အမေရိကန်နှင့် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ စတင် လျှော့ခပြီး
စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ချေ
ရှိသည့် သတင်းများ ထွက်ပေါ်လာနေချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာသုံး ခရက်ဒစ်ကဒ်များ လက်ခံသုံးစွဲခွင့်
ပြုတော့ မည် ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၁၃မှ စတင်ကာ ပြည်တွင်းသို့ လာရောက် လည်ပတ်ကြမည့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် နိုင်ငံ တကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည့် ဗီဇာကဒ် Visa Credit Card ၊ ဂျပန်နိုင်ငံသုံး ဂျေစီဘီ ကဒ် Japan Credit Bureau (JCB) Credit Card နှင့် တရုတ်နိုင်ငံသုံး စီယူပီ ကဒ် China Union Pay (CUP) Credit Card သုံးမျိုးကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိကဘဏ် သတင်း ရပ်ကွက်များက ဆိုသည်။
အဆိုပါ နိုင်ငံတကာ ခရက်ဒစ်ကဒ် စနစ်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်၏ MPU (Myanmar Payment Union) စနစ်လုပ်ခွင့် ရ အဖွဲ့ဝင် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်က လုပ်ကိုင်ခွင့် ရသွားခြင်းဖြစ်ပြီး ယင်းဘဏ်များနှင့် ချိတ်ဆက် ထားသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် ငွေပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါ နိုင်ငံတကာ ခရက်ဒစ်ကဒ်များသုံးစွဲခွင့်ကို လက်ခံပေးမည့် ဘဏ်များသည် ပြည်တွင်းရှိ စူပါ မားကတ်များ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များအစရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်း သဘော ချိတ်ဆက်မှုများကို လာမည့် လအနည်းငယ်အတွင်း စတင်ဆောင်ရွက်သွားတော့မည်ဟုလည်း သိရသည်။
ဗဟိုဘဏ်၏ ခွင့်ပြုချက်ရ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းဖွံ့ ဖြိုး မှုဘဏ်၊ CB ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြဝတီ ဘဏ်တို့ ပါဝင်ကြောင်း သိရသည်။
Ref: Irrawaddy News

Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။