ချင်းပြည်နယ်တောင်ပိုင်း၊
ပလက်ဝမြို့နယ်မှ ယောက်ျား (၁၇) ဦးနှင့် မိန်းကလေး (၃) ဦး တို့သည် မလေးရှားနိုင်ငံတွင်
အလုပ်လုပ်ရန် ရန်ကုန်မြို့သို့ အောက်တိုဘာလ (၂၇) ရက်နေ့က ပလက်ဝမှ ထွက်ခွါသွားကြောင်း
ဒေသခံတစ်ဦး ဒေါ်နန်းကိုး မှ ခူမီးမီဒီယာသို့ ပြောကြားချက်အရ သိရှိရပါသည်။
အဆိုပါသတင်းအား
ဆက်လက်စုံစမ်းရာ ၄င်းအဖွဲ့အားဦးဆောင်သူ ဦးကျော်တင်မှာလည်း မလေးရှားတွင် ယခင်က ရောက်ဖူးခြင်းမရှိသောကြောင့်
အားလုံးအတွက် စိုးရိမ်ရပါကြောင်း သိရှိရပါသည်။ သူတို့အဖွဲ့၏နောက်ဆုံး ဖုန်းဆက် သတင်းပေးချက်အရ
အောက်တိုဘာလ (၂၉) ရက်နေ့တွင်
ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ (၃၀) ရက်နေ့တွင် မလေးသို့ထွက်ခွါမည်ဟု ထင်မြင်မိပါကြောင်း ဒေါ်နန်းကိုးက ပြောကြားပေးခဲ့ပါသည်။ ၄င်းနောက်ပိုင်းမှစ၍ ယနေ့ထိ မည်သည့်အဆက်အသွယ်မျှ မရတော့ကြောင်း သိရှိရပါသည်။

သူတို့အဖွဲ့သည်
တရားဝင် ဗီဇာဖြင့် သွားခြင်းမဟုတ်ဘဲ တရားမ၀င် (အောက်လမ်း) သွားရောက်ခြင်း ဖြစ်နိုင်
သောကြောင့် အားလုံးအတွက် အထူးစိုးရိမ်ရပါကြောင်း ခူမီးမီဒီယာသို့ ပြောကြားသွားခဲ့ပါသည်။
အိုက်တင်း

Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။