ငယ်စဉ်ဘ၀ ။ ။ ဦးလှဝင်းအား ၁၉၄၈-ခုဒီဇင်ဘာ ( ၁၅) ရက်နေ့ပလက်ဝမြို့နယ်ကက္ကူးဝကျေးရွာတွင်
(အဘ) ဦး ( အမိ) ဒေါ် တို့မှမွေးဖွားသည်။ ဦးလှဝင်းသည်စစ်တွေ
မြို့အမှတ် ( ၁) အခြေခံပညာအထက်တန်းကျောင်းမှအခြေခံပညာအထက်တန်းစစ်မှ
အောင်မြင်ခဲ့သည်။
အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်
ဦးလှဝင်းသည်အသက်မွေးဝမ်းကျောင်းအဖြစ်ဥယျာဉ်ခြံမြေလုပ်ငန်းဖြင့်လုပ်ကိုင်စား
သောက်ခဲ့သည်။
နိုင်ငံရေးနှင့်အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ခြင်း
ဦးလှဝင်းသည်အောက်ပါတာဝန်များကိုထမ်းဆောင်ခဲ့သည်။
(၁) ပါတီစိတ်အတွင်းရေးမှူးမြို့မရပ်ကွက် ၊ ပလက်ဝမြို့
(၂) အတွင်းရေးမှူးဒလက်မေရွာအုပ်စုလုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီ ( ၁၉၇၂-ခုမှ
၁၉၇၄-ခုအထိ)
( ၃) မြို့နယ်ပြည်နယ်ကောင်စီဝင် ( အချိန်ပိုင်း ) ပထမအကြိမ် ၊ မြို့နယ်ပြည်သူ့ကောင်စီ ပလက်ဝ
မြို့နယ် ( ၁၉၇၄-ခုမှ၁၉၇၈-ခုအထိ)
(၄) အဖွဲ့ဝင် ၊ ဒုတိယအကြိမ် ၊ မြို့နယ်ပြည်သူ့ကောင်စီ ၊ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ၊ ပလက်ဝမြို့နယ်
( ၁၉၇၈-ခုမှ၁၉၈၁-ခုအထိ)
(၅) ဥက္ကဌ ၊ တတိယအကြိမ် ၊ မြို့နယ်ပြည်သူ့ကောင်စီ ၊ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ၊ ပလက်ဝမြို့နယ်
( ၁၉၈၁-ခုမှ၁၉၈၄-ခုအထိ)
( ၆) ဥက္ကဌ ၊ တတိယအကြိမ် ၊ မြို့နယ်ပြည်သူ့ကောင်စီ ၊ အလုပ်အမှုဆောင်အဖွဲ့ ၊ ( နိုင်ငံတော်
ကောင်စီဝန် ) ( ၁၉၈၅-ခုမှ၁၉၈၈-ခုအထိ)
( ၇) ဥက္ကဌ ၊ စတုတ္တအကြိမ် ၊ မြို့နယ်ပြည်သူ့ကောင်စီ ၊ အလုပ်အမှုဆောင်အဖွဲ့ ၊ ပလက်ဝမြို့နယ်
( ၁၉၈၅-ခုမှ၁၉၈၈-ခုအထိ)
(၈) ဥက္ကဌ ၊ မြို့နယ်တောင်သူလယ်သမားအစည်းအရုံး ၊ ပလက်ဝမြို့နယ် ( ၁၉၈၅-ခုမှ၁၉၈၈-ခုအထိ)
(၉) ညီလာခံကိုယ်စားလှယ်နှင့်သဘာပတိအဖွဲ့ဝင် ၊ တတိယအကြိမ် ၊ ဗဟိုတောင်သူလယ်သမား
ကောင်စီညီလာခံ ၊ ရန်ကုန်မြို့ ။
လူမှုရေးနှင့်သာသနာရေးလုပ်ငန်းဆောင်ရွက်ချက်များ
ဦးလှဝင်းသည်အောက်ပါလူမှုရေးနှင့်သာသနာရေးလုပ်ငန်းကိုတာဝန်ယူဆောင်ရွက်ခဲ့သည်။
(၁) တွဲဖက်အကျိုးတော်ဆောင် ၊ ဥဿလင်းစေတီတော်တည်ဆောက်ရေးဂေါပကအဖွဲ့၊ ပလက်ဝမြို့
နယ် ( ၁၉၉၀-ခုမှ၁၉၉၉-ခုအထိ)
(၂) ဥက္ကဌ ၊ ကုန်းတော်စေတီတော်ဂေါပကအဖွဲ့ ( ၁၉၉၃-ခုမှယနေ့အထိ)
ယခုအခြေအနေ
ယခုအခါပလက်ဝမြို့နယ် ၊ ကက္ကူးဝရွာတွင်အေးချမ်းစွာလုပ်ကိုင်စားသောက်လျှက်ရှိသည်။

Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။