ခူမီးလူမျိုးထဲမှ ပေါ်ထွက်သော အယ်ဒီတာတစ်ဦးနှင့်တွေ့ဆုံခြင်း

Monday, July 30, 20124မှတ်ချက်


ခူမီးလူမျိုးထဲက ထင်ရှားတဲ့စာရေးဆရာ၊ အယ်ဒီတာ တစ်ဦးနဲ့ ၂၀၁၂ ခု၊ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - ဆရာ့နာမည်နဲ့ မိဘတွေကိုအရင်မိတ်ဆက်ပေးပါအုံး။
ဖြေ -  ဦးဗန်တလင်း ( U Van Tling )  ပါ။  မိဘတွေကတော့ ဦးလှပေါင်နှင့် ဒေါ်ရိုင်ပါ။
မေး - မွေးရပ် ဇာတိကကော ဆရာ။
ဖြေ -  ၃၀/ ၈ / ၁၉၆၂ မှာ ဘွေရိန်းကျေးရွာ( Boi Ring )၊ မတူပီမြို့နယ်၊ ချင်းပြည်နယ် မှာမွေးပါတယ်။
မေး - ဆရာ့ရဲ့ပညာရေးနောက်ကြောင်းကိုလည်း ပြောပြပါအုံး။
ဖြေ - ၁၉၈၂-၈၃ ခုနှစ်မှာ ချင်းပြည်နယ်၊ မတူပီစာစစ်ဌာနကနေ မြန်မာစာ ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ပြီးတော့၊ ၁၉၈၇ ခုနှစ်မှာ မြန်မာစာ Major နှင့် B.A ဘွဲ့ကို စစ်တွေစာစစ်ဌာနမှာ ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
မေး - ဆရာ့ရဲ့အသက်မွေးဝတ်ကျောင်း အလုပ်အကိုင်ကိုလည်းသိချင်ပါတယ်
ဖြေ -  ယခင်က မူ/ပြ၊ မူ/အုပ်၊ လယ်/ပြ ဆရာအဖြစ် ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၉၁ ခုနှစ်၊ သြဂုတ်လ  `                        (၁၄) ရက်နေ့မှာ အသက်တာပြောင်းလဲခဲ့ပြီးနောက် သာသနာရေးမှာ ၀င်ရောက်အမှုတော်ဆောင်ခဲ့တယ်။
မေး - ဒါဆို ဆရာ့ရဲ့လုပ်ငန်းအတွေ့အကြုံက တော်တော်ကိုစုံတာပေါ့။
ဖြေ - အင်း.. သာသနာရေးမှာ ဧ၀ံဂေလိဆရာ၊ သင်းအုပ်ဆရာ၊ သာသနာပြုဆရာ၊ နယ်တာဝန်ခံ နှင့်အတွင်းရေးမှုး အပြင်၊ ကျမ်းစာကျောင်းမှ တာဝန်ခံ၊ ဘာသာပြဆရာ အဖြစ်ထမ်းဆောင်ခဲ့ဖူးတယ်။
မေး - တော်တော်အစေခံတာပဲ။ အခုအထိအဲဒီလုပ်ငန်းအားလုံးကို ထမ်းဆောင်နေတုန်းပဲလား။
ဖြေ -  ယခုတော့ (ခရစ်ယာန်စာပေလုပ်ငန်း)“Christian Literature Ministry”ကိုအဓိက လုပ်ဆောင်ပြီး ခရစ်တော်၌ တစ်လုံးတစ်ဝတည်း အသင်းတော်“The Unity in Christ  Church” ကိုဦးဆောင်နေလျက်ရှိပါတယ်။
မေး - ဒါနဲ့ စာပေအတွေ့အကြုံကကော။
ဖြေ -  ၀တ္ထု၊ ဆောင်းပါးနှင့်အခြားစာမူတွေကို ရေးသားခဲ့တယ်။ ကိုယ်ပိုင်ရေးသားတဲ့ စာအုပ်(၅)အုပ်ရှိပြီ၊နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နှင့် ထုတ်ဝေခဲ့တဲ့ စာအုပ်(၁)အုပ် ရှိတယ်။ အယ်ဒီတာလုပ်ငန်းကိုအဓိကလုပ်ဆောင်ခြင်းဖြစ်တယ်၊ မဂ္ဂဇင်း(၇)အုပ်အပြင်၊ အခြားစာအုပ်ပေါင်း(၂၀)ကျော်ကိုလည်း တည်းဖြတ်ထုတ်ဝေခဲ့ပြီးဖြစ်တယ်။
မေး - ဒါဆိုအယ်ဒီတာသက်တမ်းက ဘယ်လောက်ရှိပြီလဲ။
ဖြေ - အယ်ဒီတာလုပ်ငန်းသက်တမ်းကတော့(၈)နှစ်ရှိပါပြီ်။
မေး - ဆရာ့ကလောင်နာမည်က ဘာလဲ။
ဖြေ - ကျွန်တော့် ကလောင်နာမည်က မောင်ပြည့်စုံ(အညတရ) ပါ။             
မေး - သည့်အပြင် တခြားပါဝင်လှုပ်ရှားမှုတွေကော မရှိဘူးလားဆရာ။
ဖြေ - ရှိတာပေါ့။ လူမှုရေးအတွေ့အကြုံအနေနဲ့  ၂၀၀၃-၂၀၀၄ ခုနှစ်အထိ၊ ခဓကမ( KTSF )ဒု-ဥက္က၊ ၂၀၀၄-၂၀၀၈ ခုနှစ်အထိ၊ ခဓကမ( KTSF )  ဥက္ကဌ ၊၂၀၀၅-၂၀၀၉ ခုနှစ်အထိ၊ CTSF “Chin Theological Students Fellowship” အတွင်းရေးမှုး(စာပေရေးရာ)၊ ၂၀၀၈- ယနေ့ထိ၊ ရန်ကုန်ခူမီးခရစ်ယာန်မိတ်သဟာယအဖွဲ့  ဥက္ကဌ၊၂၀၁၀-၂၀၁၂ခုနှစ်အထိ၊ ချင်းလူမှုရေးအဖွဲ့(ရန်ကုန်)  တွဲ-အတွင်းရေးမှူး၊၂၀၁၁-ယနေ့ထိ၊ ပလက်ဝမြို့နယ် လူမှုရေးအသင်း(ရန်ကုန်) တွဲ-ဘဏ္ဍာရေးမှုး တို့လည်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။          
မေး - ဆရာ့ရဲ့ အတွေးအမြင်လေးတွေလည်း သိချင်ပါတယ်
ဖြေ - ကျွန်တော့်အတွေးအမြင်ကတော့
၁။ Khumi Media Group သည် ခူမီးလူငယ်များအဖို့ အသက်ရှုခြင်းတစ်ခု ပါပဲ။
၂။ ခူမီးစာပေအတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ပြုပြင်သင့်ပြီဟုမြင်မိပါတယ်။ ၃။ ချင်းစာပေအားလုံးကို Tone System ဖြင့်ရေးသားပြုစုသင့်သည်ဟုမြင်မိတယ်။ဒါဟာကျွန်ုပ်ရဲ့ကြွေးကြော်သံပါပဲ။  
မေး - ဆိုင်တော့ မဆိုင်ပေမဲ့ သိချင်တာတွေမေးရမယ်ဆိုရင် ဆရာ နှစ်သက် သဘောကျတဲ့ နိုင်ငံရေးခေါင်းဆောင်၊ စာရေးဆရာတွေကိုပြောပြပေးပါလား။
ဖြေ - ရပါတယ်။ နိုင်ငံတော်သမ္မတများအနက် အမေရိကန်သမ္မတ အေဘရာဟံလင်ကွန်းကိုသဘောကျတယ်။ လူမျိုးရေးခေါင်းဆောင်များအနက် မာတင်လူတာကင်း(ဂျူနီယာ)ကို သဘောကျတယ်။ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအနက် ဒေါ်စု ကိုသဘောကျတယ်။ မြန်မာစာရေးဆရာများအနက် ဥာဏ်ရည်၌ ပီမိုးနင်း၊ တွေးခေါ်မှု၌ တက္ကသိုလ်ဘုန်းနိုင်နှင့်အရေးအသားမှာတော့                           သိန်းဖေမြင့်ကို သဘောကျတယ်။ ခရစ်ယာန်စာရေးဆရာများအနက် သန်လျင်ဖေသွင်ကိုသဘောကျတယ်။ ရဲစွမ်းသတ္တိမှာတော့ ဆရာသိန်းအုပ်ကို သဘောကျတယ်။
မေး - တော်တော်စုံတာပ။ဲ ဒါနဲ့ ဆရာ့ဆီကအကြံပြုချက်တွေများ သိခွင့်ရမလား။
ဖြေ - သိပ်ရတာပေါ့။
၁။ မိမိတို့လူမျိုး၊ တိုင်းပြည်နှင့်ဘုရားသခင်၏ နိုင်ငံတော်အတွက် အကျိုးရှိမည်ဟုယုံကြည်လျှင်သေးငယ်သောအမှုကိုပင် ကြီးမားတဲ့မေတ္တာစေတနာနှင့်လုပ်ကြပါလို့မှာချင်ပါတယ်။
၂။ လူငယ်တွေစာများများဖတ်ကြရန်နှင့် စာများများရေးကြရန်တိုက်တွန်းအားပေးချင်ပါတယ်။
မေး - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ - ဆရာပီတာလွယ်လူးရဲ့ ခူမီးမီဒီယာ အတွက် တွေ့ဆုံမေးမြန်းခြင်း( Interview ) အပေါ်ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။
Share this article :

+ မှတ်ချက် + 4 မှတ်ချက်

30 July 2012 at 05:55

အရမ်းကောင်းတယ်နော် ဒီလိုမှ ခူမီးများ တိုးတတ်မှု ရှိမယ်လေ ဆရာ ဗန်တလင်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ်

10 January 2013 at 10:51

ဒီလိုလူမျိုးတွေ များများပေါ်ထွန်းနိုင်ပါစေ .......

Anonymous
30 January 2013 at 19:19

Dear all Khumis, please know there are MANY Khumi editors and writers before and after U Van Tling and search to connect them all for Khumi national spirit. Thanks!

Anonymous
17 May 2013 at 00:17

Saya Van Tling you are great man. I am proud of you..

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger