ပြည်နယ်စည်ပင်ညွန်မှူးဦးဌေးဝင်းနှင့်အဖွဲ့ ပလက်ဝသို့ဒေသခံများ၏တိုင်ကြားသော ပြသနာဖြေရှင်းရေးရောက်ရှိနေ

Wednesday, August 08, 20122မှတ်ချက်


ပလက်ဝ၊ သြဂုတ် ၈--- ပလက်ချောင်းထဲရှိကျေးရွာအသီးသီးမှ ဒေသခံမိဘပြည်သူများ၏ ပြည်နယ်စည်ပင်သို့ တိုင်ကြားခြင်းကိုဖြေရှင်းရန် ချင်းပြည်နယ် ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးဌေးဝင်းကိုယ်တိုင် ၇-၈-၂၀၁၂ နေ့မွန်းလွဲ ၂း၃၀ခန့်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့ကြောင်းသိရှိရသည်။ ချင်းပြည်နယ်စည်ပင်ညွန်မှူးနှင့်အတူပြည်နယ်စည်ပင် ဦးစီးအရာရှိ ဦးထန်ဗန်းလည်းလိုက်ပါလာကြောင်း၊လာရင်းအဓိကအကြောင်းအရင်းမှာသာယာဝ-ပလက်ဝချောင်းဝ- တွီကင်းဝ ကူးတိုးလေလံပြေးဆွဲခြင်းကိုဖြေရှင်းရန် လာရောက်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

ပလက်ဝမြို့နယ် ပလက်ချောင်းတစ်လျှောက်တွင်ရှိသောရွာလူကြီးများမှ ယခုနှစ်တွင် သတ်မှတ်သောပလက်ချောင်း တွီကင်းဝစက်လှေလိုင်းပြေးဆွဲခြင်းနှင့်ပတ်သက်၍မြို့နယ်စည်ပင်၏ချမှတ်သောကူးတိုးလေလံပေးဆွဲသည့် မလိုလားအပ်သောစည်းမျဉ်းများအပေါ် ပြည်နယ်အစိုးရရုံးသို့တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဤအကြောင်းအရာနှင့်ပတ်သက်၍ တိုင်တန်းလက်မှတ်ထိုးရာတွင်ပါဝင်သော ဒေသခံတစ်ဦးအားမေးမြန်းခဲ့ရာ “ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်အထိပလက်ချောင်း တွီကင်းဝကိုပြေးဆွဲတဲ့ ကူးတိုးလိုင်းစက်လှေတွေအစိုးရကနေပြီးသတ်မှတ်တာမရှိခဲ့ပါဘူး။ အဲဒါကြောင့် ပလက်ချောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတိုင်းကHonda(ဟွန်တာ)စက်လှေပိုင်ဆိုင်တဲ့ မိဘပြည်သူတွေအနေနဲ့သာရေး၊ နာရေးကအစပေါ့ကွာလွတ်လွတ်လပ်လပ်သွားလာခွင့်ရရှိခဲ့တယ်။ ဒါပေမဲ့ဒီနှစ်မှာတော့အစိုးရကပလက်ချောင်းစက်လှေလိုင်းကိုသတ်မှတ်ခဲ့တယ်။ အဲဒီကူးတိုးလိုင်းစက်လေလှေလံကိုကစ္စပနဒီသယ်ယူပို့ဆောင်ရေးကူးတိုးလိုင်းအဖွဲ့ကနေပြီးဆွဲယူခဲ့ပါတယ်။ အခုမိုးတွင်းကာလမှာ  ပလက်ချောင်းဝကနေ တွီကင်းဝအထိနေ့စဉ် လိုင်းပြေးဆွဲပေးနေတယ်လေ။ အဲဒီလိုလိုင်းစက်လှေပြေးဆွဲနေတဲ့အတွက်ပလက်ချောင်းတစ်လျှောက် ကျေးရွာတိုင်းကစက်လှေပိုင်ဆိုင်တဲ့မိဘပြည်သူများအနေနဲ့လူလေးယောက်အထက် ခရီးသည်တင်ဆောင်ခွင့်မရှိခဲ့ပါဘူး။ တကယ်လို့တင်ဆောင်ခဲ့ရင်လူပိုကြေးအတွက် ကူးတိုးအဖွဲ့ကိုပေးနေရပါတယ်။ မနှစ်ကချောင်းထဲမှာလှေဆံ့သလောက်လူတင်စီးခွင့်ရပြီး၊ ပလက်ဝချောင်းဝ ကူးတိုးဆိပ်ရောက်မှ လူပိုကြေးအတွက် ကူးတိုးခသတ်မှတ်နှုန်းထားအတိုင်းပေးဆောင်ရင်တော့လွတ်လပ်စွာသွားလာခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ဒီနှစ်မှာတော့အဲဒီလိုသွားလာခွင့်မရပါဘူး။ ဒါကြောင့် ဒေသခံမိဘပြည်သူတွေကပလက်ဝကနေတွီကင်းဝအထိ မြို့နယ်စည်ပင်ရဲ့ သတ်မှတ်တဲ့ကူးတိုးလေလံပေးဆွဲတဲ့ စည်းကမ်းသက်မှတ်ချက်အပေါ် ရွာလူကြီးတွေအားလုံးပူးပေါင်းပြီး တိုင်တန်းရတာပဲဖြစ်ပါတယ်”လို့ပြောပြခဲ့သည်။

ပလက်ဝမှတွီကင်းဝကြားတွင် ရွာပေါင်း ၈ ရွာခန့်တည်ရှိသည်။ ပလက်ချောင်းသည် ပလက်ဝမြို့၏အရှေ့ဘက်တွင်စူးစူးတွင်ကုလားတန်မြစ်ကို မြစ်ဝခံစီးဆင်းလျက်ရှိသည်။

ပလက်ဝမြို့ ဒေသခံတစ်ဦး
Share this article :

+ မှတ်ချက် + 2 မှတ်ချက်

8 August 2012 at 21:30

တကယ်တော့ ခူမီးများ မိမိလူမျိုးများအတွက်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တရွေး ပြသနာက အများတွေ့ရအုံးမယ်...... ခူမိးလူမျိုးများနေထိုင်သော ပလက်ဝမြို့နယ် နဲ့ အခု မြို့နယ်ခွဲ ဆမီးမှာလည်း ခူမီးတွေ အခတ်အခဲများစွာ ကြုံရအုံးမယ် ဘာကြောင်းဆိုတာ အားလုံးသိကြမည်ဖြစ်ပါသည်... ဌာနဆိုင်ရာမျာ ခူမီးများ လူကြီးမရှိတရွေးခံရမည်မှာ ...

8 August 2012 at 21:48

စည်ပင် ကတော့ ထုံးစံအတိုင်းပဲ လူထုဆီက ဘယ်လို ညှစ် ရမလဲဆိုတာပဲချောင်းနေတာ .... တကယ်မြင်ပြင်းကပ်တယ် ...
အခွန်တွေမတရာတောင်းပြီး ပလက်ဝ မြို့ ပေါ် မှာတောင် ဘာမှဟုတ်တိပတ်တိလုပ်မပြနိုင်ပဲ ပိုက်ဆံလိုက်တောင်းနေတာ သူတောင်းစား လိုပါပဲ ။ စိတ်ပျက်တယ် ။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger