ချင်းပြည်နယ် ဟားခါးမြို့တွင် တက္ကသိုလ် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်ရေးအတွက် ထန်တလန်မဲဆန္ဒနယ်က ဒေါ်ဇာတလဲမ်းမှ လွတ်တော်တွင် အဆိုပြုတောင်းဆို

Sunday, July 29, 20120 မှတ်ချက်


မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ တက္ကသိုလ် ဒီဂရီကောလိပ်မရှိသေးသောပြည် နယ်မှာ ချင်းပြည်နယ် တစ်ခုတည်းသာ ဖြစ်ပါတော့သည်။ ထို့ကြောင့် ချင်းပြည်နယ်မြောက်ပိုင်းတွင်နေထိုင်ကြသောကျောင်းသူ/သား များမှာ ကလေးမြို့ရှိ တက္ကသိုလ် တွင် တက်ရောက်နေရပြီး ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင်နေထိုင် သော ကျောင်းသူ/သားများ မှာလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်တွင် တက်ရောက်ကြရလျက်ရှိပါ သည်။ ထိုသို့ အခြားဒေသတွင် တက်ရောက်ပညာသင်ယူနေရသောကြောင့် ဒေသခံကျောင်းသူ/သားများမှာ ပညာသင်ကြားစရိတ်ကုန်ကျမှု ပိုမိုများပြားခဲ့ရပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း ပညာဆက်သင်ရန် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရသူများ အလွန်များပြားလျက်ရှိပါသည်။
အဆိုပါအခြေအနေများနှင့် စပ်လျင်း၍ ထန်တလန်မဲ ဆန္ဒနယ်က ဒေါ်ဇာတလဲမ်းမှ ယခုကျင်းပပြုလုပ်လျက်ရှိ သော လွတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ်၌ တက္ကသိုလ်ဒီဂရီကောလိပ်တစ်ခုရရှိရေးအတွက် တင်ပြတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်းက “ပြည်နယ်နဲ့ တိုင်းဒေသကြီး (၁၄) ခုမှာ ချင်းပြည်နယ်က ဘာ တက္ကသိုလ်မှ မရှိတဲ့ ပြည်နယ်ဖြစ်တယ်။ ချင်းပြည်နယ်က လူတွေက ကလေးမြို့မှာ တက္ကသိုလ်တက်ကြရတယ်။ တလကို ကျပ် ၃၅၀၀၀၀ (သုံးသိန်းခွဲ) လောက်ပေးနိုင်တဲ့သူတွေသာ ကလေးမှာ တက္ကသိုလ်တက်နိုင်တယ်။ ဆင်းရဲတဲ့ကလေးတွေဆို မတက်နိုင်ဘူး” လို့ ပြောပါတယ်။
သူမ၏မေးမြန်းခြင်းအပေါ်တွင် ပညာရေးဝန်ကြီးဌါန ဒုတိယ၀န်ကြီးက “တက္ကသိုလ်တစ်ခုဖွင့်မယ်ဆိုရင် မြေနေရာ၊ အဆောက်အအုံ၊ ဆရာ/မ၊ သင်ထောက်ကူပစ္စည်း၊ ၀န်ထမ်းအင်အား စသဖြင့်လိုအပ်တယ်။ အကြောင်းအကျိုးညီညွတ်တဲ့အချိန်မှာ ချင်းပြည်နယ်မှာ တက္ကသိုလ်ဒီဂရီကောလိပ်ဖွင့်လှစ်သွားဖို့ အစီအစဉ် ရှိတယ်” လို့ ဒေါ်ဇာတလဲမ်းရဲ့ မေးခွန်းကို ဖြေကြားပေးခဲ့ကြောင်း ဇူလိုင်လ ၂၇ ရက်စွဲဖြင့်ထုတ်ဝေသော မော်ဒန်သတင်းဂျာနယ်တွင် ရေးသားဖော်ပြထားပါသည်။
ထို့ကြောင့် ချင်းပြည်နယ်တွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ရေးမှာ လက်ရှိအချိန်တွင် အကောင်အထည်ဖော်ဆောင် ရွက်မည် မဟုတ်သေးကြောင်း၊ ကြောင်းကျိုးညီညွတ်သောအချိန်ရောက်မှသာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

အိုက်ကျော်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger