နိုဝင်ဘာ ဒု-ပတ်အတွင်း Myanmar Egress အဖွဲ့ပလက်ဝတွင် သင်တန်းလုပ်မည်

Wednesday, November 07, 20120 မှတ်ချက်



ပလက်ဝ၊ နိုဝင်ဘာ ၇---Myanmara Egress (Ygn) မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ(၁၂-၁၆)ရက်အထိ Certification for education applied leadership သင်တန်းပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါသင်တန်းကို တက်ရောက်ရန် တောင်ပြိုအောက်ပိုင်းကျေးရွာများမှ  လူဦးရေ (၆၀) ဦးခန့်ကို  ဖိတ်ကြားထားပြီးဖြစ်ပါသည်။ တောင်ပြိုအထက်ပိုင်း ကျေးရွာများအတွက်
သင်တန်းကို (မီးဇာကျေးရွာ)တွင် နိုဝင်ဘာလ(၁၈-၂၂)ရက်အထိ သင်တန်းပြုလုပ်မည်ဟု
သင်တန်းဖြစ်မြောက်ရေးတာဝန်ရှိသူမှပြောပြသည်။

"ဒီနှစ်အတွင်းမှာ သင်တန်းတွေတောက်လျှောက် လုပ်နေကြတာတွေ့ရတယ်။ ပလက်ဝဒေသခံတွေအတွက် အကျိုးရှိတဲ့ သင်တန်းတွေများများ လုပ်ပေးတာကောင်းပါတယ်။" ဟု ဒေသတစ်ဦးမှပြောသည်။

သင်တန်းပြုလုပ်မည့်အဖွဲ့အစည်းအနေဖြင့် ဒေသ၏ လိုအပ်ချက်များကို ဦးစွာလေ့လာသင့်ကြောင်း
"သင်တန်းလုပ်မယ်ဆိုရင် ဒီဒေသကလိုအပ်မှုကို အရင် လေ့လာပြီးလုပ်ရင် ပိုပြီးအကျိုးတက်ရောက်မှာပါ" ဟု ပလက်ဝမြို့နယ်လူမှုရေးအသင်း(ရန်ကုန်)၏ အတွင်းရေးမှူးမှပြောသည်။

Myanmar Egressမှပြုလုပ်မည့် သင်တန်းအတွက် ရန်ကုန်မှ သင်တန်းဆရာ(၄)ဦး လာရောက်မည်ဖြစ်ပြီး သင်တန်းအချိန်မှာ နံနက် ၈း၃၀ မှ ညနေ (၄း၃၀)အထိ သတ်မှတ်ထားသည်။ ၄င်းသင်တန်းကို ပလက်ဝမြို့နယ် ချင်းတိုးတက်ရေးပါတီမှ ကြီးမှူး၍ နေရာထိုင်ခင်းမှအစ စီစဉ်ဆောင်ရွက်  ပေးလျက်ရှိကြောင်း သိရှိရသည်။

ခူတေဇ

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger