ပလက်ဝ၊ နိုဝင်ဘာ ၅---၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် ပလက်ဝမြို့နယ်၊ ကက္ကူးဝရွာတွင် ခူမီးရိုးရာ တအိုင်စာပွဲ(Ta-ai cha pawi) ပြုလုပ်ခဲ့ရာ ကျေးရွာအသီးသီးမှ ခူမီးလူကြီးမိဘများ လူဦးရေ (၈၀)ခန့် ပွဲတော်သို့ ရောက်ရှိခဲကြောင်း သိရှိရသည်။
၎င်းတအိုင်စာပွဲ၏ ပြုလုပ်ရခြင်းအကြောင်းရင်းမှာ ပလက်ဝမြို့နယ်၊ တိုးတက်ရာတိုးတက်
ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ၄င်းတွေ့ဆုံဆွေးနွေးပွဲကို ရွာလယ်ခေါင်တွင် ပြုလုပ်ခြင်းဖြစ်ပြီး ရိုးရာခေါင်၊ အရက် များဖြင့် ပျော်ရွှင်စွာသောက်စား ခဲ့ကြသည်။
၎င်းတွေ့ဆုံပွဲတွင် လွှတ်တော်အမတ် ဦးနန်းဆိုက်သည် မိမိ၏ လွှတ်တော်အတွေ့အကြုံကို ပြောပြ ရှင်းလင်းချင်ပါကြောင်း တောင်းဆိုခဲ့ရာ၊ လူကြီးများက ယနေ့သည် မသင့်တော်ကြောင်း၊ တက်ရောက်သူများနား ၀င်မည်မဟုတ်ကြောင်း စသည်ဖြင့် လူအများစုမှ ကန့်ကွက်ခဲ့ခြင်းကို ဦးနန်းဆိုက်သည် မကျေနပ်သောကြောင့် အရက်မူးလွန်၍ ရပ်ရွာ ကို စိတ်အနှောက်အယှက်ပေးခဲ့ကြောင်းလည်း တက်ရောက်သူတစ်ဦးမှ ပြောပြသည်။
“မူးတာကမူးတာပဲ ဒီလိုပျော်ပွဲရွှင်ပွဲနေ့မှာ စိတ်အနှောင့်အယှက်ဖြစ်စေတာက ကြည့်မကောင်း၊ ကြားမကောင်းပါဘူး” ဟု တက်ရောက်သူတစ်ဦးမှပြောသည်။
ထိုသို့နှောက်ယှက်မှုကြောင့် ကျေးရွာ၏ စည်းကမ်းချက်အရ (၀က်တစ်သိုက် ) တောင်းခံခဲ့ရာ၊ ငွေဒဏ်ဖြင့် ပေးလျော်ခဲ့ရကြောင်း ပွဲတော်သို့ တက်ရောက်သော င/ရှားကျေးရွာနေ ဦးဝှေ့တန်း၏ ပြောပြချက်အရသိရပါသည်။
ခူတေဇ


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။