ကစ္ဆပနဒီတဲ့ သည်ကုလားတန်
ဒေသဝေါဟာရ ‘ယပန်း’လို့ခေါ်ပြန်
လှိုင်းကမထန်။
မြသားနွယ်တဲ့ ရေအယဉ်
ညင်သာစွာ ရစ်ခွေစီးသည်မို့
လှေဖောင်ကြီးနှင့် စက်ရေယာဉ်
အဆင်ပြေ သွားရေးမခက်ပါဘု
စက်သံကညံ။
မြစ်ဝဲယာ ကမ်းရိုးတစ်လျှောက်
ဖြိုးဖောက်ပါတဲ့ ပဲမျိုးစုံ
ဗူးဖရုံ ဆေးရွက်ကြီးတွေက
ခူမီးတို့ဇွဲ။
ပိုက်ကွန်မျှောတဲ့ ကိုတံငါ
ကြိုးပမ်းကာဝမ်းရေး ငါးရှာဖမ်းကြတယ်
စိမ်းမြမြရေပြင်မှာ(ကွယ်)
မြူးရွှင်လို့နွဲ။
ချင်းလေးမောင်



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။