တာဝန်ရှိသူမျာား ပလက်ဝဆိပ်ခံတံတားဆောက်လုပ်မှု လေ့လာ

Monday, November 05, 20120 မှတ်ချက်

ပလက်ဝ၊ နိုဝင်ဘာ ၅---၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ပလက်ဝမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်၊ ဒုအုပ်ချုပ်ရေးမှူး ဦးကိုးအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မှူး. တို့အဖွဲ့သည် နံနက် ၉း၃၀ နာရီတွင် ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် ပြုလုပ်လျက်ရှိသော ဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းအခြေအနေများကို သွားရောက်လေ့လာခဲ့သည်။

ဒုအုပ်ချုပ်ရေးမှူး ဦးကိုးအောင်မှ လိုအပ်သော အကူအညီများရှိပါက အချိန်မရွေး တောင်းခံနိုင်ကြောင့် မှာကြားပြီးနောက်တွင် လုပ်ငန်းခွင်မှ တာဝန်ရှိသူများမှာ
ပလက်ဝမြို့နယ်၏ ဘေးပတ်ဝန်းကျင်ကို လေ့လာလိုပါကြောင်း၊ သို့သော်လည်း ယခုရက်ပိုင်းတွင် အလုပ်များနေပါသောကြောင့် လေ့လာရေးခရီးများ မထွက်နိုင်သေးပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။

လုပ်ငန်းခွင်မှ တာဝန်ရှိသူများက အုပ်ချုပ်ရေးမှူးတို့အဖွဲ့အား လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နံနက် (၁၀း၀၀) နာရီခန့်တွင် ပလက်ဝမြို့ဘက်သို့ ကူးတိုးစက်လှေဖြင့် ပြန်လာခဲ့သည်။

ပလက်ဝဆိပ်ခံတံတားသည် ၂၀၀၈ ခုနှစ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ်ထိုး ချုပ်ဆိုခဲ့သော Kalandan Multi-Modal Transit Transport Project ၏ အရေးပါသော အစိပ်အပိုင်းတစ်ခုပင်ဖြစ်သည်။ စစ်တွေမှ ပလက်ဝအထိ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ပြီး၊ ပလက်ဝမှ အိန္ဒိယသို့ ကားလမ်းများဖြင့် ဆက်သွယ်သွားမည်ဟု သိရှိရသည်။


 “စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဒေသခံပြည်သူတွေကို ပွင့်ပွင့်လင်းလင်း အသိပေးမှု တွေပုံမှန်ပြုလုပ်ဖို့လိုပါတယ်။ စီမံကိန်းဆိုင်ရာအကြောင်းအရာတွေကို ပြည်သူတွေက ရှင်းရှင်း လင်းလင်းသိလေလေ သူတို့အနေနဲ့ အပြောင်းအလဲအတွက် ဘယ်လို ကြိုတင်ပြင်ဆင်ရမယ် ဆိုတာကို ပြင်ဆင်နိုင်လေလေ ဖြစ်ပါမယ်။ ဒေသခံတွေရဲ့ သိပိုင်ခွင့် (right to information) ကို လေးစားအသိအမှတ်ပြုရာလည်း ရောက်ပါတယ်။” ဟုဆလိုင်းအိုက်ခင်မှ သြဂုတ်လ ၁၆ ရက်နေ့တွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။


အဆိုပါ ဆောက်လုပ်မှုအား မိုးတွင်းပိုင်း လုပ်ငန်းခေတ္တရပ်ဆိုင်းထားခဲ့သော်လည်း နိုဝင်ဘာ (၁)ရက်နေ့တွင် လုပ်ငန်းအား ပြန်လည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger