ပလက်ဝမြို့နယ်တွင် မိုးစဲပြီ

Friday, June 29, 20120 မှတ်ချက်


ဓါတုဆေးမပါ၊ သဘာဝအလျောက်စိုက်သော ကုလားတန်မြစ်ကမ်းနဘေးက စိုက်ခင်းပုံ။
ဇွန်လ 28

(သတင်းတို)
ယနေ့ ပလက်ဝမြို့မှ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ မနေ့မှ စ၍ ဆက်လက် မိုးသည်းထန်စွာရွာသွန်းမှုမရှိတော့ကြောင်း သိရှိရပါသည်။
အဆိုပါမိုးရွာသွန်းမှုသည် ၃ ပတ်ခန့်ကြာမြင့်ခဲ့ပြီး ၄င်းမိုးကြောင့်
ကုလားတန်မြစ်ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ မြစ်ရေလျှံမှုဖြစ်ပွားခြင်းသည်
နှစ်စဉ်ဖြစ်နေကျ ဖြစ်ပြီး ဒေသခံများ၏ကိုင်းကျွန်းလုပ်ငန်းများကို အလွန်ကောင်းမွန်စေပါသည်။ ဒေသခံများ ဓါတုဆေးဝါးများမပါဘဲ သဘာဝဟင်းသီး
ဟင်းရွက်များကို လတ်လတ်ဆက်ဆက်စားသောက်နိုင်သည်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံသောကြောင့် မြေဆီလွာ အသစ်များကို နှစ်စဉ်ပုံမှန်
သဘာဝအလျောက်ရရှိသောကြောင့်ဖြစ်သည်။
အိုက်ဇက်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger