ဇူလိုင် ၂၃
မန္တလေး။
ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားရေးမှူးဦးစီးဌါန (ကညန) ကထုတ်ပေးတဲ့
ယာဉ်မောင်းလိုင်စင် (စမတ်ကတ်)နဲ့ အာဆီယံနဲ့ မဟာမဲခေါင်မြစ်ဝှမ်းခြောက်နိုင်ငံမှာ တရားဝင်မောင်းနှင်ခွင့်ရပြီလို့
မန္တလေးတိုင်းဒေသကြီး ကညန ဦးစီးမှူး ဦးသိန်းဦးက ပြောပါတယ်။
အရင်ကယာဉ်မောင်းလိုင်စင်တွေကို စက္ကူကတ်ပြားနဲ့
ထုတ်ပေးခဲ့တာ။ မြန်မာဘာသာနဲ့ဘဲ အသုံးပြုထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ ကိုယ်ရေးအချက်အလက်တွေမပါဝင်ခဲ့တာတွေကြောင့်
အာဆီယံနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ အတွက် အာဆီယံလိုင်စင်ကို သက်သက်လျှောက်ထားရတာ
ဖြစ်ပါတယ်။
ဦးသိန်းဦးက “အရင်က အာဆီယံလိုင်စင်သက်သက်လျှောက်ရတယ်။ အခု အာဆီယံလိုင်စင်ကို
ဖျက်သိမ်းလိုက်ပြီ။ အခုထုတ်ပေးနေတဲ့ စမတ်ကတ်နဲ့တင် မောင်းလို့ ရသွားပြီ” လို့ ယခုလ
၂၁ ရက်နေ့က ပြောပါတယ်။
မြန်မာနိုင်ငံ ကညနဦးစီးဌါနက ထုတ်ပေးတဲ့ ယာဉ်မောင်းလိုင်စင်တွေကို
ယခုအခါ စမတ်ကတ်နဲ့ပဲ ထုတ်ပေးနေပြီး စမတ်ကတ်ကို နိုင်ငံတကာအဆင့်မီ ထုတ်ထားတယ်လို့ ဆိုပါတယ်။
“အခု စမတ်ကတ်က သူများနိုင်ငံတွေထက် လုံခြုံမှုအဆင့်တွေ အများကြီးပိုထည့်ထားတာ”
လို့ ဦးသိန်းဦးက စမတ်ကတ်လုံခြုံမှုအဆင့်အတန်းကို ပြောပါတယ်။
ကညနကနေ ကားမောင်းလိုင်စင်တွေကိုဘဲ စမတ်ကတ်နဲ့ ထုတ်ပေးတာဖြစ်ပြီး
ဆိုင်ကယ်မောင်း (က)လိုင်စင်တွေကိုတော့ စက္ကူကတ်နဲ့ပဲ ထုတ်ပေးနေတယ်လို့
သိရပါတယ်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။