ပလက်ချောင်းကူတိုးလေလံပြသနာ ဖြေရှင်းရန်ရောက်လာသော လူကြီးများအဆုံးအဖြတ်မပေးနိုင်ပဲ ပြန်လည်ထွက်ခွါ

Monday, August 13, 20121မှတ်ချက်


ပလက်ဝ၊ သြဂုတ် ၁၄--------ချင်းပြည်နယ်၊ပလက်ဝသို့  ၇-၈-၂၀၁၂ နေ့မွန်းလွဲ ၂း၃၀ခန့်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့သော ချင်းပြည်နယ်၊ ပြည်နယ် စည်ပင်ညွန်မှူး နှင့် ပြည်နယ်စည်ပင်ဦးစီးအရာရှိတို့ သည် ၁၀. ၈.၂၀၁၂နေ့ ဒေသစံတော်ချိန် နံနက် (၆း၂၀) နာရီတွင် ပလက်ဝမြို့မှ စက်လှေဖြင့် ပြန်လည်ထွက်ခွာသွားပါသည်။

၎င်းတို့သည် သာယာဝ-ပလက်ဝချောင်းဝ- တွီကင်းဝ ကူးတိုးလေလံပြေးဆွဲခြင်းကိစ္စအပေါ် ဒေသခံ များ၏တိုင်တန်းခြင်းပြသနာကိုဖြေရှင်းရန် လာရောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပလက်ချောင်းကူတိုးလေလံအကြောင်း တိုင်ကြားခြင်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလူကြီးမိဘတို့နှင့်တွေ့ဆုံမေးမြန်းခဲ့သည်ဟုသတင်းရရှိသည်။

သို့သော် ၄င်းဖြစ်စဉ်ကို(ချင်း) ပြည်နယ်ညွန်မှူးကိုယ်တိုင်မဖြေရှင်းပေးနိုင်သောကြောင့်၊ ချင်းပြည်နယ်ဝန်ကြီးများနှင့် တွေ့ဆုံသောအခါတွင် ဆွေးနွေးဖြေရှင်းပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Khu Teicha

Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
15 August 2012 at 03:57

ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းကသိပြီးသားပါ ။ ဒါတွေက ခုမှထဖြစ်တာမှမဟုတ်တာ ပြည်သူတွေ ကို ဂရုစိုက်ချင်ယောင်ဆောင်ပြီး မြို့ နယ်တာဝန်ရှိသူတွေဆီက လက်ထိုးငွေလာယူတာပဲလေ ။ ဒါကို အဟုတ်မှတ်လို့ ယုံမိရင် ကိုယ်တို့ ပဲနစ်နာတာပေါ့ ။ ကင်ချောင်း ကူတိုး ကိစ္စလေးလဲထည့်ရေးပါအုံး ။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger