ဦးလှဝင်း၏ ခေါင်းဒဏ်ရာအား ဟားခါးဆးရုံးတွင် ခွဲစိပ်ကုသနေ

Sunday, July 29, 20120 မှတ်ချက်

ဇူလိုင် ၃၀၊ ဟားခါး။

ခူမီးလူကြီးတစ်ဦးဖြစ်သူ ဦးလှဝင်းသည် မကြာသေးခင်အပတ်က ပလက်ဝမှ ဟားခါးသို့ ခရီးသွားရာလမ်းခရီးတွင် မိမိစီးနှင်းလိုက်ပါလာသော ကားပေါ်တွင် အမှတ်တမဲ့ထိခိုက်မိရာမှ အနာရင်းလာကာ တဖြည်းဖြည်း ပြေတည်လာခဲ့သည်။ မိမိ၏အသက်အရွယ်နှင့် အနာ၏အရှိန်တို့ကြောင့် နှလုံးနှင့်သွေးတိုးရောဂါပါ ပြန်ဖေါက်လာသောကြောင့် ဆေးရုံသို့ပြသရသည့်အထိဖြစ်လာရသည်ဟု သတင်းရရှိသည်။

၎င်းပြေတည်သောအနာကို ဆေးရုံးတွင်ပြသသောအခါ ခွဲစိပ်ကုသရမည်ဖြစ်၍ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဟားခါးဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ ခံယူနေလျှက်ရှိကြောင်း သတင်းရရှိသည်။ ဒဏ်ရာအခြေအနေ တဖြည်းဖြည်းကောင်းမွန်လာပြီဖြစ်သောကြောင့် ဇူလိုင်လ ၃၁ ရက်နေ့လောက်တွင် ဆေးရုံမှ ဆင်းလာနိုင်ဖွယ်ရှိသည်ဟု ၀န်ကြီးကျော်ငြိမ်းမှ ပြောပြခဲ့သည်။

ဦးလှဝင်းနှင့်အတူ ဆရာဝှေ့ပ နှင့် ဦးအောင်ကြီးတို့လည်း ဟားခါးတွင် ချင်းအက်ဥပဒေပြင်ဆင်ရေးဆွဲရန်ရောက်ရှိနေကြောင်း သတင်းရရှိသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger