အသစ်ဆောက်ပြီးသော ယဉ်ကျေးမှုပြတိုက်တွင် ရွှေရတုသဘင်ပွဲ ကျင်းပ

Monday, November 05, 20120 မှတ်ချက်

ပလက်ဝ၊ နိုဝင်ဘာ ၅---ပလက်ဝမြို့နယ်၊ ခူမီးမျိုးနွယ်စု ယဉ်ကျေးမှုပြတိုက်ကို ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ခေါင်မိုး မိုးခြင်းပြီးစီးပြီးဖြစ်၍ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်၊ စစ်တွေသာသနာပိုင်နယ်၊ ရှင်ယောဟန်အသင်းတော်၏ နှစ် (၅၀)ပြည့် ရွှေရတုသဘင်ပွဲတော်ကို ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာ(၄)ရက်နေ့တွင် အဆိုပါပြတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပလက်ဝမြို့နယ်၊ ရှင်ယောဟန်အသင်းတော်(အင်္ဂလီကန်)၏
ဘုန်းကြီးပိုင်နယ် နှစ်(၅၀)ပြည့်ရွှေရတုသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး သဘင်ပွဲတော်သို့ နယ်မှ ဧည့်သည်တော်များ လူဦးရေ(၂၀၀)ခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။

အဆောက်အဦးအတွက် သြစတေးလျ နေ အိုက်အောင်မိုးလင်း ထံမှ ကျပ် (၄) သိန်းကို Australia တွင်ပညာသင်ယူနေသော ဆရာ ဂျိမ်းစ်ဆန်းအောင်နောက် ထည့်ပေးမည်ဟု သိရှိရပြီး ၁-၁၁-၂၀၁၂ နေ့တွင် ပလက်ဝ၊ စာရင်းစစ် ရုံးရှိ ခူမီးလူမျိုး ရုံးဝန်ထမ်းများမှ ကျပ် (၉၅၀၀၀ိ/) ကျပ်တိတိကို ကောင်းမွန်စွာဖြင့် လက်ခံရရှိခဲ့ကြောင်း အဆောက်အဦးဖြစ်မြောက်ရေး ဘဏ္ဍထိန်း ဦးနန်လုံးမှ ပြောပြသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger