတတ်သေးပေ။ ရေမွန်းနေကြောင်းတွေ့ရှိသည်နှင့်တပြိုင်နက် ရွှေပြည်သာပြည်သူ့ဆေးရုံတွင် ပို့ဆောင်ခဲ့သေးကြောင်း၊ သို့သော်လည်း ဆေးရုံတွင်ရောက်ရှိသောအခါ ကလေးမှာ အသက်မရှိတော့ကြောင်း
ဆရာဟွေ့ဘဲ၏ ပြောကြားပေးချက်အရ သိရှိရပါသည်။

“အဲဒီကလေးရဲ့အဖေက မလေးရှားမှာအလုပ်လုပ်ပါတယ်။ ကလေးက သားဦးပါ။ သူ့အမေနဲ့ ဆရာတော်ဟွေ့ဘဲအိမ်မှာ နေတာ” ဟု အိုက်လင်းရန်မှ ခူမီးမီဒီယာသို့ပြောသည်။

တကယ်မဖြစ်သင့်သော ဖြစ်ရပ်သာဖြစ်ကြောင်း၊ မိခင် (သို့) ကလေးထိန်းအနေဖြင့် ယခုကဲ့သို့ ငယ်ရွယ်နုနယ်သော ကလေးငယ်ကို ရေးချိုးပေးပါလျှင် သတိထားစောင့်ကြည့်နေသင့်ကြောင်း၊ ယခုကဲ့သို့အဖြစ်အပျက်နှင့် ကြုံရသောအခါကျသောအခါတွင်လည်း မိဘများသာ ပူဆွေးသောကရောက်ရသည်သာဖြစ်ကြောင်းဖြင့် ဆိုကြသည်။

ကလေးကို ယနေ့ညတွင် နေအိမ်တွင် ထားရှိပြီး ၀တ်ပြုကိုးကွယ်ခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကာ မနက်ဖြန်တွင် ရွှေပြည်သာမြို့နယ်မှ ခရစ်ယာန်သင်္ချိုင်းတွင် မြေမြုပ်သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း ဆရာဟွေ့ဘဲမှ ဆက်လက်ပြောကြားပေးသွားခဲ့ပါသည်။

Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
8 January 2013 at 07:01

Aw, amjo,amnau chi aw, manai sa u nai moh? phreisang y nai ra phrei nai satang ly khrikhri paleung hawi y, aw, ati py ne sy, Sara Hawi Be yhm dengtheung bawibawi py paleung y nai awm u laah moh? Phrei chung vie bo i, tameuh te chiu sa nai hawi atho laai nai ha,rei awm khyh bo. Kai py hinih satang phain, niu nai diengdairie paleung ama prai nai ne. Na iy py hinih deaungdi my achi i angmuh, angpo bawibawi chi ai momang amy i chapo, chanau ai manai kamta khrym u baly hawi ai moh? nanai chiengra, kama ra pei nai nanai adawn u si na ba. Paleung hawi y nai my, Kanneth. Ai hawi sau

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger