အနောက်ပိုင်းစစ်ချုပ် လုံခြုံရေးအတွက် ပလက်ဝကိုရောက်လာ

Saturday, January 12, 20130 မှတ်ချက်

ပလက်ဝ၊ ဇန္န၀ါရီ ၁၁ — ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးသည် ချင်းပြည်နယ်၊ ပလက်ဝမြို့အမှတ်(၂၈၉) ခြေလျင်တပ်ရင်းသို့ ဇန်န၀ါရီ(၉)ရက်နေ့ ညနေ(၄)နာရီတွင်ရောက်ရှိကြောင်း သတင်းရရှိသည်။
လာရောက်ရခြင်း၏အကြောင်းအရင်းမှာ နယ်စပ်ဒေသ နယ်မြေလုံခြုံရေးကိစ္စဖြစ်ပြီး ဇန္န၀ါရီ(၁၀)ရက်နေ့တွင်တောင်ပြိုအထက်ပိုင်း ထရွန်အိုင်ကျေးရွာသို့ရောက်ရှိပြီးရှေ့တန်းရောက် တပ်မတော်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ ထိုမှတဆင့် (၁၁)ရက်နေ့တွင်ပလက်ဝသို့ ပြန်လည်ရောက်ရှိမည်ဖြစ်၍ ပလက်ဝမြို့တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံမည်ဟုလည်း သတင်းရရှိသည်။
ထိုသို့လူကြီးရောက်လာမည်ဖြစ်၍ ပလက်ဝမြို့ကို လုံခြုံရေးအပြည့်ချထား လျှက်ရှိသည်။
“ယခင်ချင်းဝန်ကြီးတွေ ရောက်လာတုန်းက ဒီလောက်လုံခြုံရေးမထားဘူး။ အခုဒီလောက်လုံခြုံရေးတွေများများချထားတာ ဘာဖြစ်လို့ပါလဲ” ဟုပလက်ဝမြို့သူမြို့သားများမှ မြို့နယ်ရဲတပ်ဖွဲတွင်တာဝန်ထမ်းဆောင်နေသော မောင်ကိုလင်းအား မေးမြန်းကြည့်ရာ တိုင်းမှူး ရောက်လာမည်ဖြစ်၍ ယခုကဲ့သို့ အလုပ်ရှုပ်နေရကြောင်းပြောပြသည်။
ပလက်ဝမြို့နယ်အတွင်းတွင် တာဝန်ကျသော တပ်မတော်သားများသည် ယခင်နအဖ စစ်အာဏာရှင်ခေတ်ကအတိုင်း ပြည်သူလူထုအား ပါဝါပြဆက်ဆံနေကြောင်း ကျေးရွာရပ်မိရပ်ဖများက ဆိုသည်။
“အရမ်းကိုသိသာလွန်းတယ်။ ဟိုတစ်နေ့က ရှင်းလက်ဝမှာ ပလက်ကိုဆင်းမဲ့ စက်လှေတစ်စီးကို ထွက်ခွင့်မပေးဘူး။ ခလရ ၃၇၈ က တပ်ကြပ်ကြီးတစ်ယောက်ပဲ။ စက်လှေက လူပြည့်နေလို့သူ့ကိုမတင်တာ။ ဒါကို အာဏာပြပြီး စက်လှေမထွက်ခိုင်းဘူး။ သေနက်အားကိုးနဲ့ ပြည်သူကို ခြိမ်းခြောက်နေတာ”  ဟုကိုယ်တွေ့ကြုံရသူတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ယခုတလော ပြုပြင်ပြောင်းလဲဆဲ ဒီမိုကရေစီနိုင်ငံဟုဆိုသော်လည်း အပြစ်မရှိသော ပလက်ဝနယ်ဒေသခံများအပေါ် စစ်တပ်အာဏာပြဆက်ဆံမှု သိသာထင်ရှား လွန်းလှကြောင်း ဒေသခံပြည်သူများ ပြောဖန်ထပ် လာလေတော့သည်။
ယခုတိုင်းမှူးလာသောကြောင့် တချို့ ပလက်ဝမြို့ထဲက ဈေးဆိုင် အစွန်အထပ်မိုးများဖယ်ရှားလိုက်ရပြီး တိုင်းမှူးပြန်မှ ပြန်လည်လုပ်ရမည်ဟု အမိန့်ချထားကြောင်း ပြောသည်။
ပလက်ဝမြို့တွင် ယနေ့ ညနေ(၅)နာရီရောက်မည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားဌာနဆိုင်ရာလူကြီးများ ပလက်ဝဆိပ်ကမ်းတွင်ကြိုဆိုလျှက်ရှိနေကြောင်း သိရသည်။ မနက်ဖြန်တွင်ရခိုင်ပြည်နယ်၊ အမ်းသို့ပြန်
လည်ထွတ်ခွါမည်ဟု တာဝန်ရှိသူမှပြောပြသည်
အိုက်တင်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger