လင်းလက်ကြယ်စင် စကားဝိုင်းတွင် ခူမီးကိုယ်စားတစ်ဦးတက်ရောက်ဆွေးနွေး

Monday, November 05, 20120 မှတ်ချက်

ရန်ကုန်၊ နိုဝင်ဘာ ၅---လင်းလက်ကြယ်စင် စကားဝိုင်းမှာ ပလက်ဝမြို့နယ်အတွင်း ဒေသခံများရဲ့ သတင်းလက်လှမ်းမှီ ရရှိနိုင်မှုကို ကေအမ်ဂျီမှ ကိုယ်စားပြုတစ်ဦး ပါဝင်ဆွေးနွေးခဲ့သည်။

ဘီဘီစီက အပတ်စဉ်ထုတ်လွင့်နေကျ လင်းလက်ကြယ်စင် ဆိုတဲ့အစီအစဉ်မှာ တင်ဆက်ထုတ်လွင့်သွားမယ့် စကားဝိုင်းတစ်ခုမှာ မနေ့က (အောက်တိုဘာလ ၄) မထင်မှတ်ဘဲ ပါဝင်ခွင့်ရလိုက်ပါတယ်။



အဲဒီစကားဝိုင်းကို ရန်ကုန်မြို့၊ ကန်တော်ကြီးပန်းခြံထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အစီအစဉ် စီစဉ်သူနဲ့ ဆွေးနွေးသူ၊ လာရောက်နားထောင်တဲ့ပရိတ်သတ် .. အားလုံးပေါင်း 25 ယောက်လောက် ရှိပါမယ်။

အဲဒီမှာ ဆွေးနွေးဖြစ်တဲ့ အကြောင်း အရာတွေက တကယ်ဘဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဥပမာ - သတင်းနားထောင်ရန် အခက်အခဲရှိတဲ့ဒေသမှာ နေထိုင်တဲ့သူတွေဟာ လက်ရှိဖြစ်ပျက်နေတဲ့ သတင်းတွေကို ဘယ်လိုမျိုးနည်းနဲ့ ရယူနေရပါသလဲ။ ဘာသာစကားကို နားမလည်တဲ့သူတွေအနေနဲ့ သတင်းတွေကို ဘယ်လိုရယူနိုင်သလဲ။ သတင်းတွေလူတိုင်း ဆီရောက်နိုင်အောင် ဘယ်လိုနည်းနဲ့ လုပ်ဆောင်ရင် ပိုမိုထိရောက်နိုင်မလဲ၊ ဒေသသတင်းတွေကို လူတိုင်းသိအောင် ဘယ်လိုလုပ်ဆောင်လို့ရနိုင်ပါသလဲ .. စတဲ့ စတဲ့ ခေါင်းစဉ်တွေအပြင် အခြားအကြောင်းအရာတွေကို ကိုယ့်ဒေသကို ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးသွားရ တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုအစီအစဉ်မှာ ခူမီး၊ ကချင်၊ ပအို့ဝ်၊ ကရင် နှင့် အခါလူမျိုး ဆိုပြီးတော့ (၅) ယောက် ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးတဲ့စကားဝိုင်းကို အောက်တိုဘာလ (17) ရက်နေ့ ည 8.30 - 9.00 နာရီ အချိန်မှာ ဘီဘီစီ ရေဒီယိုသတင်းအစီအစဉ်ကနေပြီး ထုတ်လွင့်သွားမယ်လို့ သိရပါတယ်။ အချိန်ရရင် နားဆင်ပေးကြပါအုန်းလို့ ဒီနေရာကနေ တိုက်တွန်းပါရစေ..
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger