ခူမီးလူမျိုးတို့တွင် တိကျခိုင်မာတဲ့မဟာပျူဟာနှင့် နည်းပျူဟာရှိသင့်ပြီ

Sunday, August 12, 20120 မှတ်ချက်

ခူမီးလူမျိုးများအား ခူမီးလူမျိုးကိုချစ်သလားမေးရင် အားလုံးကခူမီးလူမျိုးအတွက် သေရဲတယ်လို့ဖြေကြမှာ သေချာတာဘဲ။ ဒါပေမဲ့ ခူမီးလူမျိုးအတွက်သေတဲ့အထိ
အလုပ်လုပ်ပါ့မယ်လို့ဖြေတဲ့သူက ရှားရှားပါးပါးဖြစ်မှာဘဲ။

ဘာ့ကြောင့်အဲသလို ဖြေရသလဲ၊ အဲသလိုဖြေရခြင်းရဲ့အကြောင်းရင်းက ဘာကြောင့်လဲဆိုရင် ကျနော်တို့ခူမီးလူမျိုးမှာ အမျိုးသားရေးနှင့်နိုင်ငံရေးတွင် ခိုင်မာတိကျတဲ့မဟာပျူဟာနှင့် နည်းပျူဟာမရှိလို့ဖြစ်ပါတယ်။ အဲသလိုမရှိခြင်းရဲ့အကျိုးဆက်ဟာ ယနေ့ခူမီးလူငယ်များသည် အမျိုးသားရေးနှင့်နိုင်ငံရေးကို ဘယ်လိုလုပ်ရမှန်းမသိဖြစ်ကြသလို၊ လုပ်တဲ့သူတွေလည်းပဲ
အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့လမ်းပျောက်နေကြတယ်။

ဒါနဲ့ကျနော်တို့ခူမီးလူမျိုးမှာ အမျိုးသားရေးနှင့်နိုင်ငံရေးတွင် ခိုင်မာတိကျတဲ့မဟာပျူဟာနှင့် နည်းပျူဟာရှိဖို့လိုအပ်တယ်။ အဲလိုရှိမှသာလျှင်  ယနေ့ခူမီးလူငယ်များသည် အမျိုးသားရေးနှင့်
နိုင်ငံရေး လမ်းမှန်ပေါ်မှာလျှောက်လှမ်းနိုင်ပြီး၊ အမျိုးသားရေးတာဝန်နှင့်သမိုင်းပေးတာဝန်ကို ကျေပြွန်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ခိုင်မာတိကျတဲ့ မဟာပျူဟာနှင့်နည်းပျူဟာကို အကောင်အထည်ဖော်မယ့်နေရာမှာ အသေးစိတ်ပုံစံ( blueprint) ဆိုတာရှိဖို့ အထူးလိုအပ်ပါတယ်။ အဲလိုအသေးစိတ်ပုံစံ( blueprint) အပေါ်မှာ လုပ်ငန်းအကောင်အထည်ဖော်မှသာလျှင် မိမိတို့မျှော်မှန်းတဲ့ အမျိုးသားရေးနှင့်နိုင်ငံရေး အောင်မြင်မှုဆိုတာ ဧကန်မုချရရှိလာမည်ဖြစ်သည်။

အဲဒီခိုင်မာတိကျတဲ့ မဟာပျူဟာနှင့်နည်းပျူဟာကို ချမှတ်နိုင်ဖို့အတွက် ခူမီးနယ်ရှိ ခူမီးဝန်ထမ်းများ၊ ခူမီးလူမှုအဖွဲ့အစည်းများ၊ ခူမီးကုန်သည်များ၊ NGO ရှိခူမီးများ၊ ခူမီးဘာသာရေးဘက်
ုဂ္ဂိုလ်များ၊ ခူမီးရပ်မိရပ်ဖလူကြီးများစသည်ဖြင့် စုပေါင်းပါဝင်တဲ့ အစည်းအဝေကြီးတရပ် ပြုလုပ်သင့်ပါတယ်။ အဲဒီအစည်းအဝေးကြီးတွင် မိမိတို့ခူမီးနယ် မြို့နယ်ရသည်မှာ နှစ်ပေါင်း
၁၃၆ တိုင်တိုင်ရှိခဲ့ပြီး၊ မည်သို့ကြောင့်ချင်းပြည်နယ် ၉ မြို့နယ်ထဲတွင် အဆင်းရဲဆုံးနှင့်မဖွံ့ဖြိုး၊ မတိုးတတ်ဆုံးမြို့နယ်ဖြစ်ရသလဲဆိုတဲ့ မေးခွန်းအပေါ်မှာဆွေးနွေးကာ အချက်အလက်များ
ရှာဖွေပြီး အဖြေရှာရမှာဖြစ်တယ်။ အဲဒီအစည်းအဝေးကြီးမှရလာတဲ့ အချက်အလက်၊ အဖြေပေါ်အခြေခံပြီး၊ ခိုင်မာတိကျတဲ့မဟာပျူဟာနှင့် နည်းပျူဟာကို ချမှတ်ဖို့လိုအပ်ပါသည်။

ထို့ကြောင့် မိမိတို့ခူမီးလူမျိုးအနေဖြင့် အမျိုးသားရေးနှင့်နိုင်ငံရေးလုပ်ရာအောင်မြင်မှုရရှိနိုင်ဖို့အလို့ဌာ တိကျခိုင်မာတဲ့မဟာပျူဟာနှင့် နည်းပျူဟာကိုချမှတ်နိုင်အောင်
ကြိုးစားအားထုတ်ကြပါစို့လို့ တိုက်တွန်းရင်း။ ။

Bawibawi y kawm p'rai.

Ngai p'rai nai my,
                          Ai Eaung Mo Len Theingri
                          Australia
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger