ကေအမ်ဂျီအကြောင်း
ကေအမ်ဂျီဖြစ်ပေါ်လာပုံ
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ည စတူဒီယိုမှအပြန်လမ်းတွင် Rev. Pri Vawi ထံ
ခူမီးမီဒီယာ ဖွဲ့စည်းလိုသောဆန္ဒအကြောင်းကို ကျွန်တော်(ပီတာလွယ်လူး) ထုတ်ပြောမိရာမှ
ဖေဖေါ်ဝါရီ ၁၁ တွင် ရန်ကုန်မြို့၊ ကန်ဘောင် ရှိလက္ဘက်ရည်ဆိုင်တွင် လက်လှမ်းမီသော
ခူမီးလူငယ်များအား ဖိတ်ကြားကာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့လေသည်။
၎င်းဆွေးနွေးပွဲတွင် ကေအမ်ဂျီ ဟူသော မီဒီယာအဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။
ကေအမ်ဂျီဟုအမည်ပေးရခြင်းမှာ ခူမီးလူမျိုးအတွက်
ရပ်တည်လုပ်ရှားမည့်အဖွဲ့အစည်းပေါင်းစည်း၍ ၄င်းအဖွဲ့အစည်းကို ခြုံငုံ၍ သက်မှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်။
ကေအမ်ဂျီအား
ဖွဲ့စည်းရသောအကြောင်းအရင်း
ယနေ့ခေတ်သည် မီဒီယာခေတ်၊ မီဒီယာနှင့်ပြောဆိုလှုပ်ရှားသောခေတ်
တစ်ခေတ်ဖြစ်သည်။ နောင်လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်တွင် မီဒီယာလုပ်ငန်းကို
လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိလာနိုင်ဖွယ်ရှိပြီး၊ ထိုအချိန်တွင် ကမကထ စတင်ဖွဲ့စည်းလုပ်ကိုင်နေခြင်းထက်
ယနေ့သည်အကောင်းဆုံးသောအချိန်ဖြစ်ကြောင်းကိုလေ့လာရခဲ့သည်။ မြန်မာနိုင်ငံတွင်၂၀၁၀
ခုနှစ်မှစ၍ မီဒီယာကို ပိုမိုအာရုံစိုက်လာကြသည်။ ယနေ့နိုင်ငံခေါင်းဆောင်များပင်လျှင်
မီဒီယာမှထုတ်ဖော်ပြောဆိုသော သတင်းများကို နေ့စဉ်ရှာဖွေဖတ်ရှုနေသည်ကို
ဝန်ကြီးများကိုယ်တိုင် ဂျာနယ်တစ်စောင်တွင် ၀န်ခံပြောဆိုသည်ကိုတွေ့ရသည်။ နိုင်ငံရေးကဏ္ဍတွင်လည်း မီဒီယာသည် အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသည်။
ထိုသို့မီဒီယာခေတ်စားနေချိန်တွင် ခူမီးမီဒီယာမရှိပါက
ခူမီးလူမျိုးနှင့်ဒေသအတွက် မည်သူထုတ်ဖော်ပြောဆိုမည်နည်း။ ဥပမာတစ်ခုပေးချင်သည်။
ပလက်ဝနယ်မှ ကျွန်းသစ်တန်ပေါင်းမြောက်များစွာကို ထုတ်လုပ်လျှက်ရှိသော်လည်း ပလက်နယ်မှထွက်သည်ဟု
အမည်မထွက်သည်မှာ ရင်နာစရာကောင်းလှသည်မဟုတ်လား။ အလားတူပင် ပလက်ဝနယ်မှ ဂမုန်း၊
ဝါးဥ(ဖျံဥ)၊ဆနွင်း၊ဂျင်း၊ငှက်ပျော၊သရက်၊မြေပဲ ၊နှမ်း၊ ၀ါး နှင့် အခြား
သယံဇာတများစွာထွက်သော်လည်း ၄င်းတို့အား ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်
အထက်ပိုင်းမှ ထွက်သော ဂမုန်း၊၀ါးဥ ဟုဂျာနယ်တော်တော်များများတွင်
ဖတ်ရှုနေရ၍စိတ်နာနေမိသည်။ အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။ အဖြေမှာ
ခူမီးမီဒီယာမရှိသောကြောင့် ဖြစ်သည်။ တခြားလူမျိုးများတွင် မီဒီယာများစွာရှိသည်။ Journalist
များစွာထွန်းကားခဲ့ပြီ။ ၄င်းတို့က မိမိတို့ပြည်နယ်၊ဒေသအကြောင်းကို
လူထုထံအရောက်ချပြနိုင်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။
ကေအမ်ဂျီအမှုဆောင်များ
ရွေးကောက်ခြင်း
ကေအမ်ဂျီကို ဦးဆောင်ဦးရွက်ပြုမည့် အမှုဆောင်အဖွဲ့အားရွေးကောက်ရာတွင်
ခူမီးလူမျိုးထဲမှ မျိုးချစ်စိတ်ဓါတ်ရှင်သန်သူ အမှန်တကယ်လှုပ်ရှားနိုင်မည့်
လူငယ်များအားရွေးချယ်ခြင်းဖြစ်သည်။ အကြံပေးပုဂ္ဂိုလ်များရွေးကောက်ရာတွင်လည်း
အလားတူပင်ဖြစ်သည်။ သို့သော် ကေအမ်ဂျီ၏ ဗဟိုကော်မတီအား ယနေ့အထိမဖွဲ့စည်းရသေးပေ။
အကြောင်းမှာ ဆင်ကောင်လုံးကြီးပြပြီး အရိပ်မျှသာ လှုပ်ရှားမှုပြနိုင်သော
အဖွဲ့တစ်ခုမဖြစ်ချင်သောကြောင့် ဖြစ်သည်။ ရာထူး၊ဒီဂရီများကို အားနာသောကြောင့်
အမှုဆောင်ထဲတွင်ပါဝင်ခိုင်းခြင်းအလျင်းမရှိပေ။ အဖွဲ့ရေရှည်ရပ်တည်နိုင်ရေးအတွက်
သဘောထားပြည့်ဝစွာထားနိုင်သော စိတ်ဓါတ်ပိုင်ရှင်များကိုသာ
အကဲခတ်အမှုဆောင်ခန့်အပ်ခြင်းဖြစ်သည်။ အမှုဆောင်သည် ကိုယ်ကျိုးစွန့်စိတ်ဓါတ်ကို
အရင်းခံရမည်။
ကေအမ်ဂျီ၏
စည်းမျဉ်းဥပဒေများ
ကေအမ်ဂျီ၏ စည်းမျဉ်းဥပဒေများကိုမထုတ်ပြန်ရသေးပေ။ အကြောင်းမှာ
စောစောကပြောထားသကဲ့သို့ မူစည်းမျဉ်းများကိုများစွာချထားသော်လည်း အလုပ်မဖြစ်ပါက
ရှက်စရာကောင်းပါသည်။ လုပ်ဆောင်ရင်းမှ ရလာသောအတွေ့အကြုံတို့ကိုပေါင်းစည်းကာ
နောင်တွင် စည်းမျဉ်းမူများကိုပြဋ္ဌါန်းမည်ဖြစ်သည်။
ကေအမ်ဂျီ၏
ရှေ့လုပ်ငန်းစဉ်များ။
Khumi
Media Group သည်ခူမီးလူမျိုးဘက်စုံတိုးတက်ရေးကို မီးမောင်းထိုး၊ဆောင်ရွက်မည့်အဖွဲ့ပင်ဖြစ်သည်။
အဖွဲ့၏
ဗဟိုအုပ်ချုပ်ရေးမဏ္ဍိုင်ကို မဖွဲ့စည်းရသေးသော်လည်း တတ်နိုင်သောလှုပ်ရှားမှုများကို
စတင်နေပြီဖြစ်သည်။ ကေအမ်ဂျီသည် သတင်းမီဒီယာလုပ်ငန်းအပြင် ခူမီးလူမျိုးနှင့် ဒေသ၏လိုအပ်ချက်များကို
ရှာဖွေကာ တတ်နိုင်သောကဏ္ဍမှ အထိုက်အလျောက်တစ်ခုအထိကူညီဖြေရှင်းသွားမည်။ ကေအမ်ဂျီ၏အောက်တွင်
အောက်ပါလှုပ်ရှားမှုများကိုလည်း ပြုလုပ်သွားပါလိမ့်မည်။
၁)
သတင်းမီဒိယာ
Japang
Ra-awi NewsLetter ထုတ်ဝေမည်။ Website တစ်ခုဖွင့်နိုင်အောင်ဆောင်ရွက်မည်။ (ခူမီးဒေသမှ
စီးပွားရေး၊လူမှုရေး၊ပညာရေး၊အုပ်ချုပ်ရေး နှင့် အခြားinformation နှင့်ဆိုင်သောကိစ္စအ၀၀ကို
ဖော်ထုတ်ပေးမည်)။
၂)
Social Media
(အင်္ကျီထုတ်ခြင်း၊
ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်ပေးခြင်း၊ အသိပညာဟောပြောပွဲတွေ
ကျင်းပပေးခြင်း၊ English စာ၊ခူမီးစာ သင်ပေးခြင်းအစီအစဉ်၊ အားကစားကဏ္ဍ၊ နှင့်
အခြားအခြားလူမှုရေးလုပ်ငန်းများစွာကို တတ်နိုင်သလောက်ကူညီဆောင်ရွက်မည်)။
၃)
Entertainment Media
(သီချင်းခွေများထုတ်ဝေခြင်း၊
video မှတ်တမ်းများထုတ်ဝေခြင်း၊ အဆိုပြိုင်ပွဲကျင်းပပေးခြင်း၊ stage show
ကျင်းပခြင်း၊ ရိုးရာ fashion show များပြုလုပ်ပေးခြင်း နှင့် အခြားအခြား
လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် ဆောင်ရွက်သွားမည်။)
Japang
Ra-awi အကြောင်း
ကေအမ်ဂျီဗဟိုကော်မတီမဖွဲ့စည်းနိုင်သေးသော်လည်း
Japang Ra-Awi သတင်းစာစောင်အား စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့်
သတင်းမီဒီယာအဖွဲ့ကို အောက်ပါအတိုင်း အရင်ဖွဲ့စည်းနှင့်ပြီဖြစ်သည်။ အမှုဆောင်များအား
လိုအပ်သလိုဖြည့်စွက် ပါဝင်စေမည်ဖြစ်သည်။
၁။
၂လတစ်ကြိမ် ထုတ်ဝေမည်ဖြစ်သည်။
၂။
အသင်း၏ဘဏ္ဍရေးတောင့်တင်းသောအခါ မှတ်ပုံတင်ရန်။
၃။
အစောင်ရေကို လိုအပ်သလိုထုတ်ဝေရန်။
၎။
ဈေးနှုန်းမသက်မှတ်ရသေးပေ။
၅။
နိုင်ငံရေး၊ဘာသာရေးကဏ္ဍထက် စီးပွားရေး၊လူမှုရေး၊ပညာရေးနှင့်အခွင့်အလမ်းသတင်း
များကိုပိုမိုဖော်ထုတ်ပြမည်။
Advisory Board
Bishop
Dr. A. Mang Lyn
Bishop : Chein
Eaung
Rev. Dr. Thang Bwee
Aung Kyaw
Salai Isaac Khen (Executive Director of GDI)
Sara Soe Thein
Rev. Pri Vawi
ဦးဗန်တလင်း (မောင်ပြည့်စုံ-အညတရ)
Rev. Hawi Bi
ဥပဒေအကြံပေး -ဦးပန်မင်း (Pan Min) - LLB
Rev. Dr. Thang Bwee
Aung Kyaw
Salai Isaac Khen (Executive Director of GDI)
Sara Soe Thein
Rev. Pri Vawi
အယ်ဒီတာအကြံပေးများ
မြကဗျာ ဦးဗန်တလင်း (မောင်ပြည့်စုံ-အညတရ)
Rev. Hawi Bi
ဥပဒေအကြံပေး -ဦးပန်မင်း (Pan Min) - LLB
Officer Team
Editor
: Ai Peter LawiLu
Joint Editor : Ai James San Aung
Ai Lyn Hawi
Correspondent Editor : Ai Maung Nyo
Circulating Manager : Ai Isaac Kyaw Htun Hla
Treasurer : Ai Robert Kyaw Min Htun
Awi
Esther Lawn Aung
IT (website) : itအရူးလေး
Report and Distribution :
1. Ai
Toe Myain
2. Ai
Aung Htin
3. Ai
Joshua
4.
Ai
Len Reng
5. Ai Khin Aung
6. Tin Naing Soe
7. Ai Kyaw Khin
8. Awi
Lei Lei Htun
9. Awi Ko Bi
9. Awi Ko Bi
Correspondent
reporters and Distributors
Palangvum ka- peng : Ai Lin Nang (leader)
Ai Hoi Kyaint (Assist. Leader)
Palangvum ka- peng : Ai Lin Nang (leader)
Ai Hoi Kyaint (Assist. Leader)
Ai Eaung Kai
Ai Thang
Ai Eaung Shein
Awi Eaung Ma Phyu ( Treasurer)
Awi Be Pui (Information)
Awi Kaw Li Htar
Ai Eaung Shein
Awi Eaung Ma Phyu ( Treasurer)
Awi Be Pui (Information)
Awi Kaw Li Htar
Sami Ka-peng : Ai Pre Su
Australia Ka- Peng : Ai Eaung Mo Len
Denmark Ka- Peng : Ai Hawi Sau
Malaysia ka- peng : Ai Lwin Lwin
Ai Sein Eaung
Bangladesh
ka-peng : Ai Lelung
India ka- peng : Ai Hla Htun
India ka- peng : Ai Hla Htun
Ai Chaw
Aung
USA ka- peng : Ai Pa Bawi
Ai Thang
Singapore Ka- peng : Ai Al Htun Naing
USA ka- peng : Ai Pa Bawi
Ai Thang
Singapore Ka- peng : Ai Al Htun Naing
Awi Lin Lin Khine
Philippine Ka- peng : Ai Maung Nyo
korea ka- Peng : Awi Ko Tym
Philippine Ka- peng : Ai Maung Nyo
korea ka- Peng : Awi Ko Tym
Thailand
Ka- peng : ??
Norway Ka- Peng : Aung Zoh
Norway Ka- Peng : Aung Zoh
မှတ်ချက်။ ။ ကျေးရွာတိုင်းတွင်ရှိသော ပညာတတ်များနှင့်
အုပ်ချုပ်သူများသည် ကေအမ်ဂျီ၏ သတင်းအင်အားစုပင်ဖြစ်သည်။
Japang
Ra-awi ဟုမှည့်ရခြင်း
ပလက်ဝနယ်တွင်
စာဖွဲ့၍မကုန်နိုင်လောက်သော အထင်ကရနေရာဒေသများစွာ ထဲမှ Japang Ra-awi ဟု
ထုတ်ဝေမည့်သတင်းစာကို အမည်ပေးရခြင်းမှာ နေရာဒေသကိုခွဲခြား၍ရွေးချယ်ခြင်းမဟုတ်ပေ။
အစတွင် ကီမို Ra-awi ဟုပေးရန်ဆွေးနွေးကြသော်လည်း ယနေ့ကီမိုအမြင်သစ် မဂ္ဂဇင်းပင်
ကျွန်တော်တို့ဖတ်နေရသည်မှာ အားလုံးအသိပင်။ သို့ဆိုလျှင် ကီမိုအမည်အား ထပ်သုံးပါက
ပလက်ဝနယ်တွင် အခြားအထင်ကရ နေရာများမရှိတော့ဘူးလား ဟုအများတွေးဆ ကောက်ယူနိုင်ပေမည်။
Japang သည် ဒေသခံတို့၏ စီးပွားရေး၊ သွားလာရေးအဘက်ဘက်အတွက် အရေးပါလှပါကြောင်းနှင့်
အကယ်၍ ကုလားတန်သာမရှိခဲ့လျှင် မီးချောင်း၊ပီချောင်း၊ ပလက်ချောင်း၊
ရှင်းလက်ချောင်း၊ အစရှိသော ချောင်းများလည်းလည်ပတ်မစီးဆင်းနိုင်သောကြောင်း
ကုလားတန်မြစ်ကို တန်ဖိုးထားသောအားဖြစ် Japang Ra-awi ဟုပေးရခြင်းဖြစ်သည်။ ခူမီးသတင်းစာဟု
ပေးမည်ဆိုပါက နောင်တွင်အခြားမီဒီများနှင့်နှီးနှောဖလှယ်ပွဲများ
မကျင်းပနိုင်ဟုမဆိုနိုင်ပေ။ ထိုအခါ
ခူမီးဟုလူမျိုးအမည်ကိုတိုက်ရိုက်အသုံးပြုခြင်းသည် တွင်ကျယ်မည်မဟုတ်ပေ။ ဤနာမည်မညှ့်ရခြင်းကြောင့်
အသံပေါင်းစုံကိုကြားခဲ့ရသည်။ သို့သော်ကေအမ်ဂျီ၏ အခြေခံမူမှာ အမှုဆောင်ကော်မတီ၏
အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်သည်။
လူမျိုးရေးလှုပ်ရှားရာတွင် နေရာဒေသစွဲရှိနေ၍တော့ လုပ်ငန်းတွင်ကျယ်မည်မဟုတ်သကဲ့သို့
လူမျိုးခြားတို့၏ လှောင်ပြောင်ခြင်းကို ခံရမည်မှာ အမှန်ပင်။
ဆောင်ပုဒ်။
ခူမီးလူမျိုး နှင့် ဌါနီ ကမ္ဘာနှင့်အညီ
တိုးတက်ပြောင်းလဲ အသက်ရှင်နေထိုင်နိုင်ရန်။
ရည်ရွယ်ချက်။
*ခူမီးသတင်းစုံလင်စွာရရှိ၊ ဖြန့်ဖြူးပေးနိုင်ရန်။
*ခူမီးဒေသ၏လှပမှု နှင့်
ခူမီးရိုးရာယဉ်ကျေးမှုကို ကမ္ဘာသူ/သားအားလုံးသိရှိစေရန်။
*ခူမီးမျိုးဆက်သစ်များ မိမိတို့
ရိုးရာယဉ်ကျေးမှုအပေါ် တန်ဖိုးထား၊ထိန်းသိမ်းလာစေရန်။
ဒီလှုပ်ရှားမှုတွေကို
အနှေးနှင့် အမြန်ဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ပြည်ပ
ခူမီးတစ်မျိုးသားလုံးစည်းလုံးဖို့လိုပါတယ်။ အခုကေအမ်ဂျီမှာ ဘဏ္ဍရေးခိုင်ခံ့လို့
လှုပ်ရှားနေတာမဟုတ်ပါဘူး။ ပါဝင်လှုပ်ရှားသူအားလုံးဟာ ကိုယ်ကျိုးစွန့်သူတွေချည်းပါပဲ။
ဥပမာ-ကားခ၊ဖုန်းဖိုး၊လက်ဖက်ရည်ဖိုး အစအစရှိတဲ့ ကေအမ်ဂျီလှုပ်ရှားမှုအတွက်
ကုန်တဲ့ငွေတွေကိုလည်း ကေအမ်ဂျီက မစိုက်ပေးနိုင်ဘူး။ ဒီတော့ ကျွန်တော်စိုးရိမ်တာက
ကေအမ်ဂျီအမှုဆောင်အဖွဲ့ ဘယ်သူက ဘယ်အချိန်အထိ၊ အခုလို ကိုယ်ကျိုးစွန့်
ရပ်တည်နိုင်မလဲ။ ခူမီးလူမျိုးအတွက် ကိုယ်ကျိုးစွန့်လှုပ်ရှားရင်း မိသားစု
အဆင်မပြေတာတွေဖြစ်သွားမှာကိုလည်းမလိုလားဘူး။ ဒါပေမဲ့ ကေအမ်ဂျီဟာ
မျိုးချစ်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်
လုံးဝပျက်စီးသွားမှာမဟုတ်ဘူးဆိုတာကိုတော့ ရဲရဲကြီးအာမခံရဲပါတယ်။ ကေအမ်ဂျီနဲ့
ခူမီးလူမျိုးကိုချစ်ကြောင်းသက်သေပြရင်း
စည်းစည်းလုံးလုံးပါဝင်လှုပ်ရှားကြပါစို့လို့လည်း တိုက်တွန်းလိုက်ရပါတယ်။
အားလုံးကိုအထူးကျေးဇူးတင်ပါသည်။ (ဆက်လက်ရေးသားဖော်ပြသွားမည်)
Editor
email : khumimediagroup@gmail.com
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။