အေး..ဒီနှစ်လည်းအဲဒီခေတ်ကိုပြန်ရောက်နေပြီတဲ့။ “သရက်သီးအ၀ယ်သည် ရခိုင်ဒိုင်တွေ
မလာတာကြောင့် သရက်သီးတွေ ပုံအောပြီးပုပ်ပျက်နေတယ်”လို့ မကြာသေးခင်ကပဲ ပလက်ဝကအလည်ပြန်လာတဲ့
လူမျိုးခြားတစ်ယောက်က ပြောသွားခဲ့တယ်။
“ဒီလိုဖြစ်ရတာ ပလက်ဝဒေသခံတွေကိုယ်တိုင်
ဒီသရက်သီးတွေ အလဟသ
ဖြစ်မသွားအောင် နည်းပညာတွေရှာပြီးလုပ်သင့်ပြီ။ နောက်ပြီး ရခိုင်အ၀ယ်ဒိုင်တွေမလာတာနဲ့ သရက်သီးရောင်းမရလို့ ဒီလိုအလဟသ ဖြစ်ရတယ်ဆိုတာမရှိရအောင် ဒေသခံတွေကိုတိုင် တိုက်ရိုက်ဝယ်ယူသူတွေရဲ့ မားကတ်အထိ ထိုးဖောက်ရောင်းချသင့်တယ်” လို့ လူမှုရေးခေါင်းဆောင်တစ်ဦးက ပြောသွားခဲ့တယ်။

အခုလိုသရက်သီးရောင်းမထွက်ဒါကတော့ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ပြသနာရဲ့
ကယက်ရိုက်ခက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ “ဒီနှစ်သရက်သီးစီးပွားရေးသမားတွေ အရှုံးပေါ်နေမှာတော့
အသေအချာပဲ” လို့ထပ်မံဖြည့်စွပ်ပြောဆိုသူကတော့ ကျွန်တော့်ဘေးနားက သူငယ်ချင်းတစ်ယောက်ပဲဖြစ်ပါတယ်။
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။