![]() |
ပလက်ဝမြို့ကို ကုလားတန်မြစ်ပေါ်မှ တွေ့ရစဉ်။ |
ရန်ကုန်၊ ဇူလိုင် ၁၆။
အနာဂတ်သစ်တစ်ခု ခူမီးလူမျိုးအတွက်ပေါ်ထွန်းလာပြီဟု ထင်မြင်မိသည်။
ခူမီးလူမျိုးထဲတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး များများမရှိခဲ့ပါ။
ယခုလက်ရှိ ပလက်ဝမြို့နယ်၏ အုပ်ချုပ်ရေးမှူးမှာ ဗမာလူမျိုးသာဖြစ်သည်။
လူမျိုးခြားဖြစ်သောကြောင့် ပလက်ဝမြို့နယ်အရေးကို ဆောင်ရွက်ရန်
လစ်ဟသည်ဟုတော့ မဆိုလိုပေ။ သို့သော် ဒေသခံများ၏ လိုအပ်ချက်နှင့်
တစ်ထပ်တည်းကျနိုင်ရန်မူ ပလက်ဝမြို့နယ်တွင် နေထိုင်သူလူများစု ခူမီးတို့၏
အလိုအရ ခူမီးလူမျိုးတစ်ဦးဦးမှ အုပ်ချုပ်ရေးမှူးတာဝန်ကို ယူသင့်ကြောင်း
သိနားလည်ရသည်။
ဤလိုအပ်ချက်အား ဖြည့်ဆည်းနိုင်တော့မည်
ဖြစ်ကြောင်းမနေ့ကပဲ သတင်းကောင်း ရရှိခဲ့သည်။ ယခင်ကျောက်ဆည်မြို့နယ်
ဒုအုပ်ချုပ်ရေးမှူး တာဝန်ကိုထမ်းဆောင်ရာမှ မကြာသေးခင်ရက်ပိုင်းအတွင်း
ကောလင်းမြို့သို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သူ ခူမီး၊ချင်းလူမျိုး
ဦးဆလွန်းနှင့် ဒ်ါနှင်းလုံးတို့၏သား ဦးကိုးအောင်
သည်မကြာခင်ရက်ပိုင်းအတွင်း ပလက်ဝတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးကိုးအောင် သည် ပလက်ဝမြို့သားတစ်ဦးဖြစ်သည်။ ဦးကိုးအောင်အား
အင်တာဗျူးလုပ်နိုင်ရန် ကေအမ်ဂျီမှ စီစဉ်နေလျှက်ရှိသည်။ မိမိတို့
ပလက်ဝမြို့အတွက် မကြာခင်ခူမီးအုပ်ချုပ်ရေးမှူး ဖြစ်လာတော့မည့်
ဦးကိုးအောင်အားလည်း ကေအမ်ဂျီမှ ၀မ်းမြှောက်ဝမ်းသာကြိုဆိုဂုဏ်ပြုပါကြောင်း တင်ပြလိုက်ပါသည်။
ခူမီးလူမျိုးထဲတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး များများမရှိခဲ့ပါ။ ယခုလက်ရှိ ပလက်ဝမြို့နယ်၏ အုပ်ချုပ်ရေးမှူးမှာ ဗမာလူမျိုးသာဖြစ်သည်။ လူမျိုးခြားဖြစ်သောကြောင့် ပလက်ဝမြို့နယ်အရေးကို ဆောင်ရွက်ရန် လစ်ဟသည်ဟုတော့ မဆိုလိုပေ။ သို့သော် ဒေသခံများ၏ လိုအပ်ချက်နှင့် တစ်ထပ်တည်းကျနိုင်ရန်မူ ပလက်ဝမြို့နယ်တွင် နေထိုင်သူလူများစု ခူမီးတို့၏ အလိုအရ ခူမီးလူမျိုးတစ်ဦးဦးမှ အုပ်ချုပ်ရေးမှူးတာဝန်ကို ယူသင့်ကြောင်း သိနားလည်ရသည်။
ဤလိုအပ်ချက်အား ဖြည့်ဆည်းနိုင်တော့မည် ဖြစ်ကြောင်းမနေ့ကပဲ သတင်းကောင်း ရရှိခဲ့သည်။ ယခင်ကျောက်ဆည်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး တာဝန်ကိုထမ်းဆောင်ရာမှ မကြာသေးခင်ရက်ပိုင်းအတွင်း ကောလင်းမြို့သို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သူ ခူမီး၊ချင်းလူမျိုး ဦးဆလွန်းနှင့် ဒ်ါနှင်းလုံးတို့၏သား ဦးကိုးအောင် သည်မကြာခင်ရက်ပိုင်းအတွင်း ပလက်ဝတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မ
ဦးကိုးအောင် သည် ပလက်ဝမြို့သားတစ်ဦးဖြစ်သည်။ ဦးကိုးအောင်အား အင်တာဗျူးလုပ်နိုင်ရန် ကေအမ်ဂျီမှ စီစဉ်နေလျှက်ရှိသည်။ မိမိတို့ ပလက်ဝမြို့အတွက် မကြာခင်ခူမီးအုပ်ချုပ်ရေးမှူး ဖြစ်လာတော့မည့် ဦးကိုးအောင်အားလည်း ကေအမ်ဂျီမှ ၀မ်းမြှောက်ဝမ်းသာကြိုဆိုဂုဏ်ပြ
+ မှတ်ချက် + 1 မှတ်ချက်
သတင်းကောင်းပါပဲ ......
တရားစီရင်ရေး၊ တရား ဥပဒေစိုးမိုးရေး အပိုင်းမှာလဲ ပလက်ဝ ဟာ အတော်
လိုသေးတယ်လို့ ထင်မိပါတယ် ..၊။
သူငယ်ချင်းတို့ သိကြတယ်မို့  လား ? လောင်းကဒူး ရွာ က ကလေးတစ်ယောက်ကို ဗီဒီယို ကြည့်တာ ပိုက်ဆံ မပေးလို့ ဆိုပြီး သေတဲ့ထိ ဗီဒီယို ရုံပိုင်ရှင်က အသေသတ် တဲ့အမူ့  ၊့ ကျွန်းသစ်တွေ တရားမ၀င် ထုတ်လုပ် မူ့ နဲ့ အကျဉ်းကျနေတဲ့ သစ်စက်ပိုင်ရှင် (နာမည်တော့မေ့နေပြီ) တို့ ကို နမူနာကြည့်နိုင်ပါတယ် ။
ကလေးတစ်ယောက်ကို သေတဲ့ထိ ကန်ကျောက် တဲ့ ဗီဒီယိုရုံပိုင်ရှင် ကတော့ ထောင်မကျပဲ အရပ်ဝတ်နဲ့ သူ့ အိမ်မှာပဲ အေးအေးဆေးဆေး နေရတယ် ။ သစ်စက်ပိုင်ရှင်ကျပြန်တော့လဲ ရဲသားဘော်ဒီဂတ် ၂ ယောက်နဲ့ အရပ်အ၀တ်အစားတွေဝတ်ပြီး စီးပွားရေးလုပ်ငန်းကိုကိုယ်ကိုင် စီမံ သွားလာနေတာ အံ့သြလို့ တောင်မဆုံးဘူးဗျာ ...။
ဒီလိုမျိုး တရားဥပဒေ ငွေ နဲ့ ပေါက်ပြီး လက်တစ်လုံးခြားလုပ်စားနေတာ ပြည်သူတွေအတွက် အလွန်နစ်နာလှပါတယ် .။
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။