“ဟော့ဟဲ ….. ဟော့ဟဲ” မောလိုက်တာ။ မရောက်နိုင်သေးဘူးလား” လို့ ဘေးနားက အဒေါ်ကို
မျက်လုံးအ၀ိုင်းသားနဲ့ ဆယ်နှစ်သားလေး ကျွန်တော် မေးခွန်းထုတ်မိပါတယ်။ ကျောင်းသားမို့
တောင်ယာကို မရောက်ဖူးဘူး။ အဲဒီနေ့က ကောက်သစ်စားပွဲမို့ လိုက်သွားခဲ့တာပါ။ ဒီနေ့အပီကဲမယ်လို့
စိတ်ကူးထားတဲ့အတိုင်း တောင်ယာရောက်တော့ သူငယ်ချင်းတချို့ တွေနဲ့ ၀င်းဝါနေတဲ့
စပါးပင်တွေကြား တိုးလျိုးကစားခဲ့တယ်။ တော်ကြာမောဟိုက်တဲ့အခိုက်မှာ ယာတဲကိုသွားပြီး
လတ်လတ်ဆတ်ဆတ် ပြုထားတဲ့ပြောင်းဖူးပြုတ်ကို အတောင့်လိုက် တစ်ခုပြီးတစ်ခု ၀ါးပစ်တာ
ဘယ်ပြောကောင်းမလဲ။ ပြီးတော့ စပါးခင်းထဲလျှောက်သွားပြီး သခွါးသီးနုနုလေးတွေကို ခူးစားတယ်။
မျက်လုံးအ၀ိုင်းသားနဲ့ ဆယ်နှစ်သားလေး ကျွန်တော် မေးခွန်းထုတ်မိပါတယ်။ ကျောင်းသားမို့
တောင်ယာကို မရောက်ဖူးဘူး။ အဲဒီနေ့က ကောက်သစ်စားပွဲမို့ လိုက်သွားခဲ့တာပါ။ ဒီနေ့အပီကဲမယ်လို့
စိတ်ကူးထားတဲ့အတိုင်း တောင်ယာရောက်တော့ သူငယ်ချင်းတချို့ တွေနဲ့ ၀င်းဝါနေတဲ့
စပါးပင်တွေကြား တိုးလျိုးကစားခဲ့တယ်။ တော်ကြာမောဟိုက်တဲ့အခိုက်မှာ ယာတဲကိုသွားပြီး
လတ်လတ်ဆတ်ဆတ် ပြုထားတဲ့ပြောင်းဖူးပြုတ်ကို အတောင့်လိုက် တစ်ခုပြီးတစ်ခု ၀ါးပစ်တာ
ဘယ်ပြောကောင်းမလဲ။ ပြီးတော့ စပါးခင်းထဲလျှောက်သွားပြီး သခွါးသီးနုနုလေးတွေကို ခူးစားတယ်။
ရေမဆေးပဲ ပေနေတဲ့နေရာကို ဘောင်းဘီပေါ်သုတ်ပြီး တစ်လုံးပြီးတစ်လုံးစားလိုက်တော့ အောင်မလေး
ကောင်းလိုက်တဲ့အရသာဗျ ……။ ကလေးပီပီ ဒီလိုနေရာက ကမ္ဘာ့အသာအယာဆုံးနေရာလို့
ထင်တောင်ထင်မိတယ်။
တောင်ယာရောက်ကတည်းက ဆော့တာ ချွေးတွေတလူးလူးနဲ့ တောင်ယာနံဘေးက တောင်ကျ
ချောင်းကလေးထဲ သူငယ်ချင်းတစ်စု ပြေးသွားတယ်။ ၀ါးခြမ်းပြားပေါ်က ကျလာတဲ့တောင်ကျရေ
အေးအေးလေးကို အ၀တ်အစားမပါ လုယက်ခံချိုးနေခဲ့တယ်။ အေးလိုက်တဲ့ရေဗျာ။ ဘယ်လိုရေခဲ
သေတ္တာထဲက ရေခဲရေကို ချိုးလိုက်ရသလိုမျိုး ….ဟီး တခါတည်း မောဟိုက်မှုတွေ ပျောက်သွား
တော့တာပဲ။
ယာတဲရောက်တော့ ထမင်းကပြင်ထားပြီး စားဖို့အဆင်သင့်.။ တောင်ယာထမင်းက မွှေး
လိုက်တာအရမ်းပဲ။ နာမည်က ကောက်ပွီးတဲ့။ အိုဗျာ …… ဟင်းမပါတောင် သုံးပန်ကန်
လောက်ကတော့ အသားလေး လွဲလိုက်ရုံပဲ။ ဆာပါပြီဆိုနေမှ အနံ့ကလေးက တထောင်းထောင်းနဲ့
မွှေးနေတဲ့ ၀က်သားပြာရည် ဆန်မှုန့်ရောချက်ထားတဲ့ ရိုးရာဟင်း… အခေါ်က “Eu Mawi Paw Padei
Jai” ။ အခုနေ ရန်ကုန်က နာမည်ကြီးဟိုတယ်တွေမှာ ချက်ပြုတ်ရောင်းချရင် လက်မလည်နိုင်အောင်
ရောင်းရမှာအသေအချာပဲ။
ဘယ်လိုတွေလုပ်ထားလဲမသိ။ ၀က်အူထဲမှာ ကောက်ညှင်း၊ ၀က်သွေး၊ ဂျင်းရွက်နုနုနှင့် တခြား
တန်ဆာပလာတွေနဲ့ ရောပြီးချက်ထားတဲ့ ၀က်အူဟင်း …..။ အားလားလား …… ပြောရင်းဆိုရင်း
သရည်တွေကျလာပြီး။ အချက်အပြုတ်နဲ့ပတ်သက်ပြီး လူအယောက်ငါးဆယ်လောက်က ပေါတယ်၊
လေးတယ် တစ်ခွန်းမှမဟရအောင် ချက်တတ်တဲ့ ငါ့ဦးလေးကြီးလက်ရာကွ ။ ဒီလိုလူသာ ထမင်း၊
ဟင်းဆိုင်ဖွင့်လို့ကတော့ ဘယ်သူတွေအိမ်မှာ ထမင်းချက်စားချင်တော့မှာလဲ၊ ကျွန်တော်ပြောတာ
ထက်တောင် ဟုတ်သေးတယ်ဗျ။
ထူးကဲတဲ့ ဖက်ရွက်ပေါ်က ထမင်းဗျာ၊ ငါ့အဒေါ်လည်း ခေသူတော့မဟုတ်၊ သူ့လက်ရာပဲ
ကောင်းလို့လား။ ဖက်ရွက်ထမင်းကပဲ စားကောင်းလို့လားမသိ။ ပါးစပ်ထဲရောက်မှန်းတောင် မသိ
လိုက်ဘူး။ ထမင်းပုံတွေ တစ်ပုံပြီးတစ်ပုံ မျက်စိရှေ့ က ပျောက်သွားတယ်။ စားပြီးတဲ့ အရိုးတွေကို
တကိုးတကားစုပုံနေစရာမလိုဘူး ကြမ်းခင်းကြားက အောက်ကိုချလိုရုံပဲ။ အောက်မှာ အသင့်စောင့်
နေတဲ့ ဟောင်ကောင်အဆိုတော်တွေရှိတယ်။ ဒီကောင်တွေသစ္စာရှိချက်ကတော့ဗျာ အပေါ်ကနေ
အောက်ကိုချလိုက်ရုံတင် မြေပေါ်ကျမသွားစေရဘူး။ လေထဲမှာတင် ဖမ်းစားပြီးသား။ ဒီကောင်တွေကို သိုင်းသင်ပေးရင် မဆိုးလောက်ဘူးဟ ။
ဘယ့်နဲ့ဗျာ … ဘာကျောင်း ပလက်ဝမြို့ပေါ်မှာ နယ်ကနေအဆောင်နေ ကျောင်းလာတက်တဲ့
ကျောင်းသားတွေ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ရွာခဏခဏ ပြန်ချင်တာလဲလို့။ တရားခံက
ဒါကြောင့်ကိုး …….။ ဒီလိုတွယ်တာစရာကောင်းတဲ့ တောင်ပေါ်ကောက်သစ်ပွဲကို ဘယ်နယ်မြေ၊ ကမ္ဘာ
ရောက်ရောက် အမှတ်တမဲ့တော့ တမ်းတမိကြမှာပဲ။ ပြောရင်းဆိုရင်း ပြာရည်ဟင်းမစားရတာ
သုံးနှစ်ကျော်သွားပြီဖြစ်တဲ့ ငါ့ဗိုက်က ဆာလာပြီ။ တောင်ပေါ်က ကောက်သစ်စားပွဲကို ခဏသွားလိုက်
အုံးမှပဲ။ ဟေ့ ငါ့ကိုလန့်သွားအောင်တော့ မလုပ်နဲ့နော်။ ငါ့စိတ်ကူးယဉ် ဇိမ်ပျက်သွားလို့ကတော့ ……။
တောင်ပေါ်ကကောက်သစ်စားပွဲကို မမီပဲနေလေပါအုံးမယ်။
အိုက်ပီတာလွယ်လူး
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။