ရန်ကုန်၊ အောက်တိုဘာ ၃-----ချင်းအမျိုးသားပါတီ (CNP) မှ ဖိတ်ခေါ်ခြင်းခံရသော
ပလက်ဝမြို့နယ်မှ စိတ်ဝင်စားသူ လူငယ်ကိုယ်စားလှယ်တစ်ဦးအား
အပြီးသတ်ရွေးချယ်လိုက်ပြီဟု သတင်းရရှိသည်။
လွန်ခဲ့သော ၃-၄ရက်တွင် ချင်းအမျိုးသားပါတီ (CNP)မှ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၃လကြာသင်တန်းတက်ရောက်မည့် ပလက်ဝမြို့နယ်ကိုယ်စားလှယ်
စိတ်ဝင်စားသူ လူငယ်တစ်ဦး အလိုရှိကြောင်း အကြောင်းကြားခဲ့သောကြောင့်
သက်ဆိုင်ရာလူငယ်ခေါင်းဆောင်များမှ အိုက်ရောဘတ်တွီလင်းကို ရွေးချယ်လိုက်ကြောင်း
သတင်းရရှိသည်။
အိုက်ရောဘတ်တွီလင်းကို ရွေးချယ်ရခြင်းနှင့်ပတ်သတ်၍
လူငယ်အမှုဆောင် အိုက်ပီတာလွယ်လူးမှ ပြောသည်မှာ သွားရောက်မည့်သူ၌ရှိအပ်သော
အရည်အချင်းသတ်မှတ်ချက်များအရဖြစ်ကြောင်း၊ စာရင်းပေးသွင်းရမည့်
အချိန်တိုတောင်းခြင်းတို့ကြောင်း စသည်ဖြင့်ပြောသည်။
“တက်နိုင်သလောက်ကြော်ငြာပါတယ်။
အမြန်ဆုံးနာမည်စရင်းသွင်းရမယ်။ အင်္ဂလိပ်စကားပြောတတ်ရမယ်၊ အသက် ၃၅ နှစ်အောက်ဖြစ်ရမယ်၊
စိတ်ဝင်စားသူဖြစ်ရမယ်၊ နိုင်ငံရေးအကြောင်း နည်းနည်းပါးပါးနားလည်သူဖြစ်ရမယ်၊ ဘွဲ့ရပြီးသူဖြစ်ရမယ်
ဆိုတဲ့အချက်တွေကြောင့် အိုက်ရောဘတ်ကို ရွေးချယ်လိုက်တာပါ..။ နောက်ထပ် လူတွေစေလွှတ်နိုင်ဖို့
စီစဉ်နေပါတယ်..။ အခွင့်အရေးရရင်၊ ရသလိုပေါ့” ဟုကေအမ်ဂျီသို့ပြောသည်။
အခုကဲ့သို့ သွားရောက်ရန်အရမ်းစိတ်ဝင်စားကြောင်း
အိုက်ရောဘတ်မှလည်းပြောသည်။ “ ကိုယ်တိုင်က အရမ်းစိတ်ဝင်စားတာပါ၊
အခုလိုသွားရဖို့ဆိုတော့ အရမ်းကို ၀မ်းသာပါတယ်”ဟုခူမီးမီဒီယာသို့ဆိုသည်။
ခူမီးအမျိုးသားများထဲမှ ၂၀၁၂ခုနှစ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်တွင် နိုင်ငံရေးသင်တန်း တက်ရောက်ခဲ့သူများမှာ ဇွန်လတွင် အိုက်ပီတာလွယ်လူး၊ သြဂုတ်လတွင် အိုက်စောမြ နှင့် ယခုတစ်ခါ အိုက်ရောဘတ်တွီလင်းနှင့် ပေါင်းလျှင် ၃ယောက်ဖြစ်လာမည်ဖြစ်သည်။
ခူမီးအမျိုးသားများထဲမှ ၂၀၁၂ခုနှစ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်တွင် နိုင်ငံရေးသင်တန်း တက်ရောက်ခဲ့သူများမှာ ဇွန်လတွင် အိုက်ပီတာလွယ်လူး၊ သြဂုတ်လတွင် အိုက်စောမြ နှင့် ယခုတစ်ခါ အိုက်ရောဘတ်တွီလင်းနှင့် ပေါင်းလျှင် ၃ယောက်ဖြစ်လာမည်ဖြစ်သည်။
သင်တန်းကို နိုဝင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၃ လကြာမြင့်မည်ဖြစ်သည်။
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။