ပလက်ဝတွင်ပြုလုပ်မည့် CYF တွေ့ဆုံပွဲအတွက် KYAမှ ဒု-အုပ်ချုပ်ရေးမှူးနှင့်တိုင်ပင်

Wednesday, November 07, 20120 မှတ်ချက်

ပလက်ဝ၊ နိုဝင်ဘာ ၈---ပလက်ဝမြို့ နိုဝင်ဘာ(၆)ရက်နေ့ နံနက်(၁၀)ရက်နေ့တွင် ပလက်ဝမြို့ခူမီးလူငယ်များ အသင်း အမှုဆောင် ဦးစတီဗဲန်(ဥကဌ)၊ဒေါ်ခင်ကြည်ထွန်း(ဒု-ဥကဌ)၊ဦးဝှေ့တင်း (အတွင်းရေးမှူး)တို့သည် မြို့နယ်အုပ်ချုပ်ရေး ဒု-ဦးစီးမှူး ဦးကိုးအောင်နှင့်တွေဆုံပြီး ခူမီးလူငယ်များအသင်း ၏ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်မှ တရားဝင် အဖွဲ့အစည်းဖြစ်ရေးဆောင်၇ွက်နိုင်ရန် အထက်သို့အဆင့်ဆင့်တင်ပြရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်နိုင်မှ လုပ်ငန်းများ အမြန်အကောင်အထည်  ဖော်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံများ တင်ပြရမည်ဖြစ်ကြောင်းနှင့်
လိုအပ်ပါကအကူ အညီများပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ “ခူမီးလူငယ်များအသင်းဟာ တစ်ခဏသာအတွက်မဟုတ်ဘဲ ရေရှည်အတွက်စဉ်းစားပြီး ဆာင်ရွက်နိုင်မှမိမိတို့လူမျိုးတိုးတတ်မှာပါ” ဟုမှာကြားခဲ့သည်။

ဒေါ်ခင်ကြည်ထွန်းမှ လူငယ်အသင်းအနေဖြင့် ရည်ရွယ်ချက်(၇)ချက်ဖြင့် ဆောင်၇ွက်လျက်ရှိကြောင်း၊ ဦးစတီဗဲန်မှ ရန်ကုန် ချင်းလူငယ်များ ပလက်ဝတွင်
ဟောပြောပွဲလုပ်ရန်အစီအစဉ်ရှိကြောင်းနှင့် ဦးဝှေ့တင်း မှ ခူမီးလူငယ်အနေဖြင့်လိုအပ်ပါက
အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းခံမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

ရန်ကုန်မှ Chin Youth Forum (CYF)
ပလက်ဝတွင်ပြုလုပ်မည့်သင်တန်းအတွက် နေရာလိုအပ်ပါက အုပ်ချုပ်ရေးမှူးမှ အခြေအနေပေါ် ထောက်ရှုကာ ကီမိုခမ်းမတွင် အသုံးပြုခွင့်ပေးကောင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသွားခဲ့သည်။

ရန်ကုန်အခြေချသော Chin Youth Forum ချင်းလူငယ်များအဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ နိုဝင်ဘာ(၂၀)၀န်းကျင်လောက်တွင် ရောက်လာနိုင်ဖွယ်၇ှိကြောင်း  ပလက်ဝခူမီးလူငယ်များအသင်းသို့ ဖုန်းဖြင့် အကြောင်းကြားသိရှိရသည်။

အိုက်တင်း


Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger