ရန်ကုန်၊
နိုဝင်ဘာ ၇---ပလက်ဝမြို့နယ်၊ တုံးမ၀ကျေးရွာ၊ အင်္ဂလီကန်အသင်းတော်ကို ကြည့်ရှုရသော
အင်္ဂလီကန်ဘုန်းတော်ကြီး ဆရာသာဇံ(Rev. Thar Zan)သည် ရန်ကုန်၊ အထွေထွေဆေးရုံသစ်ကြီး၊
ဂျပန်ဆေးရုံ၊ (ပြည်လမ်း စိန်ဂျွန်းမှတ်တိုင်အနီး)တွင် ၆.၁၁.၁၂ ရက် အင်္ဂါနေ့ နံနက်
၆း၀၀ တွင် ကျောက်ကပ်ဝေဒနာအား အောင်မြင်စွာ ခြစ်ထုတ်ပြီးစီပြီဖြစ်ကြောင်း သိရသည်။
“၆.၁၁.၁၂ ရက် မနက် ၁၀း၀၀ နာရီကနေ ၁း၃၀ အထိ ခွဲစိပ်ခန်းထဲမှာနေရတယ်။
ဒါပေမယ့်ခွဲတာမဟုတ်ဘူး။ ခြစ်ထုတ်တာ။ အခုအခြေအနေကောင်းပါတယ်။ အားလုံးရဲ့
ဆုတောင်းကူညီမှုကြောင့်ပါပဲ” ဟုအနီးကပ်တာဝန်ယူကြည့်ကြပ်သူ ဦးစိုးသိမ်းမှ
ခူမီးမီဒီယာသို့ပြောသည်။
ခွဲစိတ်ရန်အတွက် နိုင်ငံခြားရောက် ရင်းနှီးသောမိတ်ဆွေဖြစ်သော ဆရာဦးမောင်ကြုံးမှ ကျပ်တစ်သိန်း နှင့် ရန်ကုန်စည်ပင်ဧရိယာအတွင်းရှိ အင်္ဂလီကန်အသင်းတော် ဘုရားကျောင်း(၂)ကျောင်းက ၅၀၀၀၀ိ/-(ကျပ်ငါးသောင်းတိတိ)စီ ပေးလှူသောကြောင့် စုစုပေါင်း အလှူငွေ ၂၀၀၀၀၀ိ/-(ကျပ်နှစ်သိန်းတိတိ)ရရှိခဲ့ကြောင်းသိရှိရသည်။
ဆရာတော်သည်
၈.၁၀.၁၂ ကတည်းက ဆေးရုံတက်ရောက်ပြီး၊ ယခုမှ ခွဲစိတ်ရန်ဖြစ်သောကြောင့် ဆေးရုံတွင် တစ်လနီးပါးကြာကာလအအတွင်း
ဆရာတော်၏ နေ့စဉ်အာဟာရသုံးဆောင်ရန်အတွက် အဖက်ဖက်မှ လှူဒါန်းခဲ့ကြသူများ၊
လူကိုယ်တိုင်တွေ့ဆုံအားပေးသူများ၊ ဆုတောင်းပေးကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း
ခူမီးမီဒီယာသို့ပြောကြားသွားခဲ့သည်။
ဆေးရုံတွင်
ရက်သတ္တပတ်အနည်းငယ်နေရအုံးမည်ဟုလည်း သိရှိရသည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။