skip to main |
skip to sidebar
သင်အားငယ်နေစရာ မလိုတော့ပါ
၁။ တစ်ယောက်သောသူက သင့် အဖြစ်ကို ဂုဏ်ယူနေတယ် ၂။ တစ်ယောက်သောသူက သင့် အကြောင်းကိုတွေးနေတယ် ၃။ တစ်ယောက်သောသူက သင့်ကို ဂရုတစိုက်ရှိနေတယ် ၄။ တစ်ယောက်သောသူက သင့်ကို လွမ်းနေတယ် ၅။ တစ်ယောက်သောသူက သင့်ကို စကားပြောချင်နေတယ် ၆။ တစ်ယောက်သောသူက သင့်လက်ကို အသာ ဆုပ်ကိုင်ပေးချင်နေတယ် ၈။ တစ်ယောက်သောသူက သင့်ကို ပျော်ရွှင်စေချင်တယ် ၉။ တစ်ယောက်သောသူက သင့်ကို အမှတ်တရ လက်ဆောင်လေးတွေ ပေးချင်နေတယ် ၁၀။ တစ်ယောက်သောသူက သင့်ကို ပွေ့ဖက်ချင်နေတယ် ၁၁။ တစ်ယောက်သောသူက သင့်ကို ချစ်နေတယ် ၁၂။ တစ်ယောက်သောသူက သင့် အကြောင်းတွေကိုတွေး ပြီး ပြုံးပျော်နေတယ် ၁၃။ တစ်ယောက်သောသူက သင့်ကို ကာကွယ် စောင့်ရှောက်ပေးချင်တယ် ၁၄။ တစ်ယောက်သောသူက သင့်ရဲ့ စိတ်ထားတွေကို တန်ဖိုးထားနေတယ် ၁၅။ တစ်ယောက်သောသူက သင်နဲ့ အတူရယ်မော နေချင်တယ် ၁၆။ တစ်ယောက်သောသူက သင့်ကို သူဘယ်လောက်ထိ ဂရုစိုက်မြတ်နိုးရတယ်ဆိုတာ ပြောပြချင်တယ် ၁၇။ တစ်ယောက်သောသူက သင့် အတွက် ဘာမဆိုလုပ်ပေးချင်တယ် ၁၈။ တစ်ယောက်သောသူက သင့်ရဲ့ အချစ်ဟာ အခြေအနေပေါ် မမူတည်ဘူးဆိုတာ သိချင်နေတယ် ၁၉။ တစ်ယောက်သောသူက သင့်ရဲ့ ခွင့်လွတ်နားလည်ပေးခြင်း အတွက် ကျေးဇူးတင်နေတယ် ၂၀။ တစ်ယောက်သောသူက သင့်ရဲ့ ပခုံးကိုမှီပြီး ငိုချင်တယ် ၂၁။ တစ်ယောက်သောသူက သင့်ကို လိုလားတောင့်တနေတယ် ၂၂။ တစ်ယောက်သောသူက သင်နဲ့ အတူနေပြီး ရင်ဖွင့်ချင်တယ် ၂၃။ တစ်ယောက်သောသူက သင်နှစ်သိမ့်တာကို ခံယူချင်တယ် ၂၄။ တစ်ယောက်သောသူက သင့်ကို ခိုးခိုးကြည့်နေတတ်တယ် ၂၅။ တစ်ယောက်သောသူက သင်နဲ့ တစ်သက်လုံးလက်တွဲသွားချင်တယ်… …..သင်ဘာလိုသေးလဲ…။ စွမ်းထက်မောင် (သဇင်မြေ)
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။