ပလက်ဝ၊
နိုဝင်ဘာ ၇---၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်နေ့တွင် ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး
လှမင်းနှင့် နပခတိုင်းမှူးဗိုလ်မှူးချုပ်ကိုကိုနိုင်နှင့်အဖွဲ့သည် စစ်လေယာဉ်ဖြင့် ချင်းပြည်နယ်၊
ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာတွင် ဒေသစံတော်ချိန် မွန်းလွဲ(၂း၀၀)နာရီခန့်တွင်
တရွန်အိုင်ကျေးရွာ၊ အစိုးရကျောင်းတွင် ရပ်မိရပ်ဖ(၃၀)ဦးခန့်နှင့် တွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါခရီးစဉ်တွင် နယ်စပ်လုံခြုံရေးကိစ္စရပ်များကို မှာကြားသွားကြောင်း နှင့် တရွန်အိုင်ကျေးရွာဖွံ့ဖြိုးရေးအတွက် တိုင်းမှူးတို့အဖွဲ့က ငွေကျပ်(၃)သိန်း ပေးအပ်ခဲ့ကြောင်းသိရပါသည်။
မွန်းလွဲ (၃း၂၅)နာရီတွင် တရွန်ကျေးရွာမှ တိုင်းမှူးတို့အဖွဲ့သည် စစ်တွေသို့စစ်လေယာဉ်ဖြင့် ပြန်လည်ထွက်ခွါသွားကြောင်းကို ကြေးနန်းစာအ၀င် မှတဆင့် သိရှိရသည်။
ခူတေဇ


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။